Ch.49 : Eat You Up ( Part.2)

14.4K 1.3K 54
                                    


" မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်ကို ခြေထောက်တင်ရဲတဲ့ ပထမဆုံးလူပဲ ။ "

Charles ရဲ့ မျက်ဝန်းဟာ မှေးစင်းသွားတယ် ။ သူ့ရဲ့ နူတ်ခမ်းထောင့်စွန်းထက်မှာ သားရဲတစ်ကောင်လို အပြုံးတစ်စွန်းတစ်စ ထွက်ပေါ်နေလေတယ် ။ အဲ့ဒီစကား အဆုံးမှာ Tang Feng ဟာ သူ့ရဲ့ ခြေထောက်ကို ထပ်မြင့်မြင့် မြှောက်လိုက်ပြီးတော့ Charles ရဲ့ ပုခုံးပေါ်ကို တင်လိုက်လေတယ် ။ အခုဆိုရင် Tang Feng ရဲ့ ခြေတစ်ဖက်ဟာ အိပ်ရာထက်မှာ ရှိနေပြီး ကျန်တစ်ဖက်ကတော့ Charles ရဲ့ ပုခုံးထက်မှာ ရှိနေတယ် ။ လျော့ရဲရဲ ဖြစ်နေတဲ့ ရေချိုးဝတ်ရုံဟာ သူ့ရဲ့ ကိုယ်ခန္ဓာကို တစ်ဝက်တစ်ပျက်ပဲ ကာကွယ်ပေးထားနိုင်လေတယ် ။ ဒီမြင်ကွင်းဟာ Charles အတွက်တော့ ပြောပြစရာ စကားလုံး ရှာမရလောက်အောင် ဖြစ်ရတဲ့ ရင်ကို လိုက်မောဖွယ်ရာ မြင်ကွင်းတစ်ခုပဲ ။

" ခင်ဗျားဟာလေ တော်တော်ကို ဘဝင်မြင်တဲ့ လူစားမျိုးပဲ...သိလား ။ "

Tang Feng ရဲ့ အပြစ်တင်ပြောဆိုနေတဲ့ စကားလုံးတွေဟာ သာယာမိန်းမောဖွယ်ရာ ပြုစုယူယမူတွေရဲ့အောက်မှာ နူးညံ့ပျော့ပြောင်းသွားကုန်တယ် ။ Charles ဟာ သူ့ပုခုံးထက် တင်ထားတဲ့ ခြေထောက်ကို ကိုင်ယူပြီး ဖမိုးထက်ကို နမ်းရိုက်လေတယ် ။ Charles လက်ဖဝါးတွေနဲ့ သူ့ရဲ့ ခြေထောက်ကို ပွတ်သပ်ဆုပ်နယ်ပေးနေတာကို Tang Feng မငြင်းဆန်ပဲ လွှတ်ထားပေးလိုက်တယ် ။ တစ်ဖက်ကလူရဲ့ စိတ်အတွင်းထဲမှာတော့ မီးပုံတစ်ခုထဲ လောင်စာထပ်ဖြည့်လိုက်ပေးသလို ဖြစ်သွားတော့တာပဲ ။ ဘာအတွက်ကြောင့် ခုလို လုပ်ပေးနေမိတာလဲ ။ ဘာလို့ စိတ်ကို ထိန်းချုပ်လို့ မရတော့တာလဲ ။ အဲ့ဒီ ဘာလို့ဆိုတဲ့ အရာတွေ အားလုံး မြောင်းထဲ သွားလိုက်တော့ ။ အခုချိန် ဘာမှ အရေးမကြီးဘူး ။

Tang Feng အရင်ကတည်းက မှတ်ချက်ပေးခဲ့ဖူးသလိုပဲ Charles ဟာ အိပ်ရာထက်မှာ  အကောင်းဆုံး အရသာကို ပေးစွမ်းနိုင်တဲ့ ပါတနာကောင်းတစ်ယောက် ဖြစ်လေတယ် ။ နည်းပရိယာယ်မျိုးစုံ ပြည့်ဝကုန်စင်အောင် တက်ကျွမ်းပြီး တစ်ဖက်သားကို စိတ်ကျေနပ်မူ အပြည့်အဝရရှိအောင် စွမ်းဆောင်နိုင်တယ် ။

Charles ဟာ သူ့ရဲ့ ဆတ်ဆတ်ထိမခံတဲ့ နေရာမျိုးတွေကိုမှ ရွေးပြီး နမ်းရိုက်နေလေတယ် ။ သူ့ရဲ့ ခြေဖဝါးပြင် ၊ ခြေထောက်တွေ ၊ ပေါင်အတွင်းသား နေရာတွေ ၊ ဝမ်းဗိုက်အောက်ပိုင်း နေရာတွေ ၊ အကုန် နမ်းရိုက်နေတော့တာပဲ ။ အနမ်းတွေဟာ နူးညံ့နေပေမယ့် အင်အားတွေ အပြည့်အဝရှိနေတယ် ။ တစ်ဖက်လူ လက်မြှောက်အရူံးပေးနေတာတောင်မှ သူ့ရဲ့ နူးနှပ်ချော့မြူတဲ့ နည်းလမ်းတွေက ကုန်စင်သွားဦးမှာမဟုတ်ဘူး ။

True Star (Myanmar Translation )Opowieści tętniące życiem. Odkryj je teraz