Part 35

21.2K 2.4K 348
                                    

အဖြူရောင် တိမ်စိုင်တိမ်ခဲများသည် အပြာရောင်ကောင်းကင်ထက်မှာ သိပ်သည်းစွာ နေရာယူထားကြသည်။ လွတ်လပ်မှု အနည်းငယ်သာရှိသော ကောင်းကင်ပြင်သည် တောက်ပမှုမရှိပါ။ မှေးမှိန်လာသော နေ့တာ၏ ရောင်ခြည်များနှင့်အတူ တဖြည်းဖြည်း ဖျော့တော့နေသည်။

ကျောင်းရှေ့မှ တရုတ်စကားပန်းပင်ကြီးသည်လည်း ဖွေးဖွေးလှုပ်အောင်ပွင့်နေသော ပန်းပွင့်ငယ်များနှင့် ပြည့်နေသည်။ အနားသတ်နွမ်းနေသော ပွင့်ဝါတစ်ချို့က မြေပြင်ပေါ် လှဲလျောင်းအိပ်စက်နေသည်။ လေတစ်ချက်ဝှေ့လိုက်တိုင်းလည်း နှစ်ပွင့်၊ သုံးပွင့်သော ပန်းပွင်ငယ်များမှာ လေဟုန်စီးကာ မြက်ခင်းထက်သို့ ခုန်ဆင်းလာတတ်ပြန်သည်။

ရှိုင်းထွဋ် သစ်ပင်ကြီးကို မှီကာ နှုတ်ဆက်ထွက်ခွာသွားနေကြသော ဆရာ၊ ဆရာများ၊ ကျောင်းသူ၊ ကျောင်းသားများကို ငေးကြည့်နေမိသည်။ အချင်းချင်း ဖက်လှဲတကင်းနှုတ်ဆက်သူများ၊ ဖုန်းနံပါတ်လဲလှယ်နေသူများ၏ အပြုံးများမှာ တောက်ပနေသည်။ ထို့နောက်မှာတော့ နှုတ်ဆက်စကားများ၊ နောက်လာမည့်နှစ်အတွက် ချိန်းဆိုမှုများနှင့်အတူ ကျောင်းဝင်းကြီးသည်လည်း တဖြည်းဖြည်း ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ဒီလိုနှင့် သူတို့တက်ခဲ့သည့် ကျောင်းကြီး၏ ဆရာကန်တော့ပွဲသည်လည်း ပြီးဆုံးသွားခဲ့ပါပြီ။

ဒါပေမယ့် သူ စောင့်မျှော်နေသူကတော့ ရောက်မလာခဲ့။

သူငယ်ချင်းဟောင်းများက သူ့ကိုတွေ့တိုင်း

"ဒီမိုးယံရော မလာဘူးလား"

ဟု သတင်းမေးလာပေမယ့် ဘာဖြေရမည်ကို သူ မသိခဲ့။ အခုမှ ရှိုင်းထွဋ် သေချာစဉ်းစားမိသည်။ သူ့ရဲ့အထက်ကျောင်းသားဘ၀တွင် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းခဲ့သူဆို၍ ဒီမိုးယံသာရှိကာ ဒီမိုးယံအတွက်လည်း သူပဲ ရှိခဲ့သည်။ မေးထူးခေါ်ပြော နောက်ပြောင်ခဲ့သော သူငယ်ချင်းများစွာ ရှိခဲ့သော်လည်း စိတ်ရောကိုယ်ပါနှစ်ကာ ပေါင်းသင်းခဲ့သည်မှာ ဒီမိုးယံ တစ်ယောက်ပဲဖြစ်သည်။

တစ်ချိန်လုံးရန်ဖြစ်နေခဲ့ပေမယ့်..

တစ်ချိန်လုံး ကြည့်မရပါဟု သူ ကြွေးကြော်နေခဲ့ပေမယ့်..

ဆူးWhere stories live. Discover now