အပိုင်း ၂၅

16.4K 1.8K 75
                                    

စိမ်းစိုသောမြက်ခင်းပြင်ထက်မှ သစ်ခွပန်းပင်များသည် အပြာရောင်အမိုးအောက်မှာ ဟန်ချက်ညီစွာ လှပနေသည်။ ရောင်စုံလိပ်ပြာလေးများသည်လည်း ဟိုမှ သည်မှ ပျံသန်းနေသည်။ တဖျတ်ဖျတ်ခတ်ကာ ပျံသန်းနေသော တောင်ပံလေးများမှာ နူးညံ့မှုနှင့် ခန့်ညားမှုများ ပေါင်းစည်းထားသည်။ အဝါရောင်လိပ်ပြာငယ်လေးနှစ်ကောင်မှာ ဒီမိုးယံမျက်စိရှေ့မှာပင် တစ်ကောင်နှင့်တစ်ကောင် ဝေ့ကာဝိုက်ကာ ပျံသန်းရင်း ခပ်လှမ်းလှမ်းသို့ ပျံသန်းထွက်ခွာသွားပြီဖြစ်သည်။

ဝေဆာစွာ ပွင့်ဖူးနေသော အဖြူရောင်နှင့် ခရမ်းရောင်လိပ်ပြာသစ်ခွပန်းပွင့်လေးများကို လက်ဖျားနှင့် ထိကိုင်လိုက်သည်။ မမ၏ခြံလေးသည် သူ့အတွက်တော့ နားခိုစရာ နိဗ္ဗာန်ငယ်လေးပါ။သူ့စိတ်တွေ ဘယ်လောက်ပင် ထိုင်းမှိုင်းနေပါစေ။ ဒီနေရာလေးကိုရောက်တိုင်း မြေအောက်တွင်းထဲမှ လွတ်မြောက်ခွင့်ရသူတစ်ယောက်က သန့်ရှင်းလတ်ဆတ်သော လေများကို ရှူရှိုက်လိုက်ရသလို လန်းဆန်းသွားတတ်သည်။

"ဒီဒီ။ မင်းရောက်နေတယ်ဆိုလို့။"

"မမ။"

ဒီမိုးယံ လှည့်ကြည့်ပြီး ပြုံးပြလိုက်ပေမယ့် သူ့မျက်နှာကိုတွေ့သည်နှင့် မမ မျက်နှာပျက်သွားသည်။ ဒီတော့မှ သူ့နှုတ်ခမ်းထောင့်မှာ ဒဏ်ရာတစ်ချို့ ကျန်နေသေးသည်ကို သူ သတိထားမိသွားသည်။

"လာလေ ဒီဒီ။ မမ tea ပြင်ခိုင်းထားတယ်။"

သူ မမကို လေးစားချစ်ခင်ရလွန်းသည်မှာ ဒီလိုအကြောင်းများကြောင့်ဖြစ်သည်။ ဘာဖြစ်လာတာလဲ။ ဘာတွေဖြစ်နေလဲ ဘယ်တော့မှမမေး။ သူ ရင်ဖွင့်လာလျှင် အလိုက်တသိ နားထောင်ပေးတတ်ပေမယ့် သူ့ဘဝထဲကို အတင်းဝင်ရောက်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့။ သူ့အတွက် အမြဲတမ်း ဘေးနားမှာ အဆင်သင့်ရှိနေပေမယ့် တိတ်တဆိတ်လေးဖြစ်သည်။

"ကျွန်တော် ပြင်ပေးမယ်။"

စားပွဲဝိုင်းပေါ်ရှိ ဂျပန် လက်ဖက်ရည်အိုးလေးရှိရာ လက်လှမ်းနေသော မမကို သူ တားလိုက်သည်။ ပန်းကန်ပြား ၀ိုင်းလေးပေါ်မှ ကြွေခွက်ထဲသို့ သူကိုယ်တိုင်ငှဲ့ကာ သီးသန့်ပန်းကန်ပြားဝိုင်းလေးထဲမှ အပြားဝိုင်းပုံစံ သေသပ်စွာ လှီးထားသော သံပုရာသီးဖတ်လေးကိုပါ ထည့်လိုက်သည်။

ဆူးWhere stories live. Discover now