20
623 72 12
     JinYoungနဲ့DaeHwiတို့ ည​နေစာချက်​ဖို့ ပြင်​ဆင်​​နေတုန်း KuanLinနဲ့ JiHoonတို့ မီးဖို​ချောင်​ထဲ ဝင်​လာကြတယ်​..
"ဟာ..​..​ဟေ့..​ဟေ့ Bae JinYoung
မင်းလက်​ထဲက စပျစ်​ဝိုင်​နဲ့ အမှဲသားနှပ်​ကင်​ ချက်​မယ်​လို့​တော့ မ​ပြောနဲ့​နော်​"
"အင်း...မင်း​ပြောသလိုချက်​မလို့ပဲ​"
       KuanLinက JinYoungလက်​ထဲက နှစ်​ချို့စပျစ်​ဝိုင်​ကိုကြည့်​ပြီး အလန့်​တကြား​ပြော​တော့ JinYoungက ခပ်​တည်​တည်​ပဲ ဝိုင်​ပုလင်းအား ​မြှောက်​ပြရင်း ပြန်​​ဖြေလာတာ​ကြောင့်​ KuanLinက ​အော်​ဟစ်​​ပြောလာတယ်​...
"အဲ့ဒါ 15နှစ်​ရှိပြီဖြစ်​တဲ့ ဝိုင်​အ​ကောင်းစား​နော်​...
သူတို့​တွေက အသက်​ပြည့်​​သေးတာမဟုတ်​ဘူး
မူးကုန်​မယ်​"
      KuanLinရဲ့ စိုးရိမ်​တကြီး တားမြစ်​သံအား DaeHwiနဲ့JiHoonက ပြန်​​ပြောလာတယ်​...
"မမူးပါဘူး....အဲ့​လောက်​နဲ့​တော့"
     ထိုက​လေးနှစ်​​ယောက်​အ​ဖြေကို JinYoungကပါ ပုခုံးတွန့်​ပြပြီး ​ပြောလာတယ်​..
"​တွေ့လား?..သူတို့က​တောင်​​ပြော​နေပြီ
ဘာမှမဖြစ်​ဘူးတဲ့..."
      ဒါကိုမြင်​​တော့...KuanLinက ဝမ်းနည်းစွာ ​အော်​ဟစ်​​နေသလို ဟိုက​လေးနှစ်​​ယောက်​က​တော့ အရသာရှိမှာပဲဟု တတွတ်​တွတ်​​ပြော​နေကြတယ်​...
      ထိုဝိုင်​ပုလင်း ပိုင်​ရှင်​က KuanLinဟာပါ...
သူ့fan​တွေပို့လိုက်​တာ​လေ....KuanLin ထိုအပန်း​ဖြေအိမ်​ကို ​ရောက်​​နေတာ ဘယ်​က​နေဘယ်​လို သတင်းရလဲမသိ...
လက်​​ဆောင်​​တွေကို အဲ့ကိုပို့ကြတာ​ပေါ့....
      KuanLin နှ​မြောတသနဲ့ ဝိုင်​ပုလင်းခွံအလွတ်​​လေးကို ​ငေး​နေတုန်း ရွာဘက်​က ပြန်​လာတဲ့ ဆရာဝန်​နှစ်​​ယောက်​ ဝင်​လာပြီး...
SeongWuက လက်​ထဲက ဂင်​မ်​ချီဘူးကြီးအား စားပွဲ​ပေါ်တင်​ကာ Danielက ခြင်း​လေးထဲ အစီအရီထည့်​ကာ ​ပေးလိုက်​​သော မက်​​ကောလီ(ဆန်​အရက်​)​တွေကို ​မြှောက်​ပြရင်း...
KuanLinအား ​ပြောလိုက်​တယ်​....
Baby Piggy (Completed)Tahanan ng mga kuwento. Tumuklas ngayon