12(part-1)
920 86 9
"သား​ရေ....သားသူငယ်​ချင်း​တွေ ​ရောက်​လာပြီ..
မြန်​မြန်​ဆင်းခဲ့​တော့.."
မှန်​ထဲမှကိုယ့်​မျက်​နှာကို ပြန်​ကြည့်​ပြီး ဆံပင်​အုပ်​အုပ်​ အနက်​​ရောင်​​လေးကို ဘီး​လေးနဲ့ ​သေချာပြန်​ဖြီးပြီး...
ခုံ​ပေါ်က ဖုန်းကိုယူကာ...​အခန်းထဲမှ ထွက်​လာခဲ့တယ်
      ကျန်​ခဲ့တဲ့...အခန်း​လေးရဲ့ ကုတင်​​ပေါ်မှာ​တော့..
အဝတ်​အစားပုံကြီးမှာ...​ပေပွလျက်​.....
"JiHoonရယ်​....
ကြာတာ မင်းကလည်း...
အဲ့​လောက်​လည်း ပြင်​ဆင်​စရာမလိုပါဘူးကွာ"
      ဧည့်​ခန်း Sofaတွင်​ထိုင်​​နေ​သော Sung Woonရဲ့အ​ပြောကို....JiHoonက နှာ​ခေါင်းရှုံ့ပြလျက်​....
"လိုတယ်​ကွ...ဘာသိလို့လည်း မင်းက...
ဒီည​နေ Dinnerပွဲမှာ..ငါတို့ပဲ ဆို​ပေမယ့်​...
ကိုကိုလာအီရဲ့ မိဘ​တွေလည်းလာမှာ​လေ...ဟီး"
   သွားအဖြီးသားနဲ့ ​ပြော​နေတဲ့ JiHoonရဲ့ ဆံပင်​အ​ရောင်​ကို ဟိုနှစ်​​ယောက်​က သတိထားမိပြီး
DaeHwiက...
"​အောင်​မ​လေး....ပက်​ပုတို့...​ပြောင်းလဲ​နေပါလား?
Hair Colour​တွေဘာ​တွေချိန်းလို့်​​နော်​...
အတန်းပိုင်​ဆရာက...​အ​ရောင်​ပြန်​ဆိုးဖို့ ​ပြောတုန်းက​တောင်​...ဘူးခံငြင်းတဲ့​ကောင်​က..."
ထိုသို့​ပြော​တော့  မီးဖိုထဲမှ ​ဇွန်းခွက်​ကြီးကိုင်​လျက်​ ထွက်​လာ​သော Ji's ommaက...
"အဲ့တာပဲ...အဲ့​ကောင်​​လေးက...
တစ်​ချိန်​လုံး..ကိုကိုလာအီပဲလုပ်​​နေတာ..
ဟိုတစ်​​နေ့က​ပြော​သေးတယ်​...
'Ommaရယ်​...သား ကိုကိုလာအီအိမ်​မှာ
သွား​နေချင်​တယ်​'တဲ့​'လေ..."
    Ji's Ommaအ​ပြောကို ​စာထိုင်​ဖတ်​​နေ​သော
Ji's appaက....
"ဟုတ်​တယ်​သားတို့​ရေ...
အဲ့တာနဲ့...အန်​ကယ်​က...
'သွား​နေချင်​​နေ...
အ​မွေပြတ်​ပဲ'ဆို​တော့...
'Ommaနဲ့appaကို ပစ်​မထားရက်​လို့
သွားမ​နေ​တော့ပါဘူး'တဲ့​လေ...
တကယ်​ က​လေးဆိုး​လေးပါကွာ..."
      JiHoonမိဘ​တွေ အ​ပြောကို အူလှိုက်​သည်းလှိုက်​ ရယ်​​နေ​ကြ​သော သူငယ်​ချင်းနှစ်​​ယောက်​ကို ပုခုံးအား ဖြန်းခနဲ ​ဆော်​လိုက်​ရင်း...သူတို့နှစ်​​ယောက်​ရဲ့​ခေါင်း​တွေကို လက်​​မောင်း​အောက်​လျိုသွင်းကာ ညှပ်​လိုက်​ရင်း...
Baby Piggy (Completed)Where stories live. Discover now