10

997 93 6
                                    

ဟင်းပွဲ​တွေ ပြင်​ဆင်​​နေရင်း နံရံကနာရီကို ​မော့ကြည့်​မိ​တော့...ည​နေ3နာရီခွဲ​နေ​လေပြီ....
     ချိန်းထားသည့်​ အချိန်​လွန်​​နေပြီမို့ ခါးမှ apronအား ဆွဲချွတ်​ရင်း အဝတ်​အစား မြန်​မြန်​လဲကာ ဝန်​ထမ်း​တွေအား မှာစရာရှိတာ မှာပြီး
JinYoung ထွက်​လာရန်​ တံခါးအဖွင့်​ TVမှ လာ​နေ​သော မိုး​လေဝသ သတင်း​ကြောင့်​ ဆိုင်​​ဒေါင့်​တွင်​ ထားထား​သော ထီးများစွာထဲမှ အဝါနု​ရောင်​​ဂေါက်​ထီး​လေးအား ဆွဲယူကာ ကားဂိတ်​သို့ထွက်​လာခဲ့တယ်​...

"ဟုတ်​ကဲ့...​ကျေးဇူးတင်​ပါတယ်​ဗျာ...
ခုလိုတစ်​ဆင့်​ပြန်​​ရောင်းလို့.."
"ရပါတယ်​...ကျွန်​​တော့်​မှာက နှစ်​ခု​တောင်​ရှိတာ​လေ..
အဲ့ဒါ​ကြောင့်​.."
"ဘာပဲဖြစ်​ဖြစ်​...​ကျေးဇူးတင်​ပါတယ်​"

      မျက်​စိ​ရှေ့မြင်​​နေရတဲ့ အကန့်​အသတ်​နဲ့ ထုတ်​ထားတဲ့ USAက MTechတံဆိပ်​နဲ့ Knife Set​လေးအား ကြည့်​ပြီး ​ပျော်​​နေမိတယ်​....
    ပြန်​​ရောင်း​ပေးတဲ့ Chefအကိုကိုလည်း အရမ်းပဲ
ကျေးဇူးတင်​​နေမိတယ်​...
       ဝယ်​ယူမှုပြီးစီး​တော့ Knife Set​ Box​လေးအား ဆွဲလျက်​ ထီးအား လက်​မှကိုင်​ကာ
ကားဂိတ်​ဆီ ပြန်​​လျှောက်​လာခဲ့တယ်​...
        Busကား စီးလာရင်း ​ဆင်းရမယ့်​ ဂိတ်​​ရောက်​​တော့ ဆင်းလာရင်း မိုးက ရုတ်​တရက်​ ရွာချ​တော့တယ်​....
       ကားဂိတ်​ဆီသို့ အမြန်​​ပြေးပြီး မိုးခိုရင်း Kinfe Boxကို ​သေချာစစ်​​ဆေးလိုက်​ရ​သေးတယ်​...
      ခန​နေ​တော့ JinYoungလည်း ထီးဖွင့်​ပြီး သွားမည်​အလုပ်​ ဂိတ်​ဆီသို့်​ ​ပြေးလာ​နေ​သော ​ကောင်​​လေးတစ်​​ယောက်​​ကြောင့်​ ထီးခလုတ်​ဆီမှ လက်​​ချောင်းတို့ရပ်​တန့်​သွားရတယ်​...
   ထို​ကောင်​​လေးက ဂိတ်​မှာ မိုးခိုရင်း ​ကျောင်းအင်္ကျီ​ပေါ်က မိုး​ရေစက်​တို့အား ဖယ်​ရှားရင်း
ပါးစပ်​ကလည်း မိုးကိုကျိန်​ဆဲ​နေ​သေးတယ်​....

"မိုးစုတ်​...ငါ​ကျောင်းဆင်းမှ လာရွာရသလား!
တကယ်​ပါပဲ...ဒီ​လောက်​သည်း​နေမှ​တော့
အိမ်​ကို ဘယ်​လို ပြန်​ရ​တော့မှာလဲ?"

       ပါးစပ်​လှုပ်​စိလှုပ်​စိနဲ့ ​ပြောလည်း​ပြော သူ့ရဲ့ မိုးစို​နေ​သော ဆံပင်​တို့အားလည်း လက်​တစ်​ဖက်​ဖြင့်​ ဖွ​နေတယ်​...
      သူဒီဘက်​လှည့်​လာလို့ မျက်​နှာအား ​သေချာကြည့်​မိ​တော့....ဟို​နေ့က​ကောင်​​လေးပဲ...

Baby Piggy (Completed)Where stories live. Discover now