ဈေးရောင်းသူ...ဈေးဝယ်သူတို့ဖြင့်
ဆူညံပြည့်ကျပ်နေသည့် ဂျယ်ဂျူဈေးထဲ
JinYoungခမျာ သူ့ကလေးရဲ့လက်ကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်လျက် တိုးဝင်နေရတယ်..
သူကသာ ချွေးတလုံးလုံးဖြင့် မောဟိုက်နေရှာတာ
Lee Dae Hwiကတော့ အသားလုံးကြော်ချောင်းကို ပါးစပ်နှင့်မပြတ် ပလပ်ပလပ်နှင့် စားနေရှာတယ်....JinYoung...Dae Hwiကိုလည်း ဆွဲခေါ်ရသေး.. လက်တစ်ဖက်က အထုပ်တွေလည်း ဆွဲထားရသေးတယ်...
အကောင်ပေါက် Dae Hwiမှာတော့...
သူ့လက်ထဲက ဝက်သားလုံးကြော်လောက်ပင် JinYoungကို စိတ်မဝင်စားနိုင်...
ဝက်သားလုံးကြော်အား နှစ်များစွာဝေးကွာနေသည့် သူ့ရည်းစားလား အောက်မေ့ရ...ပလပ်ပလပ်နှင့်ကို စားနေရှာတာ...
ကားဆီရောက်တော့..JinYoungကသာ အထုပ်တွေ ကားထဲထည့်နေပေမယ့် Lee Dae Hwiကတော့ ကားထဲဝင်ထိုင်ကာ ဝယ်လာသည့် ရေဘဝဲကြော်အား စားနေပြန်ရော...JinYoung မောမောဖြင့် ကားထဲဝင်ထိုင်ကာ
အဲကွန်းဖွင့်ရင်း အနားယူကာ ချွေးဖြင့် ကပ်နေသည့် ရင်ဘတ်မှ အင်္ကျီစအား ဆွဲဖယ်ကာ ကြယ်သီးနှစ်လုံးလောက်ဖြုတ်တော့ ထအော်သော Dae Hwi..."အား....ခင်ဗျားကြီး..
ဘာယို့...ကြယ်တီးတွေ ဖြုတ်နေတာယဲ..
ဘယ်တောင်မကို ပြဖို့ယဲ"ရေဘဝဲကြော်အပြည့်သွပ်ထားသော ပါးစပ်ဖြင့် မပီကလာပီကလာ ဝူးဝူးဝါးဝါးတွေ အော်နေသော Dae Hwiကြောင့် JinYoung ကြယ်သီးတွေအမြန်ပြန်တပ်ရင်း..
"ဟာ...ကလေးကလည်း...
ကားထဲမှာလေ...ဘယ်သူက မြင်မှာလဲ
ကလေး ပါးစပ်ကိုလည်းကြည့်ဦး..ပေပွနေတာပဲ
ကလေးက..ကလေးလား?"ပါးစပ်အား တစ်ရှုးဖြင့် သုတ်ပေးရင်း ပေါက်ကရတွေ လာပြောနေသော JinYoungကြောင့် Dae Hwiက...
"ကလေးက ကလေးလားတဲ့လား..
ဘာတွေလာပြောနေတာလဲ?
ကလေးက..ကလေးမဟုတ်လို့်
လူကြီးလား?"ပတွတ်ပတွတ်နဲ့ ရန်ပြန်တွေ့တဲ့ Dae Hwi ကောင်းမှု အကြောင်းပြု၍ Bae JinYoungမျက်နှာထက်ဝယ် ရေဘဝဲအသားဖတ်လေးများ လှပစွာပင် ကပ်ညိသွားလေရဲ့...သားရည်လေးတွေက အဆစ်ပါလိုက်သေးတယ်....