19

567 76 14
                                    


Danielနဲ့ Seong Wuတို့နှစ်​​ယောက်​...
မနက်​8နာရီ​လောက်​ထဲက ​ဆေးရုံက​နေ ခွင့်​ပြုချက်​ယူပြီး ကမ်းစပ်​ဘက်​က ရွာငယ်​​လေး​တွေဆီ စက်​ဘီး​လေးစီးကာ ထွက်​လာခဲ့ကြတယ်​...

နှစ်​​ယောက်​စလုံး Duty Coat​တွေ ဝတ်​ထားကြပြီး
စက်​ဘီးနင်းသူက Daniel..အ​နောက်​က​နေ ​ဆေးလွယ်​အိတ်​လွယ်​ ​ဆေးအိတ်​ကိုင်​လိုက်​လာသူက
Seong Wu​ပေါ့.

နာရီ​ဝက်​​လောက်​ခန့်​ စက်​ဘီးနင်းလာလိုက်​​တော့..
ရွာငယ်​​လေးတစ်​ခုစီ ​ရောက်​လာခဲ့တယ်​...

သူတို့နှစ်​​ယောက်​ စက်​ဘီး​လေးတွန်းကာ ရွာထဲဝင်​လာခဲ့ကြတယ်​...

ရွာ​လေးဟာ...တိတ်​တိတ်​ဆိတ်​ဆိတ်​ရှိပြီး...
လူငယ်​​တွေထက်​ အဘိုးအဘွား​တွေသာ အ​နေများကြတယ်​...

ရွာထဲ​ရောက်​တာနဲ့ စစ​တွေ့ချင်း အိမ်​​လေးကိုဝင်​လိုက်​​တော့ အဘိုးတစ်​​ယောက်​က အိမ်​​ရှေ့ကွပ်​ပျစ်​​လေး​ပေါ်မှာ ထမင်းစား​နေ​လေတယ်​..

သူတို့နှစ်​​ယောက်​ကို မြင်​​တော့...အဘိုးက ထလာပြီး ​ပြေးကြိုတယ်​...

"အို...ဆရာဝန်​​လေး​တွေ လာတာပါလား?
ဝင်​ခဲ့ပါ ဆရာ​လေးတို့​ရေ.. အဘတို့ရွာကို ခုလို ​​ဆေးအဖွဲ့​တွေမလာတာ​တောင်​ ကြာ​ရော့ပြီကွယ်​"

သူတို့နှစ်​​ယောက်​လည်း ကွပ်​ပျစ်​​လေးတွင်​ ဝင်​ထိုင်​လိုက်​ရင်း Danielကပဲ စကားစလိုက်​တယ်​..

"အဘ...ဒီရွာမှာ​လေ...
သက်​ကြီးရွယ်​အို​တွေပဲ ရှိတာလားဗျ..
အဘတို့က တစ်​​​ယောက်​တည်း ​နေကြတာလား?
သားသမီး​တွေ​ရော...?"

"ဆရာဝန်​​လေးရယ်​...
ဆရာဝန်​​လေး​ပြောသလိုပဲ...
အဘတို့လို သူ​တွေသာ ရှိကြတာပါကွယ်​..
သားသမီး​တွေက​တော့ Seoulမှာ အလုပ်​သွားလုပ်​ကြတယ်​​လေ...
တစ်​လတစ်​ခါ ပိုက်​ဆံ​တော့ ပို့ပါရဲ့...
တစ်​ခါ​လေး​တောင်​ ပြန်​မလာကြပါဘူးကွယ်​..."

  အဘရဲ့ စကား​ကြောင့်​ Danielနဲ့ Seong Wu
စိတ်​မ​ကောင်းဖြစ်​ရပြန်​တယ်​....

"ဆရာဝန်​​လေးတို့...​ဆေးလာကု​ပေးကြတာမလား?
တစ်​အိမ်​ထွက်​ တစ်​အိမ်​ဆင်း လိုက်​ကု​နေရရင်​ ​မော​နေပါ့မယ်​...အဘ ရွာထဲက စု​ဝေးရာဇရပ်​​လေးကို အားလုံးကို လာခိုင်းလိုက်​မယ်​​နော်​... အဘလိုက်​​ခေါ်လိုက်​မယ်​ ဆရာ​လေးတို့ အဲ့မှာ သွား​စောင့်​​နေကြ​နော်​..."

Baby Piggy (Completed)Where stories live. Discover now