16

698 68 10
                                    


Kuanlin အိမ်​မှာ တစ်​​ယောက်​တည်း...
ပျင်းရိစွာ Laptopနဲ့ ဂိမ်း​ဆော့​နေတယ်​....

"ဟူး!"


ရှုံးသွားတဲ့ gameကိုကြည့်​ပြီး အလိုမကျစွာ
နဖူး​ပေါ်ဝဲကျ​နေတဲ့ ဆံသားတို့ကို ​လေနဲ့မှုတ်​ထုတ်​ရင်း
Sofa​ပေါ် လှဲချကာ phoneယူပြီး Hoonဆီ လှမ်းဆက်​ဖို့ လုပ်​​တော့...သူ​ပြောထားတဲ့ စကားတစ်​ခွန်းကို ပြန်​​တွေးမိပြီး စိတ်​ပျက်​စွာ ပါးချိုင့်​ကြီး ခွက်​ဝင်​​အောင်​ နှုတ်​ခမ်း​ထော်​မိတယ်​....

Park Jihoonဆိုတဲ့...
သူ့ရဲ့ Baby Piggyက ဘာ​ပြောထားတယ်​ ထင်​သလဲ?

"ခုရက်​ပိုင်း ဖုန်းလာမဆက်​ပါနဲ့...ဖုန်းဆက်​ရင်​ အပြတ်​ပဲ"တဲ့​​လေ....

သူ့မှာ​တော့...​မွေး​နေ့​လေးနီးလာလို့ ​မွေး​နေ့လုပ်​မယ့်​ အ​ကြောင်း သူ​လေးနဲ့ ​ဆွေး​နွေးပါမယ်​ဆိုကာမှ ဘာထဖြစ်​တယ်​မသိ....

သူ့က​လေး​လေးကို မ​တွေ့ရ​တော့ သူ့ခမျာ...
ရင်​ပူသလို...စိတ်​မချဖြစ်​...ဘာ​တွေများလုပ်​​နေသလဲနဲ့
အ​တွေး​ပေါင်းစုံနဲ့ ဗျာများ​နေရတာ...
ဒင်း​လေးက​တော့...ဖုန်းတစ်​ခါ​တောင်​ မ​ခေါ်ဘူး...
သူငယ်​ချင်း​တွေကလည်း ​​မွေး​နေ့​လေး နီးလာမှ ဟိုဟာဖြစ်​သလို...ဒီဟာဖြစ်​သလိုနဲ့...အိမ်​ပင်​မလာကြ​တော့....
Jinyoungဆိုသည်​မှာလည်း....
တစ်​ချိန်​လုံး"က​လေး...က​လေး"နဲ့ က​လေးအ​ဖေကြီး ကျ​နေတာပဲ....​Daehwiကို ​ကျောင်းပို့လိုက်​...
ကြိုလိုက်​နဲ့...အလုပ်​ကို ရှုပ်​​နေ​တော့တာ...

ဒီကြားထဲ...Ong SeongWuက ပိုဆိုး​သေး...
သူ့​​မွေး​နေ့ပြီးထဲက...ဟိုလူကြီးDanielနဲ့ ဘာညာဘာညာပဲ....

ခု​တော့...အရင်​စွံပြီး ရည်းစားရတဲ့ Lai Kuan Linဆိုတဲ့ သူကြီးက​တော့....အိမ်​တွင်း​အောင်း...
ငပျင်းကြီး...အလွမ်းသမားကြီး လုပ်​​နေရတာ​ပေါ့...


"တင်း​တောင်​"

ဟော...လာပြန်​ပြီ...ပါဆယ်​ထုပ်​​တွေ...
Fan​တွေ ဆိုတာကလည်း ​မွေး​နေ့က နက်​ဖြန်​မှကို အတင်းလာပို့​နေကြတာပဲ..

Kuan Lin...​လေးလံ​သော ​ခြေလှမ်းများကို
အားယူ​လျှောက်​ရင်း တံခါးဖွင့်​​ပေးကာ ပါဆယ်​သွားယူလိုက်​တယ်​....

Baby Piggy (Completed)Where stories live. Discover now