(Z+U) Season (4)- အပိုင်း(9)

1.3K 74 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(9) -ပထမပိုင်း

နှင်းထန်သည် မိုးစက်၏ နူတ်ခမ်းလေးကို သိမ်းပိုက်ပြီး တကိုယ်လုံးကို သူပိုင်ဆိုင်ကြောင့် တံဆိပ်ခတ်နှိပ် လိုက် တော့သည်။ မိုးစက် တားသည့်ကြားက အချစ်သင်္ကေတများကို နေရာအနံ့ ချနေတော့သည်။ နောက်ဆုံး တားမရမည့် အတူတူ မိုးစက်လည်း မျက်လုံးမှိတ်ကာ သူ့အချစ်ထဲကို စီးမျောသွား တော့သည်။

အကိုနှင်းထန် သည် အရင်က အတူနေစဉ်ကို ပိုသည်းလာသည်။ ပိုကဲလာသည်။ ကွဲကွာနေသည့် နှစ်နှစ်အတွင်း သူ အတတ်မျိုးစုံအောင် တတ်လာသည်။ ချစ်လို့အတူနေတာ သဘာဝလို့ဆိုပေမယ့် ချစ်သူကိုကျေနပ်အောင် လိုက်လျောပေးရမည်ကို သိပေမယ့် သူ့တစ်ခါချစ်ကို မိုးစက်တကယ်ကို လန့်လာသည်။ ပြန်ရောက်ကတည်းက အခန်းထဲ ခေါ်လာလိုက်တာ ဒေါ်လေးပိုချက်ပြုတ်ပြီးသည့်အချိန်လည်းသူက မပြီးနိုင်ပေ။

"မိုးစက်လေး..... ညနေစာ ကျက်ပြီနော်။ ညစာ စားချင် စားလို့ရပြီ..."

သူက ပြန်ဖြေဟန်ပြင်နေသော မိုးစက်၏ ပါးစပ်ကိုလှမ်းပိတ်ကာ ပြန်ဖြေလိုက်သည်။

"မိုးစက်အိပ်ပျော်နေလို့ ဒေါ်လေးပို။ သူနိုးလာမှ ကျွန်တော်လည်း ဆင်းလာတော့မယ်။"

"အေး... အေး... မောင်နှင်းထန်။ "

ဒေါ်လေးက တကယ်ယုံကာ ဆင်းသွားသည်။ ဒေါ်လေး ဝေးသွားမှ သူက မိုးစက်ကို စကားပြောခွင့်ပေးတော့သည်။ မိုးစက်သည် သူ့ကိုတွန်းဖယ်ကာ ထထိုင်ပြီးရန်တွေ့သည်။

"ဘာလို့ လူကြီးကို လိမ်ရတာလဲ။ ထ ရေချိုးပြီး သွားစားမယ်။"

မိုးစက်ကို သူက တွန်းလှဲပြီး တောက်ပစွာကြည့်လိုက်ပြန်သည်။ မိုးစက် တကယ်ကို လန့်လာသည်။ အခုတောင် သုံးခါ ပြီးနေပြီ။ ဒါတောင် သူ့ ထပ်ပြီး ကြည့်နေသေးသည် ဆိုတော့ မဟုတ်တော့ပေ။

"အကိုနော်...."

"ဘာ အကိုနော်လဲ။ "
သူက ပြုံးကာ မေးရင်း မိုးစက်၏ လည်တိုင်များကို ထပ်ပြီးနမ်းပြန်သည်။ မိုးစက် သေချာသွားလေပြီ။ သူ ဆေးသုံးထားတာ သေချာပြီ။ သေရောပေါ့။ မိမိကို အသေသတ်ချင်နေတာလားဟု တွေးကာ ရန်လုပ်လိုက်သည်။

"အကို မကောင်းဘူးဗျ။ ဆေး သုံးထားတယ်။ "

သူ သဘောကျစွာရယ်ပြီး မိုးစက်ကို စိုက်ကြည့်ကာ ကျေနပ်စွာပြောသည်။ လုပ်ချင်တာ လုပ်ရတော့ ကျေနပ်နေသည့် အကို့မျက်နှာကို ကြည့်ကာ မိုးစက် တကယ်တော့ စိတ်မဆိုးပါ။ ဒါပေမယ့် သူဆက်ပြောလိုက်သည့် စကားလည်း ကြားသော် မပြုံးနိုင်တော့ပေ။

"အင်း.... အတော်ပါးတဲ့ ချာတိတ်လေး။ မိုးစက်နဲ့ အတူတူ အကြာကြီး အနေနိုင်မှာစိုးလို့ နည်းနည်းသုံးထားတာပါ။ ညလည်း အမုန်းဆွဲ ဦးမယ်လေ။"

မိုးစက် ၀ုန်းခနဲ ထထိုင်ကာ သူ့ကို တွန်းချလိုက်သည်။ ဘယ့်နှယ့် သူ မခံရတိုင်း လူကို အရုပ်များ မှတ်နေလား။
သူ က ရုတ်တရက်ဆိုတော့ အိပ်ယာပေါ် ပက်လက်လန်သွားသည်။

"ဘာလဲ... မိုးစက်လေးကလည်း..."

မိုးစက်သည် သူ့ကို ဘုကြည့်ကြည့်ကာ မေးလိုက်သည်။

"အကို...ကျွန်တော့်ကို မုန်းနေတာ မလား။"

အစပ်ဆက်မရှိသော စကားကြောင့် နှင်းထန် ကြောင်သွားသည်။ မိုးစက် ဘာကို ဆိုလိုချင်တာလဲ။ ဘာကြောင့် သူ့ကို မုန်းနေသည် ဟုပြောတာလဲလို့ စဉ်းစားပြီး ပြန်မေးလိုက်သည်။

"ဘာလို့ ဒီစကားပြောတာလဲ။"

မိုးစက်သည် ခုတင်ပေါ်မှ ဆင်းဟန်ပြင်ရင်း သူ့ကိုကြည့်လိုက်တော့ သူ့မျက်နှာထားအရ သူ တမျိုးတွေးတော့မည်ကို သိလိုက်သည်။ လုပ်ပြီ။ မိမိကသာမန်ပြောတာကို သူက တမျိုးထင်တော့မည်။

"လူကို အငြိုးနဲ့နှိပ်စက်နေလို့လေ။ အိမ်ရောက်ကတည်းက ၃ ကြိမ်။ အခုလည်း ဆွဲချင်သေးတယ်။ ညလည်း အမုန်းဆွဲမှာဆိုတော့ ကျွန်တော့်ကို အသေသတ်ချင်နေတာလား။"

ထိုအခါမှ နှင်းထန် ပြုံးလာတော့သည်။ မိမိက အတွေးခေါင်သွားမိသည်။ မိုးစက်၏ နူတ်ခမ်းမှ မုန်းဆိုသည့် စကားကို မိမိမကြားနိုင်ပါ။ သူကလေးရဲ့ ချစ်လှစွာသော အကိုကြီးရှိလာကတည်းက နှင်းထန်သည် မိုးစက် ပြောသမျှကို အခြားတမျိုးတွေးနေမိသည်။ အခုလို မျက်မှောင်ကုတ်ကာ စောင်းကြည့်ရင်းပြောလာသည့် ပုံလေးကို အရမ်းအူယားလာပြီး လှမ်းဆွဲလိုက်တော့ မိမိကိုယ်ပေါ် မှောက်ကျလာခဲ့သည်။ နှင်းထန်သည် သူ့ကို မလွှတ်တမ်း ဖက်ထားပြီး ပြောလိုက်သည်။
"ချာတိတ်ကို သေအောင်လုပ်ပါ့မလား။ အကိုက ချစ်လို့ အရယူထားတာ။ တသက်လုံး မွေးပြီးစားမယ်။"

"ဒါဆို အခုလွှတ်တော့။ နောက်တခါ မစချင်နဲ့တော့။ တစ်ခါတည်းဆိုပြီး လိုက်လျောလိုက်တာ မပြီးနိုင်တော့ဘူး။ ည မရတော့ဘူး။"

နှင်းထန်သည် မိုးစက်လေးကို အနမ်းဖြင့်ချော့ကာ ပြောလိုက်သည်။

"ကလေးကလည်းကွာ။ အကိုက ကြင်နာပါ့မယ်။ ညတော့ လိုက်လျောပါဦးနော်။ ကိုယ့်ကို ပြန်ငဲ့ကြည့်ပါဦး။ နှစ်နှစ်လုံး ဝေးနေတာ။ နော်။ "

"နှစ်နှစ် ဝေးနေတဲ့သူကို ချက်ချင်း မကြမ်းရဘူးလေ အကိုက သိလျက်နဲ့။ လွှတ်တော့ဗျာ။ ရေချိုးချင်ပြီ။ အကိုလည်း ရေချိုးတော့။ ဗိုက်လည်းဆာလှပြီ"

နှင်းထန်သည် သုံးကြိမ်ဆိုတော့ မိုးစက်လေး နာကျင်နေမည်ကို တွေးမိသည်။ သို့သော် ခက်တာက မိမိ နောက်တစ်ခါ ချစ်ချင်သေးသည်။ ရေချိုးမည်ဆိုတော့ အကြံက ထွက်လာပြန်သည်။

"ကောင်းတယ် အတူချိုးမယ်။လာ..."

မိုးစက် မျက်လုံးပြုးသွားသည်။ သူ အကြံကြီးနှင့်ပြောနေသည် မဟုတ်လား။ သူ့နူတ်ခမ်းကို နမ်းကာ ချော့လိုက်သည်။

"မရဘူးနော်။ အကို တကယ်ပြောတာ။ တော်တော့နော်။ ကျွန်တော့်ကို သနားပါဦး။ လမ်းမလျှောက်နို်င်ပဲနေမယ်။ ဒေါ်လေးတို့ တမျိုးထင်ကုန်လိမ့်မယ်။ ထပ်ကဲဖို့ မကြိုးစားနဲ့တော့။ ကဲ လွှတ်ဦးဗျ။ ကျွန်တော် အရင်ချိုးမယ်။"

နှင်းထန် စိတ်ပျက်လက်ပျက်နှင့် လွှတ်ပေးလိုက်သည်။ မိုးစက် ကိုလည်းသနားသည်။ မိမိကောင်က တစ်ခါနိုးလာတော့ စိတ်ညစ်သည်။ ကောင်းလိုက်တဲ့ဆေး....။

"ကိုယ့် ညီလေး နိုးလာပြီ။ ဘယ်လိုလုပ်မလဲ။"

မိုးစက်သည့် ရင်ဘတ်ကို အသာထိုးကာ ပြောလိုက်သည်။

"ကိုယ့်ဖာသာ လုပ်တော့ဗျာ။ ရေချိုးပြီ။ "

နှင်းထန်သည် မိုးစက် ရေချိုးခန်းထဲ ၀င်သွားတော့မှ တကယ်ပဲ ကိုယ့်ဖာသာ ဖြေရှင်းလိုက်ရတော့သည်။ မိုးစက်နှင့် ချစ်တင်းနှောခဲ့သည်ကို ပြန်တွေးရင်းလုပ်ရတာ အရသာရှိလှသည်။ မိုးစက်ရေချိုးခန်းက ထွက်လာတော့ သူလည်းပြီးလေပြီ။

"ထတော့။ ရေချိုးတော့။ ဗိုက်ဆာပြီ။"
နှင်းထန်ရေချိုးခန်းထဲကို ၀င်လာခဲ့သည်။ မိမိအိပ်မက်တို့ အကောင်အထည်ပေါ်လေပြီ။ ချစ်သော မိုးစက်ကို ပြန်ရလေပြီ။ မိုးစက် မိမိကို အရင်လို ပြန်ချစ်ပါ့မလားလို့စိုးရိမ်နေရာမှ ရင်ခွင်အောက်တွင် ညည်းညူကာ ချစ်ရည်ရွှမ်းသော မျက်ဝန်းအကြည့်ကိုတွေ့လိုက်ရတော့မှ နှင်းထန် စိတ်အေးသွားသည်။ မိမိအပေါ် မိုးစက်၏ အချစ်တို့ ပူနွေးနေဆဲပါ။

"ချစ်တယ် မိုးစက်ရယ်။ အ၇မ်းချစ်တယ်။"

နှင်းထန် ရေချိုးရင်းကြည်နူးစွာရေရွတ်မိသည်။ ပြန်တွေးတိုင်း ကြည်နူးရသည်။ မိုးစက်က မိမိဘ၀၏ လမင်း။ ဒီလမင်းနှင့် ပြန်ဆုံဖို့အရေးတွေးကာ မိမိ အားတင်းထားရသည်ကို မိုးစက်လေး သိပါလေစ။

မိုးစက် သူ့ကို စောင့်ရင်း အကိုကြီးကို မေးလ်ပို့လိုက်သည်။ မိမိ ကောင်းမွန်စွာ ပြန်ရောက်နေပြီးဖြစ်ကြောင်း။ သူက ရောက်ရောက်ခြင်းကဲတာဆိုတော့ ပို့ချိန်မရလိုက်ပေ။ အကိုကြီးထံမှ ပြန်လာသော မေးလ်ကို ကြည့်နေစဉ် သူ ရေချိုးခန်းထဲမှ ထွက်လာသဖြင့် ဖုန်းပိတ်လိုက်သည်။ နှင်းထန် တွေ့လိုက်သည်။ သို့သော် အသေးအဖွဲကစပြီး မိုးစက် စိတ်ညစ်အောင်မလုပ်တော့ဟု ဆုံးဖြတ်ထားလိုက်သည်။

"ဆာလှပြီလား ချာတိတ်။ ခဏလေး။ "

"ရတယ် အကို။ ဖြည်းဖြည်းဝတ်ပါ။"

မိုစက်လေး၏ ချစ်စရာဖြေပုံလေးကို ကြည့်ကာ သက်ပြင်းချမိသည်။ ဒီပုံနှင့် သိပ်ချစ်စရာကောင်းနေတာ မိမိကို မရပ်တန့်နိုင်အောင်လုပ်မိနေတာ သူ မသိဘူးထင်သည်။ အင်းလေ။ မိမိကတော့ မိုးစက် ဘယ်လိုနေနေ ချစ်နေသူ ဆိုတော့။ နှင်းထန် အတွေးရပ်ကာ အမြန်ဝတ်ပြီး မိုးစက်နှင့်အတူ အောက်ကိုဆင်းလာခဲ့သည်။

တော်သေးသည်။ ထမင်းစားခန်းတွင် ဒေါ်လေးမရှိပေ။

"တော်သေးတယ်။ ဒေါ်လေးရှိရင် မျက်နှာပူစရာကြီး။"

မိုးစက်လေးက ပြုံးဖြဲဖြဲနှင့်ပြောသည်။ သူလေး ရှက်နေရင် ဒီလိုလေးဆိုတာကို နှင်းထန် မေ့တောင်မေ့ချင်နေပြီ။ နှင်းထန် သဘောကျစွာရယ်က ပြောလိုက်သည်။

"ဒေါ်လေးက ခေတ်မှီပါတယ်။ ကိုယ်တို့ကို နားလည်လို့ ရှောင်ပေးသွားတာ။ ကဲ ကလေးလေး စား။ အားရှိအောင်။"

မိုးစက်သည် သူ့စကားကြောင့်မျက်စောင်း ထိုးလိုက်သည်။ သူက ရယ်က ထမင်းကို ငုံ့စားလိုက်သည်။ မိုးစက်သည် အကိုနှင်းထန် ရယ်နေသည်ကို ငေးသွားမိသည်။ သြော် ဒီအပြုံးလေးကို တွေ့ရဖို့ မိမိ ဘယ်လောက်တောင် စောင့်ခဲ့ရသည်ကို မိုးစက် ပြန်မတွေးချင်တော့ပါ။ အခုတော့ အကိုနှင်းထန်နှင့်အတူရှိရတာကို သဘောကျသည်။ ပျော်သည်။ သို့သော် အကိုကြီး တစ်ယောက်တည်း ညစာစားနေရတော့မည်ကို သတိရတော့ ရင်ထဲ နာကျင်သွားရသည်။

နှင်းထန်သည် မိုးစက်မျက်နှာ ညှိုးသွားသည်ကိုတွေ့တော့ ဟင်းထည့်ပေးရင်း သူ့ကို အာရုံလွှဲလိုက်သည်။

"မနက်ဖြန် ၀သုန်တို့ ရိုက်ကွင်းကို သွားကြည့်ရအောင်လေ။"

"ဟုတ်ကဲ့။ သူ အခု ဘာရိုက်နေတာလဲ အကို။"

"Company က ကုန်စည်အသစ်ကြေငြာရိုက်နေတာကွ။ သူ ဘယ်လောက်အောင်မြင်နေတယ်ဆိုတာ ချာတိတ်တွေ့ လိမ့်မယ်။ "

မိုးစက်သည် အကိုနှင်းထန်၏ စကားနောက်ကို ပါသွားကာ အကိုကြီးကို ခဏမေ့သွားတော့သည်။

အချစ်စစ်၏တည်နေရာ- Season (4)Место, где живут истории. Откройте их для себя