(Z+U) Season (4)_ အပိုင်း(19)

981 51 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(19)

"ချာတိတ်.... ကိုယ်အောက်မှာရောက်နေပြီ။ "

သူ့ထံမှ message ၀င်လာသည်နှင့် မိုးစက် သက်ပြင်းချလိုက်မိသည်။ အကိုကတော့ လုပ်ပြီ။ မနက်က သူ့ကို အလုပ်ဆင်းတာ နောက်ကျနိုင်သည်လို့ပြောလိုက်ရဲ့သားနှင့်။ ကိုယ့်ဖာသာ ပြန်လာပါမည် ပြောထားသည်ကို သူက အင်းမလုပ်၊ အဲမလုပ်ငြိမ်နေပြီး ယခုတော့ လာကြိုနေသည်။

အတုလက ၀သုန်၏ သီချင်းနှင့် လိုက်ဖက်မည့်အကြောင်းရာကို ဆွေးနွေးနေရာမှ မိုးစက် မျက်နှာ အလိုမကျဟန်ဖြင့် မျက်မှောင်ကုတ်လိုက်သည်ကို တွေ့သော် မိမိပြောသည်ကို သဘောမကျဘူးထင်ပြီးမေးလိုက်သည်။

"မင်း ဘယ်အချက်ကို သဘောမကျတာလဲ မိုးစက် ..."

မိုးစက်သည် အတုလ၏ စကားကြောင့် ခေါင်းကို ယမ်းလိုက်သည်။ ၀သုန်က ရယ်ကျဲကျဲလုပ်ပြီး ပြောလိုက်သည်။

"သူ ရုံးဆင်းချိန်ရောက်လို့ မျက်နှာပျက်နေတာ..."

အတုလက မိုးစက်ကို အံ့အားသင့်စွာကြည့်ကာ မေးလိုက်သည်။

"ဟင်... မင်းက အချိန်မှန် ရုံးဆင်းတာလား။ "

အတုလမေးလိုက်သည့် အဓိပ္ပါယ်ကို မိုးစက် ကောင်းကောင်းသိသည်။ အလုပ်လုပ်လို့ အရှိန်ရနေသည့်တိုင် အလုပ်ကို ပစ်ကာ ထွက်သွားနိုင်သလားဆိုတာကို သိတာပေါ့။ ရှက်လည်း၇ှက်သွားမိသည်။ ဟုတ်လည်း ဟုတ်သည်။ ယခုလို အခြေနေဆိုလျှင် ၀သုန်၏ သီချင်းစီးရီးသစ်အတွက် ၀ိုင်းစဉ်းစားနေတာ အရှိန်ရကာမှ မိမိက ထထွက်သွားလျှင် မိမိဘာဖြစ်သွားမလဲ။

ဝသုန်က အတုလမေးလိုက်သည်ကို ကြားသော် အတုလ လည်း မိုးစက်ကဲ့သို့ အလုပ်ကိုစွဲမည့်သူမှန်းရိပ်မိ လိုက်သည်။ အတုလ နှင့် မိုးစက် က အကြံသစ်ထုတ်သည့် နေရာတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ လုပ်ကိုင် နိုင်ပုံခြင်းက တူလှသည့် မဟုတ်လား။ သူတို့နှစ်ဦး ဘာလို့ အလုပ်ကို ဒီလောက် သည်းသည်းမည်းမည်း လုပ်ကျင့် ရှိသည်ကို ၀သုန် တကယ်ကို အံ့သြနေမိသည်။ မိုးစက်က စနေနှင့် အတူနေခဲ့စဉ် ထိုအကျင့်ရခဲ့သော်လည်း အတုလ လို သူဌေးသားလေးက ဘာလို့ ဒီလောက် အလုပ်ကို စွဲရသနည်း။

"အင်း.... အကိုနှင်းထန် လာကြိုနေလို့ အတုလ။ ကိုယ် အကို့ကို ပြန်နှင့်လိုက်ဖို့ ပြောလိုက်ပါ့မယ်။"
အတုလ သဘောပေါက်သွားသည်။ မိုးစက်ကို တားလိုက်ကာ ပြန်ပြောလိုက်သည်။

"ရတယ်။ ပြန်ပါ။ ကိုယ်လည်း ပြန်တော့မယ်။ မင်းမှ မရှိတာ ဆက်တွေးလည်း ဘာထူးမှာလဲ။ နောက်နေ့မှ ဆက်ကြတာပေါ့။"

အတုလ နားလည်မှုရှိစွာပြောသော်လည်း မိုးစက် တကယ်ကို မျက်နှာပူသွားသည်။ နောက်နေ့ အကို့ကို သေချာပြော ထားရမည်။ မိမိတို့ project ပြီးသည့် အထိ အလုပ်ကို နောက်ကျသည်အထိ လုပ်ခွင့်ပေးရန် တောင်းဆိုရအုံးမည်။ တခါတလေ ထိုသို့ အကြောင်းကို ပြောရသည်ကို မိုးစက် တကယ်ကိုစိတ်ပျက်မိသည်။ ဘာမှမဟုတ်၊ အလုပ် လုပ်သည့် အကြောင်းကို သူ့ကို ခွင့်တောင်းရသည်ကိုက ဟုတ်ကိုမဟုတ်တာဟု တွေးလိုက်မိကာ သက်ပြင်း ရှိုက်မိသည်။

"အင်း... ဆောရီး အတုလ... နောက်နေ့ ငါ အကို့ကို ပြောထားပါ့မယ်..."

မိုးစက်သည် အတုလ၊ ၀သုန်တို့နှင့် အတူ ဆင်းလာရင်းပြောလိုက်သည်။ ၀သုန်က ပြုံးကာ မိုးစက်ကို ပြော လိုက်သည်။

"အကိုနှင်းထန်ကို ကြိုပြောထားပေါ့ကွာ။ နောက်နေ့ အပြန်ကို ငါလိုက်ပို့ပါ့မယ်။"

ဝသုန်က မိုးစက်အဆင်ပြေရန် ၀င်ပြောလိုက်သည်။

"အင်းပါကွာ...ကဲ သူငယ်ချင်းတို့ ပြန်ပြီ။"

မိုးစက် လက်ပြနူတ်ဆက်ကာ အကိုနှင်းထန် စောင့်နေသည့် ကားထဲကို ၀င်ခဲ့သည်။ နှင်းထန်က အတုလနှင့် ၀သုန်ကို ပြုံးရယ် နူတ်ဆက်ကာ ကားကို မောင်းထွက်လာခဲ့သည်။

"အကို အိမ်ကို တန်းပြန်ရအောင်..."

မိုးစက် အကို့ကို ပြောလိုက်သည်။ အိမ်တွင် အလုပ်အတွက် မိမိလုပ်စရာ ရှိသေးသည် မဟုတ်လား။
နှင်းထန်က မိုးစက်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

"အင်း...ဒီနေ့ ချာတိတ်နဲ့ အတူ ဘုရားသွားမလားလို့ပါ။ ဘာဖြစ်လို့လဲ အလုပ်ပါလာလို့လား။"

"ဟုတ်တယ် အကို။ တောင်းပန်ပါတယ်၊ ၀သုန့် အခွေထွက်ပြီးမှ အကို့ကို အဖော်လုပ်တော့မယ်။ ဒီည လုပ်စရာတွေ ပါလာလို့ပါ။"

နှင်းထန်သည် မိုးစက်၏ စကားကိုကြားသောအခါ ခေါင်းကို ယမ်းလိုက်သည်။
"မနေ့ကလည်း လုပ်စရာပါလာတယ်။ ဒီနေ့လည်း လုပ်စရာပါလာတယ်။ အိမ်ကို အလုပ်တွေ သယ်တာ မကောင်းတဲ့ အကျင့်နော် မိုးစက်။"

နှင်းထန် လေသံနည်းနည်းမာသွားသည်။ ဟုတ်သည်လေ။ အတုလ ၀င်လာတော့ မိုးစက် အားသွားမလားလို့။ပိုလို့ တောင် အလုပ်များလာသည်ဆိုတော့ မဟုတ်တော့ပေ။

မိုးစက်သည် သက်ပြင်းရှိုက်ကာ ငြိမ်သွားသည်။ အကို့ကို စကားပြန်မပြောတော့ပဲ ဖုန်းကို ဖွင့်ကာ အတုလ ရိုက်ထားသည့် ဗီဒီယို ဖိုင်တစ်ခုကို ကြည့်နေလိုက်သည်။

နှင်းထန်သိလိုက်လေပြီ။ ချာတိတ် စိတ်ဆိုးသွားပြီ။ စိတ်ဆိုးလည်း မတတ်နိုင်ပေ။ သူ့ကို မိမိသေချာပြောရအုံးမည်။ အလုပ်ကြောင့် မိမိတို့ နှစ်ယောက်နေထိုင်မှုဘ၀မှ အချိန်ကို ဖဲ့ပေးနေရသည်ကို နှင်းထန် သည်းမခံနိုင်တော့ပေ။ မိုးစက် အလုပ်စွဲသည့်စိတ်ကို မိမိ ယခုတိုင် မဖြည်နိုင်သေးပေ။ သူကလေးကို ဘယ်လို ပြောရမလဲ ဟု စဉ်းစားနေမိသည်။ အိမ်ကျမှ ပြောတော့မည်။

မိုးစက်လည် အကိုလေသံမာသည်ကို သိသည်။ အကို့ကို အိမ်ကျမှ သေချာဆွေးနွေးမည်ဟု တေးထားသည်။ မဟုတ်လျှင် မိမိကို အပျော်အလုပ်လုပ်နေသူဟု အတုလ ထင်သွားလျှင် ရှက်ဖို့ကောင်းလှသည်၊ မဖြစ်သေးပေ။ အကိုနှင့် သေချာဆွေးနွေးရန် စကားလုံးကိုရွေးထားလိုက်သည်။

အိမ်သို့ရောက်သော် မိုးစက် အပေါ်ထပ် မိမိအခန်းထဲကို တန်းတက်လာခဲ့သည်။ ပြေးစက်ပေါ် ခဏတက်ကာ ပြေးပြီး ရေချိုးရန်ပြင်သည်။ အကိုနှင်းထန်လည်း သူ့အခန်းထဲကို ၀င်သွားသည်။ ရေချိုးပြီး အခန်းထဲဝင်လာသည်နှင့် အကိုနှင်းထန်၏ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။

"အကို လွှတ်ပါဦး။ "

"မလွှတ်ဘူး။ မင်းကို လိုချင်ပြီ။"

"အာ... အချိန်အခါ မဟုတ် အကိုကလည်း။ဖယ်ပါဗျာ။ အ၀တ်စား ၀တ်လိုက်ဦးမယ်။"

မိုးစက် ၏ စကားကို သူနားမထောင်တော့ပဲ သူ့ထုံးစံအတိုင်း လုပ်ချင်တာ လုပ်တော့သည်။ မိုးစက်လည်း ငြင်းဆန်ရင်း သူဖန်ဆင်းသည့် အချစ်တိုင်းပြည်ထဲကို ပါသွားတော့သည်။

မိုးစက် အ၀တ်ဝတ်ပြီးနောက် မိမိအိပ်ယာထက်တွင် အိပ်နေသော အကို့ကို လှမ်းပြောလိုက်သည်။

"အကို ထတော့။ ညစာ သွားစားရအောင်။ ဗိုက်ဆာပြီ။"

နှင်းထန်သည် မိုးစက်ကို ငေးကြည့်ကာ အိပ်ယာမှထကာ တိတ်ဆိတ်စွာဖြင့် အ၀တ်ဝတ်နေလိုက်သည်။ မိမိကို မိုးစက် အ၀တ်ကူဝတ်ပေးမလားဟု မျှော်လင့်မိသော်လည်း မိုးစက်က စိတ်ကူးရှိသည့်ပုံပင် မပေါ်ပေ။ အခန်းထဲမှ ထွက်သွား သဖြင့် အောင့်သက်သက်နှင့် အနောက်မှ လိုက်လာခဲ့သည်။

"ချာတိတ်...ရော့ များများစား..."

ထမင်းဝိုင်းတွင် မိုးစက်က တိတ်ဆိတ်စွာစားနေသဖြင့် နှင်းထန်က ဟင်းခပ်ထည့်ပေးသည်။ မိုးစက်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော့်ဖာသာ ထည့်စားပါ့မယ် အကို။ အကိုလည်းစားပါ။ "

နှင်းထန်က မိမိထဲကို မိုးစက် ဟင်းထည့်ပေးမည်ကို မျှော်လင့်နေသည်။ သို့သော် မိုးစက်က ထိုမျှသာပြောပြီး ကိုယ့် ထမင်းကိုသာ ငုံ့စားနေသဖြင့် နှင်းထန်က ချောင်းဟန့်လိုက်သည်။

"အဟမ်း..."

ပထမ မိုးစက်က အကိုနှင်းထန် ရိုးရိုးတန်းတန်း ချောင်းဆိုးချင်လို့ ချောင်းဟန့်သည်ဟု ထင်နေသည်။ သို့သော် ဒုတိယအကြိမ် ချောင်းဟန့်တော့ မိုးစက် သူကို မော့ကြည့ိလိုက်တော့ သူက မိမိကို စိုက်ကြည့်ကာ ထမင်းမစားပဲ နေနေသည်ကိုတွေ့သော် မိုးစက်သူ့ကို မေးလိုက်သည်။

"အကို ဘာဖြစ်လို့လဲဟင်... စားလေ။ "

အကိုနှင်းထန်က စကားမပြောပဲ စိုက်ကြည့်မြဲ စိုက်ကြည့်နေသဖြင့် မိုးစက် နည်းနည်းတော့ စဉ်းစားလိုက်သည်။ အကို ဘာဖြစ်တာလဲ။ ခုနကလည်း အချိန်အခါ မဟုတ် မိမိကို ဇွတ်တင်းချစ်သွားသည်။ ယခုလည်း ထမင်းစားရင်း ဖောက်ကာ ဆက်မစားပဲ မိမိကို အသံတိတ်ဖြင့် စိုက်ကြည့်နေသည်။

"အကို... နေမကောင်းဘူးလား။ စားလေဗျာ..."

နှင်းထန် မျက်မှောင်တွန့်လာသည်။ မိမိကို ဟင်းထည့်ပေးဖို့ မိုးစက်၏ ခေါင်းထဲ လုံးဝ အတွေးရှိမည့်ပုံမပေါ်ပေ။ မိမိ ဘာကို ဆိုလိုသည်ကိုလည်း သဘောပေါက်သည့် ပုံလည်းမပေါ်ပေ။

မိုးစက်လည်း ဇွန်းကိုချကာ အကိုနှင်းထန်ကို ပြန်ကြည့်ပြိး စဉ်းစားနေသည်။ အကိုဘာကို လိုချင်တာလဲ။

နှစ်ယောက်သား ထမင်းဆက်မစားပဲ တစ်ယောက်ကို တယောက်စိုက်ကြည့်ကာနေနေကြသည်။ ဒေါ်ပိုက ကြားမှ မနေနိုင်တော့ပေ။ မိုးစက်လေးက မသိသော်လည်း ဒေါ်ပိုက မောင်နှင်းထန် လာလိုချင်သည်ကို သိနေသည်။ ထို့ကြောင့် မိုးစက်၏ ဖန်ခွက်ထဲ ရေဖြည့်ပေးသလိုနှင့် တိုးတိုး ကပ်ပြောလိုက်သည်။

"ဟင်းထည့်ပေးလိုက်လေ မိုးစက်လေးရဲ့..."

မိုးစက်က ဒေါ်လေးပို၏ စကားသံတိုးတိုးကို ကြားတော့မှ အကို က သူ့ထဲကို ဟင်းထည့်ပေးစေချင်သည်ကို သိတော့သည်။ မိုးစက် ရယ်လည်းရယ်ချင်သွားသည်။

သို့သော် သူ့ကို ရယ်လိုက်လို့မဖြစ်သေးပေ။ သူ့ကို မိမိတောင်းဆိုစရာ ရှိသေးသည် မဟုတ်လား။ထို့ကြောင့် မိုးစက်က သူ့ကြိုက်သည့် ဟင်းကို အကိုနှင်းထန်၏ ပန်းကန်ထဲကို ထည့်ပေးကာ ပြောလိုက်သည်။

"အကို ကြိုက်တယ်မလား။ အကိုလည်းစားလေ။ အားရှိမှ နောက်နေ့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ။"

နှင်းထန်သည် ဒေါ်လေးပိုပြောပြလိုက်မှ မိုးစက် ထည့်ပေးသည်ကို သိသော်လည်း ကျေနပ်သွားပြီး ပြုံးကာ မိုးစက်ကို ပြောလိုက်သည်။

"အင်း ...အားရှိမှ။ မဟုတ်ရင် ချစ်သူလေးက ကိုယ်ကို စိတ်ပျက်သွားနိုင်တယ်။"

မိုးစက်က အကိုနှင်းထန်၏ အနှောင့်အသွားမလွတ်သည့် စကားကြောင့် မျက်နှာပူသွားသည်။ ဘေးတွင် ဒေါ်လေးပို ရှိသည် မဟုတ်လား။ မိုးစက် သူ့ကို မျက်လုံးပြုးပြကာ ဟန့်လိုက်သည်။

"အကိုနော်။ ထမင်းစားတုန်းပေါက်ကရ မပြောနဲ့ဗျာ။ တော်ပြီ။ "

နှင်းထန်က ပြုံးဖြဲဖြဲနှင့် မိုးစက် ကိုစလိုက်၇လိုက့် ကျေနပ်သွားသည်။ မိုးစက်လည်း အစားကို သွက်သွက်စားကာ လက်စသတ်လိုက်သည်။ သို့သော် သူစားပြီးသည် အထိ မိုးစက်စောင့်ပေးနေသည်။

ထမင်းစားပြီး ထုံးစံအတိုင်း နှစ်ယောက်သားခြံထဲကို လမ်းလျှောက်ရင်း အလုပ်အကြောင်းကို တိုင်ပင်ကြသည်။

"အခု ကျွန်တော်တို့ ၀သုန့်သီချင်းအတွက် အိုက်ဒီယာသစ် စဉ်းစားနေတာ သီချင်းတစ်ပုဒ်အတွက်တော့ပြီးသွားပြီ။ "

"အင်း...အတုလက တကယ့်ကိုပါရမီရှင်ပဲ။ သူ တကယ်ကို တော်တယ်။ "

နှင်းထန် သည် အတုလ ၏ အရည်အချင်းကို ချီးကျူးလိုက်သဖြင့် မိုးစက် ပြုံးသွားသည်။

"ဟုတ်တယ် အကို။ အတုလ အတွက် လိုတာကို လုပ်ပေးဖို့ ကျွန်တော်တို့ က ဘေးကနေ အသင့်ရှိပေးရတယ် အကို။ ၀သုန်လည်းနေပေးရတယ်။ သူလုပ်တာကထူးခြားတယ်။ အဲ့သီချင်းကို ၀သုန့်ကို ပြန်ဆိုခိုင်းပြီး သူက မေး တယ်။ ၀သုန် ဘယ်လို ခံစားရသလဲပေါ့။ ပြီးတော့ ၀သုန်ပြောတဲ့အပေါ် မူတည်ပြီး အားလုံးက ၀ိုင်းဆွေးနွေး ရတယ်။ ပြီးရင် ပုံဖော်ချင်တာကို ပြောကြတယ်၊ သူပြောတာကိုလည်း ကျွန်တော်တို့က ဝေဖန်ပေးရတယ်။ "

နှင်းထန်က မိုးစက်ပြောပြသည်ကို စိတ်ဝင်တစားနားထောင်သည်။ သူတို့လုပ်တာက ဆန်းနေသည် မဟုတ်လား။ အတုလ တစ်ယောက်တည်းရဲ့ အကြံမဟုတ်ပဲ မိုးစက်နှင့် ၀သုန်ရဲ့ အမြင်ကိုပါ ထည့်သွင်းသည်ဆိုတော့ ... မည့်သည့် ဒါရိုက်တာမှ ဒီလိုလုပ်မည် မဟုတ်တာ သေချာသည်။

"၀သုန်က ထားပါတော့။ ချာတိတ်က ဘာလို့ ၀ိုင်းဆွေးနွေးရတာလဲ။ သူတို့နှစ်ယောက်နဲ့ လုံလောက်တယ် မဟုတ်လား။"

"မဟုတ်ဘူး အကို။ ကျွန်တော်က စီးပွားရေးအမြင်အရ ကြည့်ရတယ်။ ပြီးတော့် ပရိတ်သတ်အနေနဲ့ ခံစားရတယ်။ "

"အင်း... စိတ်ဝင်စားစရာပဲ။"

နှင်းထန် မှတ်ချက်ချလိုက်သည်။ မိုးစက်က အကိုမှတ်ချက်ချသည်ကို ကြားတော့ ၀င်ပြောလိုက်သည်။

"ဟုတ်တယ် အကို။ တကယ်ကောင်းတဲ့ အနုပညာ လက်ရာ တစ်ခုထွက်လာဖို့က မလွယ်ဘူး။ ဘေးက ပံ့ပိုးမှုအများ ကြီးပါရတယ်။ အတုလ အလုပ်တွင်အောင် ကျွန်တော်နဲ့ ၀သုန်က ဘေးကနေလိုတာ အားလုံးလုပ်ပေးရတယ်။ "

နှင်းထန်က မိုးစက်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။

"အဲ့ဒီတော့ ချာတိတ်က ဘာကို ဆိုလိုချင်တာလဲ။"

"ဒီ project ပြီးတဲ့အထိ ကျန်တော် အလုပ်ကနေ နောက်ကျလိမ့်မယ် အကို။"

"ဘာဖြစ်လို့လဲ။ အဓိက လုပ်ရမှာ အတုလနဲ့ ၀သုန်လေ။ ချာတိတ်က ဘာဆိုင်လို့ နောက်ကျရမှာလဲ။ "

နှင်းထန် က ခပ်တည်တည်မေးလိုက်သည်။

"အကို... ကျွန်တော်က အနုပညာ ဌာနရဲ့ မန်နေဂျာဖြစ်နေလို့ပေါ့ဗျာ။ သူတို့ က အလုပ်ဆက်လုပ်နေပြီး ကျွန်တော် စောပြန်၇တာကို လိပ်ပြာ မသန့်ဘူး။ ဒါကြောင့် သူတို့နဲ့ အတူတူ အလုပ်လုပ်မယ် အကို။"

"ခွင့်တောင်းတာလား အသိပေးတာလား ချာတိတ်။"

နှင်းထန် သူ့ကို ကြည့်ကာ မေးလိုက်သည်။ မိုးစက်က ဆုံးဖြတ်ပြီးသည့်ပုံပေါ်သည် မဟုတ်လား။ဒါက အသိပေးသည့် သဘောသက်ရောက်နေသည်။

"အသိပေးတာပါ အကို။ ခွင့်လည်းတောင်းတာပါ။"

နှင်းထန်က မိုးစက်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ကိုယ် တခုပဲ မှာချင်တယ်၊ အလုပ်ကြောင့် ကိုယ်တို့ နှစ်ယောက်ရဲ့ ဘ၀ကို မထိခိုက်ပါစေနဲ့။ "

မိုးစက်က သူ့ကို မော့ကြည့်ကာ ကတိပေးသည်။

"စိတ်ချပါ အကို။ ဘယ်တော့မှ မဖြစ်စေရပါဘူး။ ကျွန်တော် ဒီအလုပ်ကို အောင်မြင်အောင်လုပ်ပြ ပါရစေ အကို။ အကို့ဘေးက လူတွေ အားလုံးသိသွားအောင် သက်သေပြပါရစေဗျာ နော်။"

နှင်းထန်သည် မိုးစက်ကို ဆွဲဖက်ကာ ပြောလိုက်သည်။

"မင်း အရည်အချင်းရှိတယ် ဆိုတာ ကိုယ်သိတယ်။ မင်း သက်သေပြစရာမလိုပါဘူး ချာတိတ်ရာ။ ကိုယ်ပြောပြီးပြီ။ မင်းနဲ့ ကိုယ့်ကြား ဘယ်အရာမှ အတားဆီး မဖြစ်စေရဘူး။ ချာတိတ်စိတ်ချမ်းသာအောင် အလုပ်ပေးလုပ်ထားတယ်။ အဲ့ဒါ ကိုယ်တို့ နှစ်ယောက်ကို အနှောက်ယှက်မဖြစ်စေချင်ဘူးကွာ။"

မိုးစက် သူ့ကို ပြန်ဖက်ထားကာ ကတိပေးလိုက်သည်။

"စိတ်ချပါ အကို။ အလုပ်က အနှောက်ယှက် လုံးဝမဖြစ်စေရပါဘူး။ ကျွန်တော့်ကို အတုလတို့နဲ့ အတူ လုပ်ခွင့်သာ ပေးပါနော်။"

"အင်း... တားလည်းမရဘူးမလား။ တားရင် မင်း စိတ်ဆင်းရဲနေဦးမယ်။ လုပ်ပါ။ "

မိုးစက် ခြေဖျားထောက်ကာ သူ့ပါးကိုနမ်းပြီးပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကို..."

နှင်းထန်၏ မျက်နှာက ချက်ချင်းပြုံးသွားတော့သည်။ ချစ်ရသော မိုးစက်လေးက မိမိကို ထူးထူးဆန်းဆန်း နမ်းသည် မဟုတ်လား။

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(19) -ဒုတိယပိုင်း

နှင်းထန်သည် ဖခင်ကြီးနှင့် ဒါရိုက်တာ အဖွဲ့ကို အတိုက်ခံလုပ်ကာ မိုးစက်တို့ အဖွဲ့ကို အတုလနှင့် ရိုက်စေသည်။ ထို့ကြောင့် အတုလ၏ ရိုက်ချက်များထွက်လာသည်အထိ နှင်းထန် သည်းခံရတော့သည်။ မိုးစက်နှင့် ၀သုန်တို့လည်း အရမ်းကို ကြိုးစားကြသည်။ မိုးစက်ကို ညတိုင်း ၇နာရီထိုးမှ သွားခေါ်ရသည်။ ဒါတောင် အိမ်ကို အလုပ်တွေ ပါလာသဖြင့် နှင်းထန် အတော့်ကို သည်းခံထား၇သည်။ ဒီအခွေ ပေါက်လျှင် မိုးစက်ကို အခြားနေရာသို့ပြောင်းကာ လူစုခွဲရမည်ဟု နှင်းထန် တွေးထားသည်။

မခွဲလို့မရပေ။ ယခုကြည့်။ မိုးစက်က သူ့အပေါင်းအသင်းများနှင့် အတူတွဲအလုပ်လုပ်ရတော့ မိမိကို အချိန်မပေးချင်တော့ပေ။ နေ့လည်အလုပ်များသည့်ကြားမှာ နေ့လည်စာစားခေါ်လျှင် သူ့သူငယ်ချင်းများနှင့် အလုပ်အကြောင်းစကားပြောရင်း စားနှင့်နေပြီတဲ့။ ညနေစားလည်း အတူစားဖို့ခေါ်လို့မရပေ။ နောက်ဆုံး သူ့ထံ ညနေ သွားရေစာပို့ပေးတော့ ကိုယ်တိုင်တောင် ဆင်းမယူနိုင်ပေ။ ၀န်ထမ်းလေးကိုလွှတ်ကာ အယူခိုင်းသဖြင့် နှင်းထန် ဒေါကန်ကာ အပေါ်ကို တက်လိုက်သွားတော့ မိုးစက်နှင့် အတုလတို့ တည်းဖြတ်ရေးနှင့် အလုပ်များနေသည်ကို တွေ့တော့ မဆူရက်တော့ပဲ ပြန်ဆင်းလာရတော့သည်။

ဟော ... ညရောက်တာ့ ၀သုန်၊ အတုလတို့နှင့် အွန်လိုင်းမှာ စကားပြောနေပြန်သည်။ နောက်ဆုံး နှင်းထန်သည်းမခံ နိုင်တော့သဖြင့် မိုးစက်လက်မှ ဖုန်းကို ဆွဲယူကာ ပါဝါပိတ်လိုက်တော့သည်။

"အကို...ဘာလုပ်တာလဲဗျ။ ၀သုန့်ကို သူလုပ်ရမယ့်ဟာ မှာနေတာ။"

နှင်းထန် သည် မိုးစက်ကို တင်းမာစွာကြည့်ကာ ပြောလိုက်သည်။

"မင်းက အတော့်ကို များနေပြီ မိုးစက်။"

မိုးစက်သည် အကို ဒေါသကန်နေသည်ကို တွေ့သော် ပြန်စိုက်ကြည့်ပြီး မေးလိုက်သည်။

"ဘာ များတာလဲ အကို။"

"မင်းက မနက်ဆိုလည်း လေ့ကျင့်ခန်းနဲ့ ယောဂ၊ မနက် ၈ခွဲ ရုံးသွားကတည်းက ည ၇ နာရီခွဲမှ ပြန်တွေ့ရတယ်။ ညစာစားပြီးကတည်းက လိုင်းဖွင့်ပြီး အလုပ်လုပ်ရင်လုပ်၊ မလုပ်ရင် သူငယ်ချင်းတွေနဲ့ ပြောနေတာ ည ၁၁ ထိ။ မင်းဟာက မလွန်ဘူးလား။ ကျုပ်မှာ ချစ်သူနဲ့ အတူ အေးအေးဆေးဆေး နေချိန်ကို မရဘူး။"

မိုးစက်သည် အကို့ကို စိတ်တိုရမှာလား။ ရယ်ရမှာလား မသိတော့ပေ။ သူ့ကို အချိန်မပေးလို့ စိတ်ကောက်နေတာကိုး။

"အကို့ကို ကြိုပြောထားတယ်လေ။ ဒီ project ပြီးတဲ့အထိ သည်းခံပေးပါလို့။ အလွန်ဆုံး ၃ လပါပဲ။"

နှင်းထန်သည် မိုးစက်၏ စကားကိုကြားသော် အော်ထည့်လိုက်သည်။

"ဘာပြောတယ်... ၃ လ ဟုတ်လား။ မင်းပြောတော့ ၁ လဆို။"

မိုးစက် သူခွင့်မပြုမည် စိုးလို့ အချိန်ကို လျော့ပြောထားသည်ကို သတိရသွားသည်။ ထို့ကြောင့် အကို့ကို အတည်ပေါက်နှင့် ပြန်ပြောလိုက်သည်။

"အကိုကလည်း လုပ်ငန်းရှင်ကြီး မဟုတ်တဲ့အတိုင်းပဲ။ အလုပ်တခု အောင်မြင်ဖို့ ဒီလို ပေးဆပ်ရတယ်ဆိုတာ မသိတာလားဗျ။"

နှင်းထန်သည် မိုးစက်၏ ထေ့ငေါ့သော စကားကို ကြားသော် စိတ်မထိန်းနိုင်တော့ပဲ စကားတတ်သည့် နူတ်ခမ်းကို ပိတ်ပစ်လိုက်တော့သည်။

"အွန်း။ အကို... လွှတ်ပါအုံး။"

နှင်းထန်က မိုးစက်ကို ခုတင်ပေါ်ပစ်တင်ကာ ပြောလိုက်သည်။

"မင်းတောင် ကျုပ်စကားကို နားမထောင်တာ။ မင်းစကားကို ကျုပ်က ဘာလို့နားထောင်ရမလဲ။ "

"အကို... နေဦး။...အတုလ နဲ့ ဖုန်းချိန်းထားတာ ရှိတယ်။"

"ခေါက်ထားလိုက်။ စိတ်မ၀င်စားဘူး။ မင်းက အခု ကျုပ်အတွက် အချိန်ပေးရမယ် မဟုတ်လား။ ကျုပ်လည်း လုပ်စရာတွေကို ပစ်ထားပြီး မင်းကို အချိန်ပေးမယ်။"

အကိုနှင်းထန်ကို ကြည့်လိုက်တော့ သူ့ပုံက မိမိတားလို့မ၇တော့ဘူးဆိုတာ သိလိုက်သည်။ သူ အတော့်ကို တင်းနေသည့်ပုံပေါ်သည်။ စိတ်ကော။ ဟိုဒင်းကော တင်းနေပုံရသည်။ မိုးစက် သူ့ကို ဖြေလျှော့ပေးရုံပဲရှိတော့သည် မဟုတ်လား။

သူ ငြိမ်သွားတော့မှ မိုးစက် အ၀တ်ကောက်ဝတ်ကာ အခန်းထဲမှ ထွက်မည်မပြု သူက လှမ်းမေးလိုက်သည်။

"ဒါက ဘယ်လဲ။ "

မိုးစက်သူ့ကို လှည့်ကြည့်ကာ ဖြေလိုက်သည်။

"အတုလဆီ ဖုန်းခေါ်မလို့။ ခဏလေးပါ အကို။ ၁၅ မိနစ်ပဲ။ ကျွန်တော် ပြန်လာပါ့မယ်။"

"မခေါ်နဲ့။ ပြန်လာ။"

နှင်းထန်က တင်းမာစွာပြောသည်။ လွန်လာပြီ။ မိုးစက်တကယ့်ကို လွန်လာပြီ။

မိုးစက်လည်း အကိုနှင်းထန်ကို ကြည့်ကာ နည်းနည်းတော့ စိတ်တိုလာသည်။ သူ ဒေါကန်သည်ကို မိမိ နားလည် ပါသည်။ မိမိကို ၁၅ မိနစ်တည်းလို့ပြောတာတောင် သူက ဒီလောက်တင်းမာသည်ဆိုတော့ မိုးစက်လည်း စိတ်တို လာမိသည်။

"အကို ဘယ်လိုဖြစ်နေတာလဲ။ ခဏလေးလို့ပြောထားတာကိုဗျာ။"

"ဒါက မင်းရဲ့ အလုပ်ချိန် မဟုတ်တော့ဘူး။ မင်းရဲ့ မိသားစုကို အချိန်ပေးရမယ်ဆိုတာ မင်းမသိတာလား။ အခု ချက်ချင်းကိုယ့်ဆီကို ပြန်လာခဲ့။"

နှင်းထန်တကယ်ကို ပေါက်ကွဲမိသည်။ ဘယ့်နှယ် သူ့ကိုချစ်လွန်းလို့ အလိုလိုက်လေ။ ဒင်းကလေးက အခွင့်ရေးယူ လေ ဖြစ်နေသည်မဟုတ်လား။

မိုးစက်ကလည်း ဒီိလိုလေသံနှင့်ပြောလာသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူတင်းသည်ကို မိမိလျှော့ပေး ပြီးသည့်တိုင် သူက ဘာလို့ ဒီလောက် အာဏာပြနေသည်ကို နားမလည်တော့ပေ။ မိုးစက်က သူ့ကို ပြန်စိုက်ကြည့်ကာ ပြောလိုက်သည်။

"အကိုတော်ပါတော့။ ကျွန်တော်က ချစ်သူဆီဆက်မှာ မဟုတ်ဘူး။ အလုပ်အကြောင်းပြောမလို့ ဆက်မှာဗျ။ အကို ဘာဖြစ်နေတာလဲ။ ဘာလို့ လိုက်ပြီး ပြဿနာ၇ှာနေတာလဲ။ ကျွန်တော့်ဘက်က အလုပ်ကြိုးစားတာ မှားသွားသလား။"
နှင်းထန်သည် မိုးစက်၏ မျက်နှာမှ ဒေါသရိပ်ကို တွေ့တော့ ပိုလို့စိတ်တိုလာသည်။ သူ့ကို ချစ်လွန်း လို့မိမိ ခေါ်ပြောနေသည်ကို ဒင်းကလေးက မသိပဲ တပြန် ဒေါကန်နေသေးသည်။ တွေ့ကြသေးတာပေါ့ မိုးစက်ရာ။

"အကို ဘာလုပ်တာလဲ.. လွှတ်ပါဗျ.."

နှင်ထန် အိပ်ယာထက်မှ ၀ုန်းခနဲထကာ မိုးစက်နားကိုသွားကာ အိပ်ယာထက်ကို ဆွဲတင်လိုက်သည်။ မိုးစက်က သူရမ်းတော့မည်၊ ကြမ်းတော့မည်ကို သိလို့ ဇွတ်ရုန်းသည်။ သို့သော် နှင်းထန်က သူ့ကို လုံးဝလွှတ်မပေးချေ။ နှစ်ယောက်သား လုံးထွေးနေစဉ် သူ့ဖုန်းက ၀င်လာခဲ့သည်။

"အကိုလွတ်တော့။ အကို့ဖုန်းလာနေတယ်။"

မိုးစက်က သူ့ကိုပြောသည်။သို့သော် နှင်းထန်က ဂရုမစိုက်ပါ။

"လာပါစေ။ သောက်ဂရုမစိုက်ဘူး။"

မိုးစက်ကို အတင်းပင် အ၀တ်ဆွဲချွတ်နေလို့ မိုးစက်လည်း အတင်းရုန်းနေသည်။ မိုးစက်က သူ့ကို လုံးဝ အလျော့မပေးသဖြင့် နှစ်ယောက်သားအတော်ကြာ လုံးထွေးနေစဉ် အခန်းတံခါး ခေါက်သံကို ကြားလိုက်ရသည်။
နှင်းထန်စိတ်တိုသွားပြီး အော်မေးလိုက်သည်။.

"ဘယ်သူလဲ။"

"မောင်နှင်းထန် ဒေါ်လေးပိုပါ။ အကိုကြီး ဦးမင်းထန်က မောင်နှင်းထန်ကို အရေးတကြီးဖုန်းပြောချင်လို့တဲ့။ အိမ်ဖုန်းကို ဆက်ပြီး ခေါ်ခိုင်းလိုက်လို့ပါ။"

နှင်းထန် မျက်မှောင်ကြုတ်သွားသည်။ မိုးစက်က သူ့ကို တိုက်တွန်းသည်။

"အကို သွားလိုက်လေ။ အကို့ဒယ်ဒီက စောင့်နေတယ် မဟုတ်လား။"

"မပြောဘူး။ နေပါစေ။"

နှင်းထန် စိတ်တိုကာ ပြောလိုက်သည်။ မိုးစက်က သူ့ကိုချော့လိုက်သည်။ သူမသွားလျှင် ဦးမင်းထန်က သူ့သားကို မိမိဆွဲထားသည်ဟု ထင်သွားလိမ့်မည်။

"အကိုကလည်း သွားလိုက်ပါ။ အကိုပြန်လာမှ ဆက်ရန်ဖြစ်မယ်လေ။"

နှင်းထန်က မိုးစက်၏ အပြောကြောင့် စိတ်မချလက်မချနှင့် ထလိုက်သည်။

"မင်း အခန်းထဲဝင်ပြီး သော့ပိတ်မထားနဲ့နော်။ကျုပ်မှာ သော့ပိုတွေအားလုံးရှိတယ်။ ပိုနာမယ်။"

သူက လှည့်ကြိမ်းပြီး အခန်းတံခါးကိုဖွင့်ကာ အပြင်ကိုထွက်သွားသည်။ မိုးစက် မဲ့လိုက်သည်။ မိမိလုပ်မည်ကို သူက ကြိုသိနေသည် မဟုတ်လား။ သူ အပြင်ရောက်မှ မိမိဖုန်းကို ပါဝါဖွင့်ကာ အတုလထံသို့ဆက်လိုက်ရသည်။ မနက်ဖြန် ဆုံမည့်နေရာကို ပြောကာ ဖုန်းချလိုက်သည်။ သူပြန်မလာသေးသဖြင့် မိုးစက် အောက်ကိုဆင်းလာခဲ့သည်။
အောက်ထပ် ဧည့်ခန်းတွင် သူ ဖုန်းပြောနေသည်ကို တွေ့လိုက်ရသည်။

"ကျွန်တော် မသွားလို့ မဖြစ်ဘူးလား ဒယ်ဒီ။ ဒီမှာလည်း အလုပ်တွေများတယ်။ "

သူ့ဒယ်ဒီပြောသည်ကို သူငြင်းနေသည်ကို ကြားလိုက်ရသည်။

"သဘက်ခါ ခွဲမယ် ဟုတ်လား။ ကောင်းပြီ။ ကျွန်တော် မနက်ဖြန် လေယာဉ်နဲ့ သွားလိုက်မယ်။"

မိုးစက်သည် သူဖုန်းပြောနေသံကို ကြားသော် ဆက်နားမထောင်ချင်သဖြင့် ထမင်းစားခန်းဘက်ကိုထွက်လာခဲ့သည်။

"ချာတိတ်..."

ရေသောက်နေစဉ် အကိုနှင်းထန်ရောက်လာပြီး မိမိကို ခေါ်လိုက်သည်။ မိုးစက်လှည့်ကြည့်လိုက်တော့ အကိုနှင်းထန်က မိမိအနားကိုလာကာ ဖက်ထားရင်းပြောသည်။

"သားလေး အူပိတ်လို့တဲ့။ ခွဲ၇မယ် လို့ပြောတယ်။ သဘက်ခါ ခွဲခန်းဝင်ရမယ်။ "

မိုးစက်သည် ကလေးလေးအတွကို စိုးရိမ်သွားသည်။ သူ့ကို မော့ကြည့်ကာပြောလိုက်သည်။

"အကို လိုက်သွားလိုက်ပါ။ ၀တီတစ်ယောက်တည်းစိတ်ပူနေမှာပေါ့။"

"အင်း ။ကိုယ် မနက်ဖြန် လေယာဉ်နဲ့လိုက်သွားရမယ်။ ကိုယ့်ဒယ်ဒီက လက်မှတ်စီစဉ်ပေးထားပြီ။ ကိုယ့်ကို ခွင့်လွှတ်ပေးပါ.။ ကိုယ့်ဘက်က ကိစ္စအပြတ်ပဲ လာလာနွယ်နေတာ တောင်းပန်ပါတယ် ချာတိတ်လေး။ ကိုယ့် အားလုံးကို ရှင်းထားသင့်တာ။"

မိုးစက်သည် သူ့ကျောကိုပွတ်ပေးကာ နှစ်သိမ့်လိုက်သည်။

"သြော် အကိုရာ။ အကို့သားလေးကို အကိုဘယ်လို ရှင်းပစ်ရမှာလဲ။ သွားလိုက်ပါ။ ရပါတယ်။ ကျွန်တော် နားလည်ပါတယ်။ "

"ကျေးဇူး ချာတိတ်လေး။ "

"အကိုရယ်။ ကျွန်တော်တို့ကြားကျေးဇူးတင်စကား ပြောစရာလိုလို့လားဗျာ။"

"အင်း တောင်းပန်ပါတယ်။ကိုယ် စကားမှားသွားတယ်။ ကဲ အပေါ်ကို သွားကြစို့။ ကိုယ်တို့အတွက် အချိန် မရှိဘူး။"

မိုးစက်သူ့ကို နားမလည်ဟန်ုဖြင့် မော့ကြည့်ကာ မေးလိုက်သည်.။

"မနက်လေယာဉ်ချိန်က စောလို့လား။ အကို့အတွက် အ၀တ်စားအိတ်ပြင်ပေးမယ်လေ။ လာ သွားကြစို့။"

နှင်းထန်က မိုးစက်၏ ပါးလေးကို ဖြတ်ခနဲနမ်းကာ ပြောလိုက်သည်။

"အ၀တ်အိတ်က အရေးမကြီး.ဘူး၊ ချာတိတ်နဲ့ခွဲရမှာမို့ အတူနေဖို့ ပြောတာ.."

"အာ... အကိုကလည်းဗျာ။ အားအားရှိ ဒါပဲ တွေးနေတယ်။ ခုဏကမှ တခါ ပြီးထားတာ။"


အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now