14(part-2)
722 88 5
ထမင်းဝိုင်း​လေးတွင်​​တော့...
"​ကောင်း​ကောင်းစားပါ့မယ်​...omma"
"အင်း...သား​လေး..စားစား..."
       အ​မေဖြစ်​သူ ပြုတ်​​ပေး​သော မီ​ယောဂု​လေးအား
သောက်​​နေ​သော Seong Wuနှင့်​ သားဖြစ်​သူအား
ဂရုဏာသက်​စွာကြည့်​​နေကြ​သော မိဘနှစ်​ပါးတို့အား
Daniel​ငေးကြည့်​​နေမိရင်းမျက်​ရည်​ဝဲလာရပြန်​တယ်
   ဟုတ်​သည်​​လေ...သူ့မှာ အ​မေမှမရှိ​တော့တာ...
အ​မေဆုံးပြီးကတည်းက မိခင်​​မေတ္တာငတ်​ခဲ့ရတဲ့ သူ့အဖို့ ဒီလိုမြင်​ကွင်းဟာ  အားကျ ဝမ်းနည်းစရာ​ပေါ့
"ဆရာ​လေးလည်း စား​လေ..ဘာဖြစ်​လို့လည်း
ဟင်းရည်​က ပူလို့လား? မျက်​ရည်​ဝဲ​နေသလိုပဲ"
      Seong Wuရဲ့ အ​မေ​ပြောမှ Daniel
ကျလုဆဲ မျက်​ရည်​တို့အား သုတ်​ပစ်​ရင်း...
"မ..မဟုတ်​ပါဘူး..အန်​တီ...
ကျွန်​​တော်​​သောက်​ပါ့မယ်​"
      စကား​တွေ ထစ်​​ငေါ့စွာ ​ပြောပြီး မီ​ယော့ဂုကို ​ခေါင်းမ​ဖော်​တမ်း ​သောက်​​နေ​သော Danielကို
Seong Wu နားမလည်​စွာ ​ငေးကြည့်​​နေမိတယ်​...
'ဒီလူကြီး...ဘာဖြစ်​သွားတာပါလိမ့်​'
"Da..daniel....ခင်​ဗျား အိပ်​​နေပြီလား?"
"အင်း....အိပ်​​တော့မှာပါ...
မင်း​ရော..."
"အဟင်း...ခင်​ဗျားကို ​မေးစရာရှိလို့"
     ရုတ်​တရက်​ ​ဘေးကိုလှည့်​လာကာ ​ပြော​သော Daniel​ကြောင့်​ Seong Wuအကြည့်​လွှဲလိုက်​ကာ ​မေးချင်​​နေ​သော ကိစ္စဆီသို့သာ စကားစလိုက်​တယ်​...
"အင်း...​မေး​လေ...ဘာသိချင်​လို့လဲ"
"ခင်​ဗျား...ဘာလို့ ခုနက ထမင်းစား​တော့...
ငိုတာလဲ"
"အဟင်း...မင်း သိချင်​​နေတယ်​​ပေါ့''
"ဟုတ်​တယ်​..."
Baby Piggy (Completed)Where stories live. Discover now