""Oh my God, who is she?"
I get drunk on jealousy"Taylor Swift ရဲ့ Black Space သီချင်းသံကပျံ့လွင့်လို့နေသည်။
ဘေးနားမှာလဲ လူတွေကတအုန်းအုန်း။
ဟာ တေလာလေးကိုအပြင်မှာမြင်ရတာ
ရင်တွေတောင်တဒိုင်းဒိုင်းခုန်မိသည်အထိ။ထိုအခိုက် အပြာရောင်ကတ္တီပါသားဂါဝန်ကို
ပေါင်လယ်ထိခွဲထားသော သူမကကျွန်တော့ထံ
တည့်တည့်မတ်မတ်လျှောက်လာပြီး
မျက်စိတစ်ချက်မှိတ်ပြကာ" ဟေး မောင်လေးတို့နဲ့အတူကမလား"
ဟင် တေလာကမြန်မာလိုပြောတတ်တယ်လား
" Ahh Yes ... of course ...
are you kidding me??ဟမ် မဟုတ်သေးပါဘူး ကမှာပေါ့မေးစရာလား
လာပြီ လာပြီ"သူမနဲ့ကျွန်တော့ကြားကာရံထားသော
အ၀ါရောင်သံဇကာများကိုကျွန်တော်
ကျော်တက်လိုက်သည်။သူမကအပြုံးတစ်ခုဖြင့် ကျွန်တော့ကို
လက်ကမ်းပေးနေဆဲ။တံတွေးတစ်ချက်မြိုချပြီး သူမလက်ကိုလှမ်းဆွဲဖို့
ပြင်တုန်းပုဆိုးကတုပ်နေ၍ တက်မရ။ဟာကွာ ငါဘာလို့ပုဆိုးဝတ်လာမိတာလဲ
ငတုံးကောင်။အောက်ကိုကြည့်လိုက်တော့ ဘောင်းဘီတိုလေး
ရှိသေးတာနဲ့ ပုဆိုးကိုအမြန်ချွတ်ချလိုက်သည်။ဘာပဲဖြစ်ဖြစ် သူမလက်ကိုကိုင်ရဖို့သာအရေးကြီး
သည်လေ။ပုဆိုးကဘာအရေးလဲ။ ဘောင်းဘီပါတာပဲ။
လာလေ့ တေလာလေးကကိုယ့်အပိုင်။
" ညီ .... ညီ "
ပခုံးကိုလာပုတ်နေတာကိုသိသည်။သို့သော်
နောက်လှည့်ကြည့်လို့မဖြစ်။ဒီအပေါ်ရောက်မှ
ဖြစ်မည်လေ။ဟိုမှာစောင့်နေတာကို
နေစမ်း .......
ပခုံးပေါ်ကလက်ကိုပုတ်ချပြီး ပြန်တက်သည်။
" ညီ ... ညီ ...ကလေး"
ဟာကွာ ဒီလုံခြုံရေးတွေရှုပ်လိုက်တာ။
ဖယ်စမ်း ....
ဘာကလေးလဲ။ နောက်နှစ်ဆို၂၀ပြည့်ပြီကလေးလို့
ခေါ်နေတာတွေအခုရပ်။

YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo