Ch.65 : Calling a True Star ( Part.1 )

11.2K 1.3K 34
                                    

Training class မှာ တစ်နေ့ကို အနည်းဆုံး သင်ခန်းစာချိန် နှစ်ချိန်လောက် ပါဝင်လေတယ် ။ သင်ခန်းစာတွေ ပြီးဆုံးသွားရင်တော့ ကျန်တဲ့အချိန်တွေအားလုံးဟာ သင်တန်းသားတွေအတွက် အားလပ်ချိန်တွေ ဖြစ်သွားလေတယ် ။ ဒီနေ့မှာတော့ Tang Feng ဟာ ရုပ်သံလွှင့်ဌာနကို ရောက်ရှိနေပြီး Chen Ming Xu ရဲ့ ပရိုဂရမ်မှာ သူပါဝင်ရမယ့် နောက်ဆုံးအပိုင်းကို ရိုက်ကူးဖို့ စောင့်ဆိုင်းလို့နေလေတယ် ။

စင်မြင့်ထက်က ထိုင်ခုံတွေဆီမှာ ဧည့်သည်တွေ အသီးသီး နေရာယူလိုက်ကြပြီးနောက်မှာ ပရိုဂရမ်ကို စတင်ရိုက်ကူးကြလေတယ် ။ Chen Ming Xu စင်မြင့်ပေါ်ကို တက်လာပြီး ဂါရဝပြု နူတ်ခွန်းဆက်ချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးချီးမြင့်သံတွေ ဆူညံသွားလေတော့တယ် ။ အခုလိုမျိုး ပရိသတ်တွေရဲ့ လက်ခုပ်သြဘာသံတွေကို အမြဲတမ်းရရှိနေပြီး လူထုကြားမှာလည်း ထင်ရှားကြော်ကြားလေတဲ့အတွက်မို့ Chen Ming Xu ဟာ နိုင်ငံအတွင်းရှိ အရည်အချင်းအရှိဆုံး အစီအစဉ်တင်ဆက်သူတွေထဲမှ တစ်ယောက်အဖြစ် သက်မှတ်ထားခြင်း ခံထားရလေတယ် ။

" မယုံကြည်နိုင်လောက်အောင်ပဲ Xiao Wan ။ မင်း တကယ်ကိုပဲ သူမဆီ ဖုန်းဆက်လို့ရသွားတယ်နော် ။ "

ခုချိန်ထိတော့ အစီအစဉ် ရိုက်ကူးနေတာ ချောချောမွေ့မွေ့ ရှိလို့နေတုန်းပဲ ။ အစီအစဉ်တင်ဆက်သူဟာ စင်မြင့်ထက်က ဧည့်သည်တော်တွေနဲ့ အပေးအယူမျှစွာ အချိတ်အဆက်မိမိ စကားလမ်းကြောင်း တည့်နေတုန်းပဲ ။ သို့ပေမယ့်လည်း Xiao Yu ကတော့ ကင်မရာတွေ နောက်ကွယ်မှာ စိုးရိမ်ပူပန်ကြောင့်ကြစွာ ရှိလို့နေတယ် ။ အချိန်မရွေး စကားမြားဦးဟာ Tang Feng ဘက်ကို လှည့်သွားပြီး အနုပညာလောကရဲ့ big star ကြီးဆီ ဖုန်းဆက်သွယ်ခိုင်းဖို့ လုပ်ခိုင်းလာနိုင်လို့လေ ။

သူမတို့ ဖုန်းဆက်ခေါ်ဆိုဖို့ လျာထားတဲ့ ပုဂ္ဂိုလ်ကတော့ လတ်တလောမှာ အောင်မြင်မူလမ်းကြောင်းပေါ်မှာ ရောက်ရှိနေတဲ့ Zhang Rui Cheng လို့ အမည်ရှိတဲ့ ကုမ္ပဏီမှ သရုပ်ဆောင်သစ်တစ်ယောက်ပဲဖြစ်လေတယ် ။ သို့သော်လည်း သူ့ကို big star တစ်ယောက်လို့တော့ ညွှန်းဆိုလို့မရချေဘူး ။ ဘာ့ကြောင့်လဲဆိုတော့ ဒီလောကမှာ လူသစ်သရုပ်ဆောင်တွေဆိုတာ ဝင်လာမစဲ တသဲသဲပဲ ။ ဒီသရုပ်ဆောင်သစ်တွေဟာ နက်ပြာရောင် အနုပညာမိုးကောင်းကင်ထက်မှာ ပြိုးပြိုးပြက်ပြက် တောက်ပနေတဲ့ ကြယ်တံခွန်သဖွယ် ရှိနေခဲ့ရင်တောင် ၊ သူတို့ရဲ့ အောင်မြင်ကျော်ကြားမူ အချိန်သက်တမ်းဟာ ကာလရှည် မတည်မြဲနိုင်လေဘူး ။ ကြယ်ပွင့်တွေလို အချိန်ကြာရှည်စွာ ဆက်လက်ထွန်းလင်း တောက်ပနိုင်တဲ့ အနုပညာရှင်တွေဆိုတာ အင်မတန်မှ နည်းပါးလွန်းလှတယ် ။

True Star (Myanmar Translation )Where stories live. Discover now