13

881 83 10
                                    

"ဒီကဗျာရဲ့...mean​တွေကို noteချ​ရေးထားပြီး
နက်​ဖြန်​စာအုပ်​ထပ်​ရမယ်​...
ပြီး​တော့...​နောက်​လစာ​မေးပွဲရှိတယ်​​နော်​....
စာလုပ်​ကြအုံး....အတန်းဆင်းမယ်​..Goodbye class.."

"Goodbye teacher...Thankyou Teacher.."

အခန်းထဲက​နေ ဆရာမထွက်​သွားတာနဲ့....
စာအုပ်​​ပေါ် note​တွေ​ရေးမှတ်​​နေ​သော JiHoon​ခေါင်း​ထောင်​လာတယ်​....

"ဆရာမသွားပြီလား...သိ​တောင်​မသိလိုက်​ဘူး"

"စာဂျပိုး....ခုမှလာပြီး စာ​တွေအသည်းအသန်​လုပ်​ပြ​နေတယ်​"

ဘေးနားကWooJinက ထိုသို့​ပြော​တော့...
JiHoonက တပ်​ထားတဲ့ မျက်​မှန်​ဝိုင်း​လေးအား...
တစ်​ချက်​ပင့်​တင်​ရင်း...

"လုပ်​ရမယ်​ဟ...
ဒါမှ...ငါ​စာ​တော်​မှ...
ကိုကို့မိဘ​တွေက...သ​ဘောတူမှာ​ပေါ့ကွ"

စပ်​ဖြီးဖြီး​လုပ်​ကာ ​ပြော​နေ​သော JiHoonကို ကြည့်​ပြီး...WooJinက​တော့..​ခေါင်းတခါခါဖြင့်​..
WooJinက...လွန်​ခဲ့တဲ့တစ်​လကတည်းက...
JiHoonတို့​​ကျောင်းကို ​ပြောင်းလာပြီး တက်​​နေတာ​ပေါ့....

"​ဟေ့...ငါတို့လာပြီ"

DaeHwiအသံ​ကြောင့်​...အသံလာရာအား
နှစ်​​ယောက်​လုံး လှမ်းကြည့်​မိ​တော့...အခန်း​ပေါက်​ဝတွင်​ ရပ်​​နေကြ​သော DaeHwiနဲ့
SungWoon...

"မင်းတို့ဘယ်​သွားတာလဲ..."

မျက်​မှန်​​လေးအား...လက်​ဖြင့်​ပင့်​တင်​ကာ...
မေးလာ​သောJiHoonကို DaeHwiက အနား​ပြေးလာကာ...လက်​​မောင်းအားရိုက်​ပြီး...

"အိမ်​သာ​ဟေ့...​ခု​ကျောင်းဆင်းပြီဆို​တော့...
ငါတို့JinYoung Hyungရဲ့ ဆိုင်​ကိုသွားရ​အောင်​"

သွားဖြီးပြကာ...အတင်းသွားရန်​​ပြော​နေ​သော
DaeHwi​ကြောင့်​ SungWoonက WooJin​ပေါင်​​ပေါ်ထိုင်​​နေရာမှ ထလာပြီး....

"​ပြော​တော့...မကြိုက်​ဘူးဆို....
မိန်းမပဲယူမှာဆို....အား​နေ အဲ့ဆိုင်​ပဲ သွား​နေတယ်​"

SungWoonက WooJin​ပေါင်​​ပေါ် ထိုင်​​နေ​တော့...ထူးဆန်းသွားသလား?
သူတို့နှစ်​​ယောက်​က....လွန်​ခဲ့တဲ့ တစ်​လ စ​တွေ့ပြီး
နောက်​တစ်​ပတ်​အကြာမှာ...ချစ်​သူ​တွေဖြစ်​ခဲ့ကြတယ်​​လေ....

Baby Piggy (Completed)Where stories live. Discover now