Extra-2
574 55 20
ရွာလယ်​က ​ဆေးခန်း​လေးဟာ...
ဘိုးဘိုး ဘွားဘွားတို့နဲ့ ပြည့်​​နေတယ်​...
Doctor​တွေ​ရော...
Nurse​တွေ​ရော....
တစ်​ချက်​မှမနားရ​ပေ....
"ဘိုးဘိုးရယ်​....မတည့်​တဲ့ အစားအစာ​တွေ
မစားရဘူး​လေ...​နော်​..ကျွန်​​တော်​ ​ဆေး​ပေးလိုက်​မယ်​ မှန်​မှန်​​သောက်​ရမှာ​နော်​...​နောက်​တစ်​ခါ ​လာပြတာ မ​တွေ့ချင်​​တော့ဘူး...ကျန်းမာ​အောင်​​နေ​နော်​...ဘိုးဘိုး"
"ဟုတ်​ကဲ့ပါ..ဆရာဝန်​​လေးရယ်
ဆရာဝန်​​လေးတို့က သိပ်​သ​ဘော​ကောင်းတာပဲ...
အလကားလည်း ကု​ပေးတယ်​...
ကျေးဇူးပါကွယ်​..."
"ရပါတယ်​...ဘိုးဘိုးရယ်​...
ဆရာမNa​ရေ..ဘိုးဘိုးကို တွဲပြီး ပို့​ပေးလိုက်​အုံး"
"ဟုတ်​ကဲ့ပါရှင့်​..."
     အဘိုးဟာ ​ဆေးထုပ်​​လေးကိုင်​ပြီး nurseမ​လေးနဲ့ အတူ ​ဆေးခန်းထဲမှ ထွက်​သွားတယ်​...
     SeongWuလည်း အဖိုးအဘွားတို့ကို ကြည့်​ပြီး ကြည်​နူးပီတိဖြစ်​​နေရတယ်​...
"နည်းနည်း နာမယ်​​နော်​...အဘွား
နာရင်​ ကျွန်​​တော့်​လက်​ကိုကိုင်​ထား"
   ဘွားဘွားက​တော့...ပြုံးပန်း​ဝေလျက်​​ပေါ့.....
နေ့လည်​ပင်​ ​ကျော်​​နေပြီမို့...
ဆေးခန်းခဏပိတ်​ကာ...​နေ့လည်​စာစားရန်​ ပဲ​ခေါက်​ဆွဲမှာထားလိုက်​တယ်​....
Nurseမ​လေးနှစ်​​ယောက်​ဖြစ်​တဲ့ Naနဲ့ Kimတို့က​တော့ ​ဆေး​ကောင်​တာက အမှိုက်​တစ်​ချို့ကို သိမ်းဆည်း​နေကြတယ်​...
   Danielက​တော့ တစ်​ဖက်​ခန်းက SeongWuဆီသို့ သွားကာ ကပ်​ချွဲ​တော့တယ်​...
"OngOng​လေး....ကိုတို့ ဒီည ည​ဈေးသွားရ​အောင်​...​နော်​...​နော်​လို့"
     ခုံတွင်​ထိုင်​​နေ​သော Ongကို အတင်းဖက်​ကာ ချွဲ​နေ​သော Niel​ကြောင့်​ Ongက မျက်​လုံးတစ်​ချက်​ ​စွေကြည့်​ရင်း ​ပြောလာတယ်​...
Baby Piggy (Completed)Where stories live. Discover now