Introduce
2.4K 102 3
"မီ​ညောင်​.......​ဝေါင်း"
"လာ..လာ..​ကြောင်​​လေး...oppaဆီလာ"
       လမ်းမထက်​ဝယ်​ ​ကြောင်​ဖြူ​လေးအား လိုက်​ဖမ်း​နေ​သော ဝဝပုပု​ကောင်​ငယ်​​လေးတစ်​​ယောက်​....
မနက်​အ​စောပိုင်းအချိန်​မို့ လမ်းတွင်​လူသိပ်​မရှိ​သေး...
ပန်း​ရောင်​ကာတွန်းညအိပ်​ဝတ်​စုံ​လေးနှင့်​ အတူ ပန်း​ရောင်​ဆံပင်​​လေး​တွေမှာ ဖွာလန်​ကျဲ​နေကာ အိပ်​ယာထကာစမို့ မျက်​လုံး​လေး​တွေဟာ မို့အစ်​​နေပြီး လက်​နှစ်​ဖက်​ကို ဆန့်​တန်းကာ ​ကြောင်​ဖြူ​သေး​သေး​လေးအား လိုက်​ဖမ်း​နေတုန်း......
"မင်းက..ဘာလို့..ငါ့သား​လေးကို လိုက်​ဖမ်း​နေတာတုန်း"
      အသံသြရှရှနဲ့ ​အေးစက်​စွာ ​ပြောလာ​သော ထိုသူ့ကို ​မော့ကြည့်​လိုက်​​တော့ မျက်​ခုံးနှစ်​ဖက်​ကို တွန့်​ချိုးထားကာ စူးရဲ​တောက်​ပ​သော မျက်​လုံးများဖြင့်​ ကြည့်​​နေတဲ့ထိုသူ......
     အချိန်​အားဖြင့်​ မနက်​၄နာရီသာ ရှိ​သေးသည်​မို့ ​မှောင်​​နေသည့်​အချိန်​....
     ထိုသူ့အားကြည့်​​နေရင်းမှ ရုတ်​တရက်​ ထွက်​​ပေါ်လာ​သော မိုးချိန်​သံနှင့်​အတူ ကျ​ရောက်​လာ​သော အလင်း​အောက်​ဝယ်​ ထိုသူ့ရဲ့လက်​ထဲဝယ်​ ဓားကြီး....
ဓားမှာလည်း​သွေး​တွေနဲ့...ဆို​တော့....
"အားးးးးးးး......!"
       ထိုသူ့ကိုကြည့်​ပြီး ကျယ်​​လောင်​စွာ ​အော်​ဟစ်​လိုက်​ရင်း တစ်​ချိုးတည်း လစ်​​ပြေးလာလိုက်​တယ်​....
ပါးစပ်​က တတွတ်​တွတ်​​ပြော​နေသည်​က....
"စိတ္တဇလူသတ်​သမားကြီး...အီးဟီး..​ကြောက်​တယ်​"တဲ့​လေ.....
New Story.....😜❤❤
Baby Piggy (Completed)Where stories live. Discover now