Ch.59: A Table for Four ( Part.1 )

12.1K 1.4K 60
                                    

Lu Tian Chen ဟာ အလုပ်စားပွဲထက်က စာရွက်စာတမ်းတွေကို ဖတ်ရူနေတုန်းပဲ ။ ရုံးခန်းထဲ စရောက်ခဲ့တဲ့ အချိန်ကနေ စတွက်လိုက်ရင် အချိန်က နှစ်နာရီကျော်ကျော်ရှိသွားပြီ ။ ဒါပေမယ့်လည်း ဖတ်ရူပြီးတဲ့ စာမျက်နှာက သုံးမျက်နှာပဲ ရှိနေသေးတယ် ။ လွန်ခဲ့တဲ့ နာရီဝက်တုန်းက ဖတ်နေတာ စာမျက်နှာသုံး ၊ နောက်နာရီဝက်ကြာတော့လည်း အဲ့ဒီ စာမျက်နှာသုံးကနေ ရှေ့ကို ဆက်မတက်နိုင်တော့ဘူး ။

Charles တစ်ယောက် Tang Feng ကို ရုံးခန်းထဲမှာ ခေါ်ထားပြီး စိတ်အာရုံမပျံ့လွင့်ပဲ အလုပ်တွေကို ဘယ်လိုမျိုး အာရုံစိုက် လုပ်ဆောင်နိုင်ခဲ့လဲဆိုတာ Lu Tian Chen အရမ်းပဲ သိချင်လာမိတယ် ။

Lu Tian Chen ဟာ ဦးခေါင်းကို အနည်းငယ်စောင်းငဲ့ပြီး သူနဲ့ သိပ်မနီးမဝေး အရပ်မှာရှိနေတဲ့ လူတစ်ယောက်ကို သုံးဆယ်နဲ့ခြောက်ကြိမ်မြောက် မသိမသာလေး ခိုးရိုးလိုက်တယ် ။ Tang Feng ဟာ ဘာဆူညံသံမှ မထွက်စေပဲ သူ့ကို အနှောက်ယှက်ပေးတာမျိုး မဖြစ်အောင် နေနေတယ် ဆိုပေမယ့်လည်း ဒီအမျိုးသားလေးဟာ ရုံးခန်းထဲ လမ်းပတ်လျှောက်ရတာကို တော်တော်လေးကို သဘောကျနေတဲ့ပုံပဲ ။ လမ်းလျှောက်တဲ့ အခါ ဆူညံသံထွက်လာမိမှာစိုးလို့ သူ့ရဲ့ ရူးဖိနပ်ကိုတောင် ချွတ်ထားသေးတယ် ။ ပြတင်းပေါက်ကနေ ဖြာဆင်းကျလာတဲ့ နေရောင်ခြည် အလင်းတန်းဟာ ဖြူဖျော့တဲ့ ခြေဗလာအစုံကို အလင်းဟပ်နေပြီး တွေ့မြင်လိုက်ရသူရဲ့ မျက်ဝန်းကို ရုတ်တရက် ကျိန်းစပ်သွားစေခဲ့တယ် ။

" ခင်ဗျား အစားကို စားရမယ့် အချိန်မှာ အချိန်မှန်မှန် စားပေးသင့်တယ် ။ မဟုတ်ရင် ခင်ဗျားရဲ့ အစာအိမ် ကြာလာရင် ဒုက္ခရောက်လိမ့်မယ် ။ "

Tang Feng ဟာ Lu Tian Chen ရဲ့ စားပွဲခုံပေါ် လက်နစ်ဖက် တင်ထားရင်း ပြောလိုက်တယ် ။ အခန်းထဲ ပတ်လျှောက်နေတယ်ဆိုတာ လျှောက်ချင်လို့ လျှောက်နေတာ မဟုတ်ပဲ ဗိုက်ဆာလို့ လျှောက်နေတာ ။ အရိပ်ပြလို့ အကောင်မမြင်တဲ့ ပုဂ္ဂိုလ်ကြီးကို တဲ့တိုးပဲ ပြောလိုက်တော့တယ် ။

Lu Tian Chen ဟာ Tang Feng ကို မျက်စိတစ်ချက်ပင့်ကြည့်ပြီး မေးလိုက်တယ် ။

" ဒီလိုဆို cafeteria ကို သွားကြမလား ? "

" ရတယ်လေ ။ "

True Star (Myanmar Translation )Unde poveștirile trăiesc. Descoperă acum