ဇာတ်လမ်း - ၂၂

72.4K 7.4K 338
                                    

Zawgyi

စာမေးပွဲကြီးဖြေရန် တစ်လပင်မလိုတော့သည်မို့ကျောင်းတွင်လူစုံလှသည်။

ကျွန်တော်တို့အတွက်ကတော့အထွေအထူးလုပ်စရာမရှိရကား တချို့ကျောင်းသား/ သူများစာလာမေးလျင်ပြန်ရှင်းပြ၊အချို့အတန်းချိန်များတွင် အပိုချိန်အဖြစ်အစားဝင်ပေးတာမျိုးဖြင့်သာ ကျောင်းတွင်အချိန်ကုန်လျက်ရှိသည်။

ညီကား အခုထိကျောင်းကိုတက်လိုက်ပျက်လိုက်ပင်။

အရေးကြီးသည့်အချိန်များတွင် ရောက်ရောက်လာပြီးအတန်းတက်သည်မှလွဲ၍ ညီ့ကိုကြည့်ရသည်မှာစက်ရုပ်လို။

စိတ်မပါ့တပါနှင့်ညီ့ပုံစံကို ကျွနတ်ာလုံးဝအားမရ။

တခါတရံလည်း ဗြုတ်စဗျင်းတောင်းဖြင့်​ကျောင်းသို့လာသည်။

တခါတရံလည်း ဒဏ်ရာအချို့ဖြင့် အတန်းထဲတွင်လူမိုက်ပမာထိုင်လျက်ရှိသည်။

ရန်ဖြစ်လာသည်ဟု အတပ်တာတောင်မှကျွန်တော့်မှာ မေးမြန်းခွင့်မရှိ.......

တစ်စုံတစ်ခုဝင်ပြောခွင့်လည်းမရှိသည်မို့ ဒီအတိုင်းသာလွှတ်ထားပေးရပေမယ့် စိတ်ကတော့ဖြင့်မကောင်း။

အမှန်အတိုင်းပြောရလျင် ညီနဲ့ဝေးကွာခဲ့သည်မှာနှစ်လကျော်လို့သုံးလထဲပင်ဝင်တော့မည်အခုထက်ထိကျွန်တော်နေသားမကျနိုင်သေး။

အချိန်ပြည့်ပူပန်နေရသည်၊ စိုးရိမ်နေရသည်။

ညီကတော့ဖြင့်မသိ။

မျက်နှာချင်းဆိုင်မိတိုင်း ရှောင်လွှဲသွားတတ်သည့်ညီ့မျက်ဝန်းများသည် ရေသေပမာအေးခဲလျက်

ကျွန်တော်ကိုယ့်ကိုယ်ကိုလည်းတစ်စက်ကလေးမျှနားမလည်တော့။

ဘုန်းလကာင်္ဟူသောကျွန်တော်သည်ကိစ္စရပ်တစ်ခုအား တွေဝေတွန့်ဆုတ်ခြင်းဖြင့်
စိတ်မတင်မကျဖြစ်ခံခဲ့သူတစ်ဦးမဟုတ်။

ဖြစ်လာသမျှတိုင်းကို ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးတိတိကျကျဆောင်ရွက်တတ်သူပင်။

ဖြစ်သင့်သည်နှင့်မဖြစ်သင့်သည်ကိုခွဲခြားသိမြင်တတ်သောအသက်အရွယ်အပိုင်းအခြားနှင့်ဖြတ်သန်းလာသော အတွေ့အကြုံများအရ
ရင့်ကျက်လျက်ရှိပြီး ကိုယ့်အတွက်ရောသူတပါးအတွက်ပါချင့်ချိန်သုံးသပ်နိုင်ခဲ့သူတစ်ယောက်။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now