Ch. 24 Laying Your Cards

15.6K 2K 18
                                    

စိတ်မထိန်းနိုင်ပဲ ပြောလိုက်မိတဲ့ အဲ့ဒီ စကားတစ်ခွန်းအတွက် Tang Feng ချက်ချင်း နောင်တရမိသွားတယ် ။ Ge Chen နဲ့ Lu Tian Chen ဟာ လူသိထင်ရှား တွဲနေကြတာ မဟုတ်တဲ့အပြင် ၊ သူတို့နှစ်ယောက် ခြေရူပ်နေတဲ့ အကြောင်းကို သိထားကြတဲ့လူဆိုတာ လက်ချိုး ရေတွက်ကြည့်လို့ရတယ် ။ နူတ်မစောင့်စည်းပဲ Ge Chen ကို ပြောလိုက်မိတဲ့ စကားတစ်ခွန်းဟာ သူရဲ့ အနုပညာလောကထဲ ပြန်လည်ခြေချဖို့အရာမှာ အဟန့်အတားအဆီးတစ်ခု ဖြစ်သွားစေနိုင်တယ်လေ ။ အကယ်လို့များ Ge Chen ကသာ Lu Tian Chen နားထဲပေါက်ကြားအောင် သတင်းသွားပို့လိုက်ရင် President Lu က သူ့ကို Blacklist ထဲထည့်ရင်ထည့် ၊ မထည့်ရင် ကုမ္ပဏီဘက်ကနေ စာချုပ် ဖျက်သိမ်းရင် ဖျက်သိမ်း ၊ တစ်ခုခု လုပ်လိုက်နိုင်တယ် ။

ခန်းမထဲ Tang Feng ဝင်လာချိန်မှာတော့ Ge Chen နဲ့ Su Qi Cheng ဟာ ပြန်ဖို့အတွက်တောင် ပြင်ဆင်နေကြပြီ ။ အဲ့ဒီ popular star အဝတ်လဲဝတ်လိုက်ပေမယ့် ဘာကြောင့်များ အဖြူရောင်ပဲ ဖြစ်နေရပြန်တာလဲ ။ သူ့ကို Su Qi Cheng လှမ်းကြည့်နေတဲ့ အကြည့်တွေထဲမှာ ပြစ်တင်ရူံချနေခြင်းတွေ ပါဝင်နေတယ်ဆိုတာ Tang Feng သိနေတယ် ။ နှစ်ယောက်လုံးဟာ Tang Feng ကို နူတ်တောင်မဆက်ပဲ အခမ်းအနားကနေ ပြန်သွားကြတယ် ။

Lu Tiang Chen ဟာ သူရှိရာဆီ အေးစက်နေတဲ့ အမူအရာနဲ့ လှမ်းလျှောက်လာတာ မြင်လိုက်ရတော့ Tang Feng သက်ပြင်းတစ်ချက် မသက်မသာ ချလိုက်မိတယ် ။

" ငါ့နောက် လိုက်ခဲ့ ။ "

သူပြောလိုက်တဲ့ စကားဟာ တိုတောင်းပေမယ့် ၊ အေးစက်ခြင်း နဲ့ အန္တရာယ် အငွေ့အသက်ကို ခံစားမိတယ် ။

စကားလေး လေးလုံးတည်း ပြောခဲ့ပြီး ကြီးကျယ်မြင့်မြတ်လှတဲ့ President Lu ဟာ ဟန်ချီချီ နောက်ကိုလှည့်ပြီး လှေကားထစ်တွေကို နင်းတက်သွားတယ် ။ Tang Feng အဖို့ရာ တစ်ခုတည်းသော ရွေးချယ်စရာက နောက်ပါးကနေ လိုက်သွားဖို့ပဲ ။ ဒီကမ္ဘာပေါ်မှာ ဘယ်လို အကြောင်းအရာမျိုးက Lu Tian Chen လို လူမျိုးကို သူ့သူဌေးဖြစ်လာအောင် ဖန်တီးခဲ့တာလည်း မသိတော့ဘူး ။ သူဟာ Xiao Yu ကို အရင် Tang Feng နဲ့ ကုမ္ပဏီ ချုပ်ဆိုထားတဲ့ စာချုပ်လက်ကျန်သက်တမ်းကို စစ်ဆေးထားခိုင်းခဲ့တယ် ။ ရှစ်နှစ်သက်တမ်း စာချုပ်မှာ အချိန် ငါးနှစ်ကတော့ ကုန်ဆုံးသွားပြီ ။ ဘုရားသိကြားမလို့ ကျန်တဲ့ သုံးနှစ်အချိန်ကို Lu Tian Chen က သူ့ကို ရေခဲသေတ္တာထဲ သော့ပိတ်ပြီး ဂိုထောင်ထဲ ချောင်ထိုးထားတာ မခံရပါစေနဲ့ ။

True Star (Myanmar Translation )Where stories live. Discover now