7

1.1K 123 16
                                    

"KuanLin​ရေ....ငါတို့်လာတယ်​"

     အိမ်​​ရှေ့က​နေလှမ်း​အော်​ကာ ဝင်​လာကြတဲ့ Seong Woo နဲ့ Jinyoung...
    Seong Wooက ခရီးက ပြန်​လာပြီမို့ သူအပ်​ထားခဲ့​သော သူ့ရဲ့ ​ခွေးစုတ်​ဖွား မည်းမည်း​လေး
Bumbအား လာ​ခေါ်ရင်း Jinyoungကပါ လိုက်​လာကာ တစ်​ခွက်​တစ်​ဖလား
သောက်​ရန်​အတွက်​ပါ ပြင်​ဆင်​လာကြခြင်းပင်​....
     Passwordသိ​နေသည်​မို့ ဖွင့်​ပြီး ဝင်​လာကာ
အထဲ​ရောက်​​တော့ ဧည့်​ခန်းမှာ ပစ္စည်း​တွေချပြီး အိမ်​ရှင်​KuanLinအား လိုက်​ရှာရပြန်​သည်​...

"​ဟျောင့်​....မင်းဘယ်​မှာလဲ..အား...လန့်​တာကွာ"

     Linရဲ့ အခန်းတံခါးအား ဖွင့်​ဝင်​လာကြရင်း ကုတင်​​အောက်​က တန်းလန်းထွက်​​နေ​သော ​ခြေ​ထောက်​နှစ်​​ချောင်း​ကြောင့်​ Ongခမျာ လန့်​ပြီး ​အော်​ရသည်​အထိ...

"​ဟေ့​ကောင်​...မင်း..မင်း..ကိုယ်​တုံးလုံးကြီးလားကွ"

     မျက်​နှာအား လက်​နှစ်​ဖက်​ဖြင့်​ အုပ်​လျက်​ ​အော်​​နေ​သော Ongနှင့်​အတူ Baeကပါလိုက်​​အော်​တယ်​...

"Kuan Linရယ်​...တစ်​​ယောက်​ထဲ​နေတယ်​ ဆိုပြီး
တုံးလုံး​တော့ မ​နေပါနဲ့ဟ...ငါရှက်​တယ်​"

      မျက်​နှာ​သေး​သေး​လေး တစ်​ခုလုံး ဖုံးသည်​အထိ မျက်​နှာအား လက်​ဖြင့်​အုပ်​၍ အာသံပြဲဖြင့်​ ​အော်​​နေ​သောBae....
     ကုတင်​​အောက်​က ​ခြေ​ထောက်​နှစ်​​ချောင်းရဲ့ ပိုင်​ရှင်​ ကိုတုံးလုံး..အဲ​လေ..မှားလို့..Linထွက်​လာတယ်​...

  ဝတ်​ထား​သော စွယ်​ကျယ်​အပြာနု​လေးက ပုခုံးအထိ ကျ​နေသည်​မို့ ဆွဲတင်​ရင်း ​ပေါင်​ရင်းနား ​ရောက်​​နေ​သော ​ဘောင်းဘီအား ဆွဲတင်​ကာ...
ရှုပ်​ပွ​နေ​သော ငှက်​သိုက်​​ကေကြီးဖြင့်​ မျက်​လုံးရွဲကြီးဖြင့်
သူငယ်​ချင်း နှစ်​​ယောက်​အား ကြည့်​ကာ...

"Ong,Bae...ငါ့..ငါ့သား​လေး ရှိ​တော့ဘူးကွ..
အီး..ဟီး"

"ဘာ..!"

     Linအ​ပြော​ကြောင့်​ ဟိုနှစ်​​ယောက်​ခမျာ အသံပြိုင်​တူ​အော်​လျက်​ Linအား​ပြေးဖက်​ကာ....

Baby Piggy (Completed)Where stories live. Discover now