ဇာတ်လမ်း - ၃၇

60.9K 6.2K 219
                                    

Zawgyi

မှန်မကြည့်ဖြစ်ခဲ့သည်မှာပင်ကြာလေပြီ။
မှန်ထဲမှ ရုပ်သွင်ကိုကြည့်ကာအားပါးတရရယ်ချမိသည်။

စိတ်ပါလက်ပါနှင့်မရယ်ခဲ့ရသည်မှာလည်းကြာခဲ့ပြီပဲ။

နေ့စဉ်နဲ့အမျှသွေးသံတရဲရဲမြင်ကွင်းများ၊ ထိတ်လန့်ကြောက်ရွံ့နေသောမျက်နှာများ၊ မျက်ရည်အတိပြီးသော နေ့ရက်များတွင် တစ်ကိုယ်ရည်သန့်ရှင်းမှုတောင် အနိုင်နိုင်။

စစ်မြေပြင်တည့်တည့်တွင် စခန်းတည်သည်မဟုတ်သော်ငြား အနီးစပ်ဆုံးပေမို့                      အနိဌာရုံမြင်ကွင်းတို့ကို အမြင်တွေ့ရဆုံးပေမို့ နှလုံးသည်းပွတ်တို့သည် နေ့စဉ်နှင့်အမျှ နာကျင်ကိုက်ခဲနေသည်ချည်း။

လာခဲ့စဉ်ရယ်ရွယ်ချက်ကတော့ဖြင့် လူ့အခွင့်အရေးဆိုင်ရာ စကားလုံးအကြီးအကျယ်တို့ကို
ယူငင်ခဲ့ခြင်းဖြစ်သော်ငြား တကယ်တမ်းကျ ကြွေလုနီးပါးအသက်တို့ကိုသာ
အသက်မရဲတရဲရှုရင်း ခက်ခက်ခဲခဲဆယ်ယူရသည့် အခြေအနေများတွင် တစ်နှစ်လုံးနီးပါးနေသားတကျ။

ဆံပင်ခွေအလိပ်တို့ကို နီးရာကပ်ကြေးဖြင့်ဖြတ်တောက်လိုက်ရသည်။

နေလောင်ရာ အကွက်ကွက်များက ကိုယ့်ကိုယ်ကိုတောင်မနည်းမှတ်မိဖို့ကြိုးပမ်းရသည်အထိ။

စာသင်ကြားရေး ဝေးလို့ စကားပင် မနည်းလု၍ပြောနေရသည့်အခိုက်အခါတွင်
မိမိကိုယ်မိမိသာ အားထားရာ။

သားအမိနှစ်ယောက်ဆုံနိုင်ဖို့အရေးကအင်မတန်ကြုံတောင့်ကြုံခဲဖြစ်သလို

တခါတရံလည်း ကြေလွင့်သွားသော သွေးမတော်သားမစပ် အသက်တစ်စအတွက်
နင့်နင့်သီးသီး မျက်ရည်ကျရမည့်အခါမျိုးတွင်သာ လူနာစင်အား တစ်ဖက်တစ်ချက်ကိုင်ရင်း
တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်း အားပေးကူခဲ့ရသည်မျိုး။

အနည်းငယ်ငြိမ်းချမ်းသွားသော နယ်မြေတွင်အသက်နှင့်ခန္ဓာမြဲနေသူများ
မည်သည့်စီမံကိန်းမှ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် အမိန့်ပေါင်းသောင်းခြောက်ထောင်နှင့်အတူလပေါင်းများစွာဝေးကွာခဲ့ရသော
အိမ်ဟူသည့်အရပ်သို့ပြန်ရောက်လာခဲ့ခြင်း။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now