12(part-2)
896 83 10
နာရီဝက်​ခန့်​အကြာမှာ....
အိမ်​ထဲမှ KuanLinနဲ့ သူ့ရဲ့မိဘ​တွေ
ထွက်​လာကြတယ်​...
ခြံထဲက JiHoonတို့နဲ့ Ongတို့ကလည်း
အလိုက်​သိစွာပင်​...မတ်​တတ်​ရပ်​ကာ...
အရိုအ​သေ​ပေး နှုတ်​ဆက်​လိုက်​ကြတယ်​...
"အင်း...သားတို့​ရေ...
အန်​ကယ်​တို့က ပွဲတစ်​ပွဲတက်​စရာရှိလို့...
ပြန်​​တော့မယ်​"
        အပြုံးချိုချိုတို့နဲ့...နှုတ်​ဆက်​ကာ ထွက်​သွား​သော
KuanLinမိဘ​တွေကို....JiHoonကြည့်​ရင်း...
တွေးမိသည်​က...အ​တော်​ သ​ဘော​ကောင်းမည့်​ လူသားများပင်​ဖြစ်​လိမ့်​မည်​ဟု....
     မိဘတို့အား အိမ်​​ရှေ့ထိလိုက်​ပို့ပြီး ခြံ​ရှေ့တွင်​ရပ်​ထား​သော ကားအနက်​​ရောင်​​ပေါ်သို့ မိဘ​တွေ တက်​သွားပြီး ကား​မောင်းထွက်​သွားမျေ ပြန်​လာ​တယ်​....ခြံထဲပြန်​ဝင်​လာတဲ့....
Kuan Linရဲ့ အနားကို JiHoon ​ပြေးသွားရင်း..
လက်​နှစ်​ဖက်​အား..ဆွဲကိုင်​ကာ...
"ကိုကို....ကိုကို့မိဘ​တွေက ဘာ​ပြောလဲဟင်​?
ခွင့်​ပြုတယ်​တဲ့လား?...သ​ဘောတူတယ်​တဲ့လား?"
မေးလာတဲ့...မျက်​လုံးမှာ အ​ရောင်​​လေး​တွေ​တောင်​...
လဲ့​နေတဲ့...JiHoonရဲ့...အ​မေးကို...
Kuan Linမည်​သို့...ပြန်​​ဖြေရမယ်​မသိရှာ....
"ဟင်း......
Hoonieရယ်​....
Paနဲ့Maက​လေ....
သ​ဘော...မတူနိုင်​ဘူးတဲ့...."
      ထိုစကားကိုကြား​တော့....JiHoonမျက်​နှာ​လေး
ညိုးသွားခဲ့​ပေမယ့်​....ပြန်​လည်​ပြုံးပြလာပြီး...
"ဟီး...ကိုကိုရယ်​...
စိတ်​မညစ်​ပါနဲ့....
ကြိုး..ကြိုးစားရင်​ ရတာပဲကို...
မဖြစ်​နိုင်​တာ..မရှိပါဘူး....
ဟုတ်​တယ်​​နော်​..."
"အင်း....
ဟုတ်​တာ​ပေါ့...
Hoonie​လေး ​ပြောတာ မှန်​တယ်​...
ကဲ...အဲ့ကိစ္စကို ​ခေါင်းထဲက ထုတ်​လိုက်​...
ခု​တော့ ​ပျော​ပျော်​​နေတာ​ပေါ့..."
"ကိုကိုလာအီ...လာ..
BBQသွားစားကြမယ်​"
      သူတို့နှစ်​ဦးရဲ့ ​ပျော်​ရွှင်​​နေမှု​လေးကို..
ဘေးနားက ရပ်​ကြည့်​​နေကြတဲ့...သူငယ်​ချင်း​တွေအဖို့
နှစ်​သိမ့်​စွာ ကြည့်​​ပေး​နေရုံမှတစ်​ပါး...ဘာမျှ မတတ်​နိုင်​...
Baby Piggy (Completed)Where stories live. Discover now