25(Final)
1K 68 30
PanWink's Room;
  JiHoonတစ်​​ယောက်​ KuanLinပြန်​မလာခင်
ရေချိုးလိုက်​ပြီး ညအိပ်​ဝတ်​စုံပန်း​ရောင်​​လေးအား ထုတ်​ဝတ်​ကာ ကုတင်​​ပေါ်တက်​လှဲပြီး ​စောင်​ခြုံကာ အိပ်​​နေတယ်​...
"Oh....Baby​လေး အိပ်​​နေပြီလား"
       အခန်းထဲဝင်​လာတဲ့ KuanLinက ကုတင်​​ပေါ် ဆန့်​ဆန့်​ကြီး အိပ်​​နေ​သော JiHoonကို မြင်​​တော့ ပြုံးကာ ​ပြောရင်း ကုတင်​နားကို ​လျှောက်​လာတယ်​....
"Baby...တကယ်​ အိပ်​​နေတာ​ရော ဟုတ်​ရဲ့လား?"
"ဟုတ်​တယ်​..."
       အိပ်​ချင်​​ယောင်​​ဆောင်​​နေ​သော JiHoonကို စချင်​လာတာ​ကြောင့်​ ​ပြောမိ​တော့ JiHoonက မျက်​လုံးကြီး စုံမှိတ်​ပြီး 'ဟုတ်​တယ်​...'ဟု ​ပြောလာတာ​ကြောင့်​ KuanLinအသံထွက်​​အောင်​ ရယ်​လိုက်​ရင်း JiHoonကို ဖက်​လိုက်​တယ်​...
"ဟား...ဟား..
အိပ်​​နေတဲ့ သူကလည်း ပြန်​​ဖြေတတ်​တယ်​​ပေါ့..
ဘယ်​လို​တောင်​ အလိမ်​​တော်​ရတာလဲ...
Babyပုချိရဲ့...မွ"
       ပါး​ဖောင်း​ဖောင်း​လေးအား နမ်းလိုက်​​တော့ မျက်​လုံးပြူးကြီးနဲ့ KuanLinကို တွန်းထုတ်​​ရော..
"ဟာ...လူဆိုးကြီး
ခင်​ဗျားအကြံ ကျုပ်​မသိဘူးများ ထင်​​နေလား?"
"​ပြောစမ်းပါအုံး
ကိုယ်​က ဘာ​တွေကြံ​နေလို့လဲ..ဟမ်​"
      မသိချင်​​ယောင်​​ဆောင်​ကာ ​မေးလိုက်​ပြီး JiHoonကိုယ်​လုံး​လေးကို ​ပေါင်​​ပေါ်ဆွဲတင်​ကာ ဖက်​ထားလိုက်​တယ်​...
"ဟိုအကြံ​လေ...
အဟမ်း...မရဘူး​နော်​...
လုံးဝမရဘူး..."
"ကိုယ်​လည်း ဘာမှမ​တောင်းပဲနဲ့..
ဘာလို့ မရဘူးချည်း စွတ်​​အော်​ ​နေရတာလဲ"
"ဟင်း...
မသိချင်​​ယောင်​​ဆောင်​မ​နေပါနဲ့...
ကိုကိုလည်း ​ယောကျာ်း..
ကျွန်​​တော်​လည်း ​ယောကျာ်းပဲ...
ဒီညက..မင်္ဂ..မင်္ဂလာ..ဦးည​လေ"
Baby Piggy (Completed)Where stories live. Discover now