Extra 3

77.6K 6K 323
                                    

Zawgyi

နဖူးပေါ်မှ နွေးထွေးမှုကြောင့် ကျွန်တော့မျက်လုံးများပွင့်လုနီးနီး။ ဖြည်းဖြည်းမှန်မှန် အသက်ရှုသံတစ်ခုနှင့်အတူ ပါးပြင်ပေါ်သို့ဖြတ်တိုက်သွားသော လေနွေးနွေးက အိပ်ချင်မူးတူးအခြေအနေမှ လွန်မြောက်သွားစေသည်။
နဖူးမှပေါ်မှနွေးထွေးဖိကပ်မှုဟာ မျက်ခုံးစွန်းနားဆီသို့ရွေ့လာသည်နှင့် ဖွင့်လုဆဲဆဲမျက်လုံးများကို အသာအယာပြန်ပိတ်ရတော့၏။

နှုတ်ခမ်းများ .... ။ ကိုကို့နှုတ်ခမ်းများက ကျွန်တော့
မျက်နှာပြင်အနှံ့ခပ်ဖွဖွပြေးနေသည်။ ညင်သာဖွဖွနမ်း
နေခြင်းက ကျွန်တော်နိုးသွားမည်ကိုစိုးသည့်ဟန်။
ကိုကိုကကျွန်တော်နိုးမည်ကိုစိုးသကဲ့သို့ ကျွန်တော်
ကလည်း ကျွန်တော်နိုးနေသည်ကို ကိုကိုသိသွား
မည်ကိုစိုး ဟုတ်တော့ဟုတ်နေတာပဲ။

အတူနေခဲ့စဉ်အချိန်ကာလများတွင် ကိုကိုကကျွန်တော့ကိုအကြိမ်ပေါင်းများစွာနမ်းခဲ့ပေမယ့် ယခုလိုအနမ်းတော့မရဖူးသေး။(မရဖူးသေးဟုထင်သည်)။ အိပ်ယာနိုးကာစတွင်ပင် ရင်ခုန်ရပြန်ပါသည်။ ကိုကိုကသူ့လက်မောင်း
ပေါ်တင်ထားသော ကျွန်တော့ဦးခေါင်းကို သတိထားပြီးအသာအယာလေးလှုပ်ရှားနေတော့ အိပ်ချင်ယောင်
ဆောင်နေသူကျွန်တော့မှာ ရယ်ချင်စိတ်ကို မနည်းထိန်းရသည်။

အခုနေ ကျွန်တော်နိုးနေကြောင်းသိသွားလျင် သူ့ဘာသာနမ်းပြီးသူ့ဘာသာရှက်ချင်ရှက်နေမှာ ပြီးတော့ ဆက်
နမ်းတော့မှာလည်းမဟုတ် ဒါဆို နစ်နာသူကကျွန်တော်ဖြစ်သွားမည်။ ဒီတော့ ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာဖြစ်အောင် ကျွန်တော်မနိုးတာကအကောင်းဆုံး။

သို့သော် အိပ်ချင်ယောင်ဆောင်နေသူမို့ နည်းနည်းတော့ မငြိမ်သက်နိုင်။ ဟိုနားကယားသလို ဒီနားကယားသလိုနဲ့ မျက်လုံးကလည်းဖွင့်ကြည့်ချင်လာပြန်သည်။ ကျွန်တော့နားသယ်စပ်ကို လက်မနဲ့ဖွဖွလေးထိနေသော ကိုကို့
မျက်နှာအားလည်းမော့ကြည့်ချင်လာသည်။ မဖြစ်။
မျက်လုံးပွင့်သွားတာနဲ့ ကျွန်တော်က ပြုံးဖြီးဖြီးလုပ်မိသွားမှာ။

ကြည်နူးစရာ အနမ်းမျိုးဖြစ်သည့်တိုင် ရုပ်ရှင်ထဲကလို
ရင်ခွင်ထဲကချစ်သူလေးကိုငုံ့ကြည့် အိပ်ယာနိုးလာသူ
လေးက မျက်လုံးလေးကိုချစ်စဖွယ်ပွတ်ပြီး ရင်ခွင်ထဲကို
ခေါင်းတိုးချွဲရအောင်ကလည်း နှစ်ယောက်လုံးက
ကိုကျားတွေချည်း ။ အခုချိန်မျက်လုံးဖွင့်ကြည့်မိရင်လည်း ကျွန်တော်ကဟီးခနဲမျက်နှာပိုးမသတ်နိုင်ဘဲ ရယ်ပြ၊
သွားကမတိုက်ရသေးတော့ ခံတွင်းအနံ့ကထွက်နေမှာ အားယား မဖြစ် လုံးဝမဖြစ် အိပ်နေတာပဲပိုအဆင်ပြေ
မည့်ပုံ။ ခဏနေတော့ ကိုကိုကကျွန်တော့ခေါင်းကို
သူ့လက်မောင်းပေါ်ကနေခေါင်းအုံးပေါ်သို့ရွှေ့ခဲ့ပြီး
ထသွားသည်။ ရေချိုးခန်းတံခါးဖွင့်သံကြားမှ အားပါးတရ မျက်လုံးဖွင့် မျက်တောင်ကို လေးငါးခြောက်ချက်လောက် ခတ်ပြီးမှ ပက်လက်လှန်အညောင်းဆန့်လိုက်သည်။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now