Ch.66 : Calling a True Star ( Part.2 )

11.2K 1.3K 35
                                    


Tang Feng စိတ်ထဲ သင်္ကာမကင်း ဖြစ်နေမိတယ် ။ Zhang Rui Cheng က ဖုန်းကို ကိုင်ရမှာ မဟုတ်ဘူးလား ? ဘယ်လိုကနေ ရုတ်တရက်ကြီး Gino ဖြစ်သွားရတာလဲ ။

အဲ့ဒါတွေထက် ဘာလို့ Gino က ဖုန်းကို ကိုင်လိုက်ရတာလဲ ? ပြီးတော့ အဲ့ဒီကောင်က ဘာကိစ္စ ဖုန်းနံပါတ်ပြောင်းထားရတာလဲ ?

Tang Feng ဆီမှာ မေးခွန်းတွေ မကုန်နိုင်အောင် ရှိနေသေးပေမယ့် recording က ဆက်ပြီး လုပ်နေတုန်းပဲ ။ အဲ့ဒီတော့ သူ့အနေနဲ့ ဆက်ပြီး ဟန်မပျက် ဖုန်းပြောရဦးမှာပဲ ။ တကယ်မေးချင်နေတဲ့ မေးခွန်းတွေကို မျိုချလိုက်ပြီး တစ်ဖက်ကလူကို တရုတ်စကားကနေ အင်္ဂလိပ်စကားကို ပြောင်းလဲပြီး ဆက်လက် ပြောဆိုလိုက်တယ် ။

" Ahh... ကိစ္စက ဒီလိုပါ ။ အခု လက်တလော ကျွန်တော့်မှာ ငွေကြေးပြသနာလေး နည်းနည်းရှိနေလို့ ။ နောက်လ အိမ်ငှါးခကို ပေးဖို့တောင်မှ မကျန်တော့ဘူး ဖြစ်နေတယ် ။ အဲ့ဒီတော့ ကျွန်တော့်ကို ပိုက်ဆံ နည်းနည်းလောက် ချေးပေးပါလား ? ကျွန်တော် .... "

ကျွန်တော် သရုပ်ဆောင်ခ ရလာတာနဲ့ ချက်ချင်း ပြန်ဆပ်မှာပါ ။

ကံမကောင်းစွာပဲ Tang Feng ပြောနေတဲ့ စကားကို ဆုံးအောင်တောင် မပြောလိုက်ရဘူး ။ စိတ်အားထက်သန်နေတဲ့ လေသံနဲ့ Gino ဟာ စကားစကို ဖြတ်ပြောလိုက်လေတယ် ။

" ငါတို့ကြားမှာ ဒီလိုတွေ ယဉ်ယဉ်ကျေးကျေး ပြောနေဖို့ မလိုပါဘူး ။ မင်းကို ပိုက်ဆံချေးပေးရမယ် ဟုတ်လား ? အဲ့ဒီအစား မင်း အမေရိကားကို ပြောင်းလာပြီး ငါနဲ့ အတူတူ လာနေပါလား ? ငါ့စံအိမ်က ကျယ်ကျယ်ဝန်းဝန်းဆိုတော့ မင်းနေရတာ သက်တောင့်သက်သာ ဖြစ်မှာပါ ။ "

Gino ဟာ စကားလုံး အရှည်ကြီးကို တရစပ် ပြောဆိုလိုက်တယ် ။ စကားပြောတာ အရမ်းမြန်လွန်းလို့ Gino ဘာတွေပြောသွားမှန်း Tang Feng လုံးစေ့ပတ်စေ့ သေသေချာချာ မကြားလိုက်ရဘူး ။ သို့ပေမယ့်လည်း လူတွေအများကြီး သူ့ကို စူးစိုက်ကြည့်နေတယ်ဆိုတာ Tang Feng သတိထားမိလိုက်တယ် ။ သူနဲ့ Gino အခုလောက် ရင်းနှီးကျွမ်းဝင်နေကြလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားကြဘူး ။ ပြည်တွင်းအဆင့်ကို ကျော်လွန်ပြီး International star တစ်ယောက်နဲ့ ဒီလောက် ရင်းနှီးနေတဲ့ အဖြစ်ကို အားလုံး အံ့အားသင့်သွားခဲ့ကြတယ် ။

True Star (Myanmar Translation )Where stories live. Discover now