အပိုင်း ၅

22.8K 2.3K 97
                                    

ပတ်ဝန်းကျင်မှ ကြက်တွန်သံနှင့် ခွေးဟောင်သံများကို မျက်လုံးမဖွင့်ခင်ကတည်းက ခပ်သဲ့သဲ့ကြားလိုက်ရသည်။ ထိုအသံများနှင့်အတူ မီးဖိုခန်းမှ မိခင်ဖြစ်သူ၏ လှုပ်ရှားသံများကို ဒီမိုးယံ ကြားလိုက်သည်။ ခြုံထားသော စောင်ပါးကို ကန်ချပြီး ခြင်ထောင်ထဲမှ ထွက်ကာ ဘေးဘက်ခြင်ထောင်မှ ညီမဖြစ်သူကို လှမ်းနှိုးလိုက်သည်။

"မိငယ်.. ထတော့ဟ။ မေမေနိုးနေပြီ။"

ခြင်ထောင်ကိုပါ ဖြုတ်ချလိုက်သော်လည်း ခြင်ထောင်တစ်ခုလုံး အပေါ်မှအုပ်ကျလာမှ ပိုနွေးသွားသည်ဟု ထင်လားမသိ။ အင်း၊ အဲ ဟုသာ နှင်းဟေမန်ထံမှ အသံကြားရပြီး ပြန်လည်ငြိမ်သက်သွားပြန်သည်။

"ဟာ။ ဒီကောင်မလေး။ ထ ပါတော့ဆို။"

ဒီမိုးယံ စိတ်မရှည်စွာ ခြင်ထောင်ကို ဆွဲဖယ်သည်။ ဒါပေမယ့် လုံးထွေးနေသော ခြင်ထောင်ကြောင့် အနားစကို ရှာမရ။ နေအလင်းရောင်မရှိသေး၍ မှောင်ကလည်း မှောင်နေသေးသည်လေ။ အတန်ကြာအောင် လက်နှင့်စမ်းရှာပြီးမှ မိငယ်မျက်နှာကို စမ်းမိသည်။ ပခုံးမှ စောင်ကိုပါ ဆွဲခွာကာ အတင်းလှုပ်နှိုးမှ ကာလနဂါးမလေးက သန်းဝေပြီး အညောင်းဆန့်လာသည်။

"ထတော့ဟ။ ငါက စျေးသွားရဦးမှာ။ မေမေ့မှာ ကလေးရှိနေတယ်ဆိုရင် အလေးအပင်တွေ လုပ်ဖို့မကောင်းဘူး။ နင် ကူပေးလိုက်ဦး။"

"အင်းပါ ကိုကြီးရာ။"

စောင်တွေ၊ ခြင်ထောင်တွေနှင့် လုံးထွေးနေသော အဝတ်ပုံထဲမှ ရုန်းထွက်နေသော နှင်းဟေမာန်ကို တစ်ယောက်တည်း ထားခဲ့ကာ ဖယောင်းတိုင်မီးရောင်သဲ့သဲ့ကိုမြင်နေရသော မီးဖိုခန်းသို့ ဒီမိုးယံ လျှောက်လာခဲ့သည်။ မီးဖိုခန်းရှိ မီးသွေးမီးပူပေါ်မှ မုန့်ဟင်းခါးဟင်းရည်အိုးသည် ပွက်ပွက်ဆူနေသည်။ တပွက်ပွက်ဆူလာတိုင်း မြုပ်လိုက်ပေါ်လိုက်ဖြစ်နေသော ကြက်သွန်ဥနီများနှင့် ငှက်ပျောအူဖတ်များသည် ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေသည်။ သိပ်ပျစ်နှစ်ခြင်းမရှိသော ဟင်းရည်က ခပ်ကျဲကျဲ။ ငါးခူအသားများအစား၊ ငါးခေါင်းနှင့်ငါးရိုးများကိုသာ အားပြုထားသော ဒေါ်မြလေး၏ မုန့်ဟင်းခါးသည် အကောင်းစားကြီးမဟုတ်ပေမယ့် သူတို့ရပ်ကွက်ထဲတွင်တော့ နာမည်ကြီးသည်။

ဆူးWhere stories live. Discover now