Part 11

23K 2.7K 217
                                    

"မမရယ် သိလား။ အဲဒီ့ကောင်လေးကလေ။ သူ့ဆိုင်က မုန့်ဟင်းခါးကိုစားရင် မမ ပါးတွေရွဲ့လိုက်မယ်တဲ့။"

"ဟယ် ပူစူးမရယ်။ ကြံကြံဖန်ဖန်တွေ။"

လင်း မျက်လုံးလေးများပြူးသွားသည်။ ပွင့်အာခါနီး ကြာဖူးငုံလေး၏ ပွင့်ဖတ်လွှာများနှင့် ဆင်ဆင်တူသည့် မျက်တောင်နက်များကို တဖျတ်ဖျတ်ခပ်ရင်း ပူစူးမကို လှည့်ကြည့်သည်။ ထိုမျက်တောင်လေးများက သူမ၏ လွမ်းရိပ်သန်းနေတတ်သည့် အရည်ကြည်လဲ့နေသော မျက်လုံးညိုညိုလေးများကို ဘောင်ခတ်ထားသည်။

"တကယ်ပါဆို မမရယ်။ သူက အောက်လမ်းနည်းတွေ တတ်လားမှမသိတာ။ သိလား မမ။ သူ့ မျက်လုံးအရောင်ကိုက အစိမ်းရောင်ကြီး။ မျက်ကပ်မှန်တပ်တာမဟုတ်ဘူးနော်။ တကယ့်အရောင်။ တွေ့တုန်းက မျက်ကပ်မှန်လားဆိုပြီး သိချင်လို့ သွားကိုင်တာကို ဟောက်လိုက်လို့ သမီးမကိုင်လိုက်ရတာ။ သိလား။"

လင်း မပြုံးဘဲ မနေနိုင်တော့။

ဖူးဖူးငုံငုံလေးဖြစ်သည့် သူမ နှုတ်ခမ်းများက အစွမ်းကုန်ဖူးပွင့်တော့မည့် အပြုံးရိပ်သဲ့သဲ့ထင်သွားပေမယ့် ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။။ ဒီလို ပြုံးတော့မလိုလို၊ မပြုံးတော့မလိုလို လင်း၏ မျက်နှာအနေအထားလေးသည် ချစ်ဖို့ကောင်းလွန်းနေပြန်သည်။

ဒီရပ်ကွက်လေးသို့ လင်း ပြောင်းရွှေ့လာခဲ့တာ မကြာသေးပေမယ့် သံယောဇဉ်ဖြစ်နေပြီဖြစ်သည်။ လူချမ်းသာရပ်ကွက်မဟုတ်ပေမယ့် အေးချမ်းသည်။ ဆူဆူညံညံ မရှိ။ ညနေဆိုလျှင်တော့ လမ်းဘေးဆိုင်လေးတွေ၊ တွန်းလှည်းဈေးသည်လေးတွေကို ဖယောင်းတိုင်မီး၊ ဘက်ထရီမီးလုံးလေးတွေကြားမှာ ပြောက်တိပြောက်ကျား တွေ့ရတတ်သည်။

ကိုယ်တိုင် ထွက်မ၀ယ်ချင်လျှင်တောင် ပူစူးမကို လွှတ်ပြီး ၀ယ်ခိုင်းလို့ရသည်။ ဆီသိပ်မပါသည့် တူးချင်ချင်ဖြစ်နေတတ်သော ပူပူနွေးနွေး မုန့်လင်မယားမုန့်လေးများကို သူမ ခံတွင်းတွေ့နေပြီဖြစ်သည်။ အစွာမလေး ပူစူးမကတော့

"ငုံးဥလည်းမရဘူး။ ပဲပြုတ်ကလည်း တစ်ခုတစ်စေ့ ရေပြီးထည့်ထားလားမသိဘူး။"

ဆူးWhere stories live. Discover now