ဇာတ်လမ်း - ၁၉

70.8K 7.2K 782
                                    

Zawgyi

မနီးစပ်လာသော်လည်းမဝေးကွာသေးသည့်​အခြေအနေကိုပင်ကျေနပ်ရမည်ဟုဆိုမလားပင်။

မထင်မှတ်ဘဲဖွင့်ပြောပြီးသွားကာမှ ကိုကိုကျွန်တော့ကိုအထင်သေးစက်ဆုပ်သွားမည်ကိုလိပ်ပြာလွင့်မတတ်​ကြောက်ရွံ့နေခဲ့တာ။

ရုတ်တရက် Shock ရပြီး ထိတ်လန့်သွားသည်မှလွဲ၍
ထင်သလောက်ဆိုးဆိုးဝါးဝါးမတုန့်ပြန်သည်မှာ
ကျွန်တော့အတွက်ကံကောင်းခြင်း .....။

ကျွန်​​တော်​ဆိုသည်​မှာလည်း စ​ခေါ်မိသည့်​ ကိုကိုဟူသည်​ကိုမရပ်​တန့်​နိုင်​​တော့။ တစ်​ချိန်​လုံး စိတ်​ထဲမှသာ​​ခေါ်ခဲ့၍လားမသိ တကယ်​တမ်း​ခေါ်ရသည့်​အခါ ထင်​တာထက်​ပိုပြီး ​နွေး​ထွေး​နေခဲ့သည်​။

မျှော်လင့်ထားတဲ့အတိုင်းပင်စိတ်ကစားတာပါတို့၊ အနေနီးလို့ဖြစ်မှာပါတို့ပင်ပြန်ရတဲ့အပေါ်​ထွေထွေထူးထူးမနာကျင်မိတော့။။

ယောကျာ်းတစ်ယောက်ကချစ်သည်ဟုဆိုလာ၍
ဝုန်းဒိုင်းကြဲမသောင်းကျန်းခြင်းကိုပင်ကျေနပ်လှပါပြီ။

ကျွန်တော်အလွန်ပင်ကံကောင်းသည်ဟုဆိုရမည်အရင်ထက်စာရင် တစ်ခုခုဆိုဟန့်သလိုရှိန်သွားတဲ့
အပြုအမူမျိုးကလွဲရင် ကိုကို့အနားတွင်
အရင်လိုနေခွင့်ကိုရခဲ့သည်လေ။

တချို့အရာတွေအတွက် မသိချင်ယောင်ဆောင်ပြီးကျော်လွှားသွားဖို့လွယ်ကူပေမယ့်ကျွန်တော့ခေါင်းကိုဖွဖွပုတ်တတ်သည့်အမူအကျင့်လေးကိုမမြင်ရတော့သည်မှာတော့ နာကျင်စရာကောင်းလွန်းသည်။

ကိုကိုကတစ်ခါတစ်ရံမေ့လျော့သွားသည်ထင်
သူသဘောကျတဲ့ကျွန်တော့အပြုအမူ၊ နှုတ်ထွက်စကားတို့တွင်လှိုက်လှိုက်လှဲလှဲရယ်မောပြီးလျင်
လက်ဖ၀ါးတို့ကကျွန်တော့ဦးခေါင်းထက်တွင်တတ၀ဲလည်လည်​။

ပြီးတော့မှ ပြန်သုံးသပ်မိပြီး လက်ကိုပြန်ရုတ်သိမ်းသည့်အခါဘာမှမဖြစ်သလိုဟန်ဆောင်လိုက်ရ​ပေမယ့်​ရင်မှာဆစ်ခနဲဝမ်းနည်းရသည်

မတတ်နိုင် ကိုယ့်သဘောထားကိုဖွင့်လှစ်ပြပြီးပေမယ့်အရင်လောက်နီးနီးအတူရှိခွင့်ရသည်မှာကြီးမားသောဆုလာဒ်တစ်ပါးပင်မဟုတ်ပါလား။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now