Zawgyi
နေ၀င်ခါနီး ပင်လယ်ပြင်သည်ဆွေးစရာကောင်း
လောက်အောင်တောက်ပညိုရီလျက်ရှိသည်။ကျွန်တော်တို့၏ကျောင်းသားများကတော့နေ့ခင်း
နေပူပူထဲတွင် အသားကုန်သောင်းကျန်းပြီးသကာလ
ညနေပိုင်းတွင်မူ ကမ်းခြေတွင်အစရှာမရတော့
အောင်ပင်။ဟိုဟိုသည်သည်လိုက်လံကြည့်လိုက်တော့လည်း
အရိပ်ရအဆောင်များတွင် အစုလိုက်အစုလိုက်။မသကာင်္စရာတစ်စုံတစ်ရာမတွေ့သည်မို့
အရမ်းကြီးလည်းမျက်စိဒေါက်ထောက်ကြည့်မနေ
ချင်တော့။အပျော်ခရီးထွက်လာတာကို စိတ်ဖိစီးမှု
များစွာမပေးချင်။တစ်ခါတစ်လေ လွတ်လွတ်လပ်လပ်နေကြပါစေဟု
ဆရာအချင်းချင်းတိုင်ပင်ရင်း လွှတ်ထားပေးလိုက်သည်။လူစုကြားထဲ ညီ့ကိုဝေ့၀ဲရှာရသေး၏။
ခပ်လှမ်းလှမ်းကအဆောင်ထဲ ကျားထိုးနေသောညီက
လက်သီးလက်မောင်းတန်းရင်း ရယ်မောနေတာကိုမြင်မှ
စိတ်အေးလက်အေးထားခဲ့နိုင်သည်။မတော်နေ့ခင်းကလို ရန်ထဖြစ်နေမှဖြင့်။
နေ့ခင်းကဆိုမှ သူပြောသွားသည့်အကြောင်းတွေးမိ
ပြန်တော့လူကချက်ချင်းမျက်နှာကိုဘယ်နားထားရ
မယ်မသိ။ဒီကောင်လေးဟာ စကားကိုတတ်လွန်းတာ။
တွေးရင်းတစ်ချက်ရယ်လိုက်မိသည်ကို
" အစ်ကိုလကာင်္ ဘာတွေရယ်နေတာတုန်းဗျ"
ဟု ရဲရင့်ကအမေးရှိလာသည်။
လက်ထောက်ကျောင်းအုပ်၏အခန်းတွင် ဆရာတွေချည်းစုပြီး စကားစမြည်ပြောရန်ရောက်နေကြခြင်းဖြစ်ပြီး
ရောက်တတ်ရာရာပြောဆိုနေကြရင်း
တစ်နေ့တာပင်ပန်းသမျှ ဖြေဖျောက်ရသည်လေ။" ဘာရယ်မှမဟုတ်ပါဘူး ငါ့ညီရာ။ကျောင်းသားတွေကို
ကြည့်ပြီး ကိုယ်တွေတုန်းကလည်းဒီလိုပဲလို့တွေးမိလို့ပါ"" သြော် ဒါနဲ့အစ်ကို။ဟိုကောင်လေးနဲ့တစ်ခန်းထဲ
နေရတာအဆင်ပြေရဲ့လား။ကျွန်တော်လည်းအားနာ
ပေမယ့်သူ့ပုံစံနဲ့ကျွန်တော်ခေါ်ထားရင်ပိုဆိုးမှာ"

YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo