21(part-2)
573 60 9
သူတို့​တွေအားလုံး...
မနက်​​စော​စော8နာရီ​လောက်​ ဂျယ်​ဂျူဒိုက​နေ seoulကို ပြန်​လာခဲ့ကြတယ်​...
Danielနဲ့ SeongWuက​တော့..
ဆေးရုံကိုသာတန်းသွားပြီး JinYoungက​တော့ DaeHwiကို ဝင်​ပို့ပြီး ဆိုင်​ကိုပြန်​သွားတယ်​...
Kuanlinလည်း JiHoonအိမ်​ကို ဝင်​ပို့ပြီးတာနဲ့ အိမ်​ကိုပြန်​လာခဲ့တယ်​....
      အိမ်​ထဲ​ရောက်​​တော့ ပါလာတဲ့လက်​​ဆောင်​​တွေကို စတိုခန်းထဲထည့်​ပြီး မီးဖို​ချောင်​ထဲဝင်​ကာ ​ရေ​သောက်​လိုက်​တယ်​....
       အနည်းငယ်​ပူတာ​ကြောင့်​ ဝတ်​ထားတဲ့ Coatအင်္ကျီအား ဆွဲချွတ်​လိုက်​ရင်း GuGu​လေးကို လိုက်​ရှာ​နေတယ်​....
"GuGu​ရေ....ဘယ်​​ရောက်​​နေလဲ မီ..မီ..မီ"
       KuanLinအသံ​ကြောင့်​ အိမ်​​ရှေ့sofa​အောက်​နားတွင်​ အိပ်​​နေ​သော GuGu​လေးက ​ပြေးလာပြီး သခင်​ဖြစ်​သူရဲ့ ​ခြေတံရှည်​ရှည်​အား လက်​သည်း​လေး​တွေဖြင့်​ ကုတ်​​နေ​လေရဲ့...
     KuanLinလည်း ​ကြောင်​ဖြူ​လေး GuGuအား ဆွဲချီလိုက်​ရင်း အ​မွှေးဖွာဖွာ​လေး​တွေအား ပွတ်​သပ်​​ပေးကာ ရင်​ခွင်​ထဲ​ပွေ့ထားလိုက်​တယ်​...
"အိုး...GuGu​လေး paကိုလွမ်း​နေတာလား..ဟမ်​"
      Gu Guက နားလည်​​နေသလိုမျိုး ​'​ညောင်​...​ညောင်​'ဟု အသံပြန်​ပြုတယ်
     KuanLinလည်း GuGuအားချီလျက်​ မီးဖို​ချောင်​ထဲဝင်​သွားပြီး ​​ကြောင်​စာထုပ်​အားယူကာ ​ကြောင်​စာခွက်​​လေးထဲထည့်​ကာ ​ကျွေးထားလိုက်​ပြီး
ရေမြန်​မြန်​သွားချိုးလိုက်​တယ်​...
   GuGuက​တော့ စားပြီးလို့ လက်​နှင့်​ပါးစပ်​အား သပ်​​နေတယ်​...
     အခုရက်​ပိုင်း JiHoonနဲ့ မ​တွေ့ဖို့ သူဆုံးဖြတ်​ထားတယ်​....
      ဘာ​ကြောင့်​လည်းဆို​တော့ JiHoonတို့ အထက်​တန်း​နောက်​ဆုံးနှစ်​ စာ​မေးပွဲနီး​နေပြီ​လေ...
    သူလည်း စာအုပ်​ကိစ္စ​တွေ မပြီးပြတ်​​သေးဘူး..
ခု​တော့ ​နောက်​တစ်​အုပ်​​ရေးဖို့ စီစဉ်​ထားတာမို့ အလုပ်​ပြန်​စရ​တော့မည်​​ပေါ့....
       KuanLinလည်း GuGuကိုချီလိုက်​ပြီး
အိပ်​ခန်းထဲသို့သာ ဝင်​လာကာ ကုတင်​​ပေါ်လှဲလိုက်​ရင်း Laptopကိုထုတ်​ပြီး စာအုပ်​ထုတ်​​ဝေပြီးစာရင်း​တွေကို စစ်​​နေလိုက်​တယ်​...
      ဒီတစ်​​ခေါက်​စာအုပ်​ Let Me Outက အ​တော်​​လေး ​ရောင်းအား​ကောင်းခဲ့တာပဲ.....
အုပ်​​ရေ​ပေါင်း10000​လောက်​​ရောင်းလိုက်​ရတယ်​..
တစ်​အုပ်​ရဲ့ တန်​ဖိုးက 7000ဝမ်​ဆို​တော့...
အ​တော်​​လေး မြတ်​လိုက်​တာ​ပေါ့...
(Notes:သင်္ချာမကျွမ်းလို့ မတွက်​ပြ​တော့ဘူး😄)
စာအုပ်​တိုက်​ကလည်း မိဘပိုင်​ဆို​တော့...
နစ်​မွန်းစရာတစ်​ကွက်​မှမရှိ...
သူ့မိဘ​တွေက သူ့ကိုအရမ်းချစ်​​ပေမယ့်​....
JiHoonနဲ့ ကိစ္စကို​တော့ လုံးဝခွင့်​မပြုတာက ခက်​သည်​....
တစ်​ခု​တော့ ​ကောင်းသည်​က...
သူ့fan​တွေ​ပေါ့..
သူနဲ့JiHoonကို ship​နေကြပြီး
Laji couple,LinHoon,GuanHoon
စသဖြင့်​ Page​တွေ​တောင်​ ​ထောင်​ထား​လေရဲ့...
တချို့က​တော့ အပြစ်​တင်​ရှုံ့ချလျက်​ ဆဲဆိုသူများက ရှိ​သေးသည်​....
သူနဲ့JiHoonကိစ္စမှာ...
JiHoonမိဘ​တွေဘက်​က သ​ဘောတူ​သော်​ငြား
သူ့မိဘ​တွေက​တော့ လုံးဝပင်​ သ​ဘောမတူ...
KuanLin ထိုကိစ္စများအား ​ခေါင်းထဲမှဖယ်​ထုတ်​ရင်း ​နောက်​ထပ်​ဝတ္ထုအတွက်
ကုန်​ကြမ်းကိုသာ​တွေး​တော​နေလိုက်​​တော့တယ်​...
သူသိပ်​ပင်​ မစဉ်းစားလိုက်​ရ...
ဇာတ်​လမ်းတစ်​ခု ရလိုက်​တယ်​...
ဇာတ်​လမ်းနာမည်​က....
"Lai oppaနဲ့ Baby Hoon"
Update😊😊
19.11.2018
ရင်​​တွေခုန်​​နေပါပြီ😭
Power Of Destiny
Baby Piggy (Completed)Where stories live. Discover now