14(part-1)
744 82 6
MuYoung​ဆေးရုံရဲ့
ဆရာဝန်​များနား​နေခန်း​လေးထဲတွင်​...
Ong Seong Wuဆိုသည့်
ဆရာဝန်​​လောင်း​လေးခမျာ....
ဂျူတီကုတ်​ပင်​ မချွတ်​အားပဲ....
Kang Danielဆိုသည့်​....
ဋ္ဌာနမှုး၏ ခိုင်းစားမှုအရ....
စာရွက်​စာတမ်း​ပေါင်းများစွာဖြင့်​...
အလုပ်​ရှုပ်​​နေ​လေရဲ့....
"ဒါက...အစာအိမ်​နဲ့ အူလမ်း​ကြောင်းစာတမ်းပြုစုမှု
ဒါက...ဦး​နှောက်​နဲ့ အာရုံ​ကြော....
ဒါက...​ကျောရိုးမကြီးစာတမ်း.....
...
....
......အား....ပြီးပြီ...ခုမှပဲပြီး​တော့တယ်​.."
စားပွဲ​ပေါ် 'ဘန်း'ခနဲ ပစ်​ချကာ ပြင်း​ကြောဆန့်​​နေရှာတယ်​....
     ထို့​နောက်​ Fileတွဲ​တွေအား တစ်​​ပွေ့တစ်​ပိုက်​ မလိုက်​ရင်း...စာတမ်းထိန်းသိမ်း​ရေးရုံးခန်းဆီ သွားပို့ပြီးတာနဲ့ ဂျူတီကုတ်​ကိုချွတ်​ကာ Lockerထဲ ထည့်​သိမ်းရင်း အဝတ်​အစားအမြန်​လဲကာ....
နား​နေခန်းထဲက ခုံတွင်​ ချိတ်​ထား​သော Coatအမည်း​ကွက်​​လေးအား ဆွဲယူပြီး....နံရံမှ နာရီဆီအကြည့်​​ရောက်​မိ​တော့...ည​နေ6နာရီပင်​ ခွဲ​နေ​လေပြီ...
"Oh...God...​သောက်​အဖိုးကြီး...
ဒင်းလုပ်​လို့ ​မွေး​နေ့မှာ​တောင်​ ဗျာများ​နေရတဲ့ဘဝ..
Seoul​ဆေးရုံမှာ လုပ်​​နေရင်​လည်း ​အေး​ဆေး​နေ​ပေါ့...MuYoungက သူ့အ​ဖေပိုင်​တိုင်း အလုပ်​လာ​ပြောင်းပြီး ငါ့ခိုင်း​စား​နေတဲ့
အဖိုးကြီး...အဲ့​မှေး​နေတဲ့မျက်​လုံး​တွေ ပိုပြီး​မှေးပါ​စေ.."
   အိတ်​ထဲ ပစ္စည်း​တွေ​ကောက်​ထည့်​ရင်း...
Danielကိုလည်း ပျစ်​ပျစ်​နှစ်​နှစ်​ကို အတင်းတုပ်​​နေ​လေရဲ့....
"ဘာ...ဘာ​ပြောလိုက်​တယ်​...
သောက်​အဖိုးကြီးတဲ့လား...ဟမ်​!"
      ရုတ်​တရက်​ကြီး အခန်းထဲဝင်​လာ​သော Daniel​ကြောင့်​ Seong Wuမှာ လိပ်​ပြာလွင့်​မတတ်​...လန့်​သွားရတယ်​...
"ဗျာ...ဟို​လေ...ဘာမှမဟုတ်​ပါဘူးဗျ...
အဟဲ...သွားလိုက်​အုံးမယ်​​နော်​"
Seong Wuမှာ အူ​ကြောင်​​ကြောင်​ဖြင့်​ ပါသွားပြန်​တယ်​....
Baby Piggy (Completed)Opowieści tętniące życiem. Odkryj je teraz