12(part-3)

908 129 19
                                    


သံပတ်​​ပေး...အရုပ်​ဆီမှ..
တစ်​ချက်​တစ်​ချက်​...ထွက်​လာတတ်​​သော..
'Tap..tap' အသံနှင့်​အတူ....
အခန်း​ထောင့်​ စက္ကူပုံး​လေးထဲ...
ပုန်းခို​နေ​သော...​​ကောင်​မ​လေးရဲ့...
အသက်​ရှုသံမျဉ်းမျဉ်းဟာ...
အခန်းငယ်​ထဲ...တစ်​ချက်​တစ်​ချက်​...
ပျံလွှင့်​​နေတယ်​....

အခန်းတံခါးဆီမှ...ကျွီခနဲ မြည်​သံနဲ့အတူ...
ကောင်​မ​လေးဟာ..သူမလက်​အစုံဖြင့်​...
ပါးစပ်​အား...ပိတ်​ထားတယ်​...
ထိုအချိန်​....စက္ကူပုံး​လေးအား...
ဆွဲလှန်​လိုက်​​သော..
သွေးသံရဲရဲ လက်​တစ်​ဖက်​နှင့်​အတူ..
ပြုတ်​ကျလာ​သော...
မျက်​တွင်း​ဟောက်​ပက်​ဖြင့်​...
ခေါင်းပြတ်​ကြီးတစ်​ခု......

"အားးးးးးးးးးး!"

    ငယ်​သံပါ​အောင်​​အော်​လိုက်​တဲ့...DaeHwiအသံ​ကြောင့်​...အားလုံးလည်း လန့်​သွားရတယ်​...
    DaeHwiခမျာ..​ကြောက်​​ကြောက်​ဖြင့်​..
JinYoungကို ခါးက​နေခွဖက်​ထား​လေရဲ့....
     JinYoungမှာ​တော့...
အဖက်​ခံထားရသဖြင့်​ ပြီတီတီလုပ်​​နေ​လေရဲ့...
JiHoonမှာ​တော့..အ​ကြောက်​လွန်​ကာ..
KuanLinရင်​ခွင်​ထဲ...
ခြေစုံပစ်​ဝင်​လျက်​...အသားကုန်​ဖက်​ထားကာ
ခေါင်းကို KuanLinအင်္ကျီထဲ အတင်းထိုးထည့်​​နေတယ်​....
    KuanLinက​တော့...သူ့က​လေးအား
တင်​ပါးပုတ်​ကာ ​ချော့​နေတယ်​...
     SungWoonနဲ့ WooJinက​တော့...
ရှေ့ဆုံးက​နေလျက်​...အာလူး​ကြော်​ဝါးကာ..
ကြည့်​​နေကြတယ်​...

     ဒါနဲ့...
OngNielနှစ်​​ယောက်​ ​ပျောက်​​နေတယ်​မထင်​ဘူးလား?
Ongnielနှစ်​​ယောက်​က​တော့....
အသံ​တောင်​မထွက်​နိုင်​​တော့...
မထွက်​နိုင်​ဆို...
Sofa​ပေါ်က ​ခေါင်း​အုံး​ပျော့​တွေကို...
ကိုက်​ထားတာ​ကြောင့်​​လေ...
တစ်​ချက်​..တစ်​ချက်​...သရဲ​ပေါ်လာတိုင်း...
မျက်​စိစုံမှိတ်​ကာ..တစ်​​ယောက်​ကိုတစ်​​ယောက်
ဖက်​ထားကြတယ်​...

ခုလည်း...
ကြက်​ကြီးလည်​လိမ်​​နေသလားမှတ်​ရတယ်​..
မျက်​နှာအ​နေအထားက...
ခုနှစ်​ရက်​ကြာ ပုပ်​​နေတဲ့...
ခရမ်းချဉ်​သီးအတိုင်းပင်​.....

 

ဇာတ်​လမ်းအဆုံး...
'The End'ဟု စာတန်းထိုး​နေတာ​တောင်​...
JiHoonအ​ကြောက်​မ​ပြေ​သေးသဖြင့်​...
Kuanlin...JiHoonကို bridal style ​ပွေ့ချီလျက်​....အ​ပေါ်ထပ်​ကိုတက်​သွားတယ်​....

Baby Piggy (Completed)Where stories live. Discover now