4

1.3K 97 15
                                    

"Aiyaaa.......!"

"ဘုန်း!"

JiHoon သူ့​ကျော​ပေါ်က Kuan Linအား
အိမ်​​ရှေ့sofa​ပေါ်သို့ ဘုန်းခနဲ ပစ်​ချလိုက်​ပြီး နာကျင်​သွား​သော ​ကျောပြင်​အား လက်​သီးဆုပ်​​လေးဖြင့်​ ထု​နေရင်းမှ...

"ဘယ်​လို​လောရှည်​​ကောင်​လည်း....
လူကြည့်​​တော့ဖြင့်​ အရိုးချည်း..
ကျောပိုးကြည့်​မှ အ​လေးကြီး..."

ပါးစပ်​မှလည်း ပွစိပွစိ လုပ်​​နေရင်း ​ကျောကုန်းကိုလည်း လက်​သီးဆုပ်​​လေးဖြင့်​ ထု​နေကာ
လက်​တစ်​ဖက်​မှ အထုပ်​များကို စားပွဲ​ပေါ်လှမ်းတင်​​နေတယ်​....

"ဟဲ့...အဲ့တာ ဘယ်​သူလဲ...JiHoon"

မီးဖို​ချောင်​က​နေ ထွက်​လာတဲ့ommaဖြစ်​သူရဲ့ အ​မေးကို ပြန်​​ဖြေရန်​ မျက်​နှာကို အနည်းငယ်​ ရှုံ့မဲ့လိုက်​ကာ...နှုတ်​ခမ်း​လေးဆူရင်း...

"Ommaရယ်​...အဲ့တာstalker​လေ...
ကျွန်​​တော်​ထင်​တာ​တော့ စိတ္တဇလူသတ်​သမား
ဖြစ်​မယ်​ထင်​တယ်​"

သူထင်​ရာမြင်​ရာကို နှုတ်​ခမ်းတ​ထော်​​ထော်​ဖြင့်
ရှင်းပြ​နေ​သော သားဖြစ်​သူရဲ့ စကားကို နားမ​ထောင်​ဘဲ
Sofaနားသွားကာ မျက်​နှာကို ငုံ့ကြည့်​လိုက်​​တော့..

"အားးးးးး....!"

"ဘာ...ဘာဖြစ်​လို့လဲ omma.."

ရုတ်​ချည်းထ​အော်​လိုက်​တဲ့ အ​မေဖြစ်​သူအနား
အလန့်​တကြားသွားပြီး ​မေးလိုက်​​တော့...

"Park JiHoon နင်​​တော့​သေ​တော့မယ်​"
"ဗျာ...omma..သားကဘာလို့ ​သေရမှာတုန်း"
"အဲ့ဒါ ဘယ်​သူလို့ ထင်​တုန်း!"
"Stalkerလား...?"
"yaa..အဲ့ဒါ စာ​ရေးဆရာ​လေးEdward Laiဟဲ့"
"ဘာ...ဘာကြီး..အက်​ထဝက်​ လာအီ? ဘာကြီးလဲ"

Ommaဖြစ်​သူက ​ပြောပြ​နေတာ​တောင်​မှ အခုထက်​ထိ သ​ဘောမ​ပေါက်​စွာ အူလည်​လည်​ဖြင့်
ပြန်​​မေး​နေ​သေးတဲ့ Park Ji Hoon....

"အင်း...ဟင်း..ဟင်း"

သားအမိနှစ်​​ယောက်​ ရှင်းတမ်းဖွင့်​​နေချိန်​ sofa​ပေါ်မှ Kuan Linနိုးလာပြီး နာကျင်​​နေ​သော
နဖူးမှ အာလူးအား လက်​ဖြင့်​ကိုင်​ကာ ညည်းတွား​နေတယ်​....

Baby Piggy (Completed)Where stories live. Discover now