(Z+U) Season (4)_ အပိုင်း(14)

1.1K 59 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(14) - ပထမပိုင်း

နှင်းထန်သည် အိပ်ယာထဲတွင် ကျန်ရစ်ခဲ့သော်လည်း မိုးစက် ကိုသတိရလို့ ၁၅ မိနစ်ကြာတော့ လိုက်ထလာခဲ့သည်။ ပျော့ပြောင်းစွာ၊ တည်ငြိမ်စွာ ယောဂ လေ့ကျင့်ခန်းကို လုပ်နေသော ချစ်သူလေး၏ အပြစ်ကင်းသော ကိုယ်ဟန်နှင့် ဆွဲဆောင်မှုမြင့်မားသော အေးချမ်းသည့် မျက်နှာထားကို ငြိမ်သက်စွာ အကွယ်လေးမှ ငေးကြည့်နေမိသည်။
မိုးစက်သည် အများကြီး လူကြီးဆန်သွားသည်။ အရင်လို ကလေးဆန်ဆန် ခံစားတာ၊ ၀ုန်းဒိုင်းကျဲတာ မရှိတော့။ ခံစားချက်ကို ထိန်းသိမ်းကာဖြစ်သင့်တာကို ပြောပြနေသည်။ ဖြစ်ချင်သည်ကို သေချာညှိနှိုင်းတတ်နေပြိ။

"သြော်... ဆရာကောင်းတွေ့သွားပြီကိုး ချာတိတ်လေး။ ဒါပေမယ့် အကိုက မင်းကို ဘယ်လိုဖြစ်မှ ချစ်မယ်လို့ မဟုတ်ဘူး။ မင်း ဆိုးလည်းချစ်မယ်။ မင်းဂျစ်လည်း ချစ်မယ်။ မင်းရစ်လည်း ချစ်မယ်။ အကိုက မိုးစက် ဆိုတဲ့ မင်းလေး ကိုပဲ ချစ်တဲ့သူပါ။"

နှင်းထန် အသံတိတ်ပြောနေမိသည်။ အကြာကြီး မိုးစက်ကို ငြိမ်ပြီးကြည့်နေရင်း အေးချမ်းခြင်းကို ခံစားရသည်။ မိမိအတွက် တရားထိုင်ဖို့ မလိုပါ။ ယောဂကျင့်ဖို့မလိုပါ။ မိမိနံဘေးတွင် မိုးစက်ရှိဖို့ပဲလိုသည်။ မိုးစက်ရှိလျှင် အေးချမ်းသည်။ ပျော်သည်။ အားလုံးကို ပိုင်ဆိုင်သလို ခံစားရသည်။ မိုးစက်သည် မိမိအတွက်အရာရာဖြစ်သည်။
မည်မျှကြာအောင်ငေးနေမိသည် မသိတော့ပါ။ မိုးစက် ပြေးစက်ပေါ်မှဆင်းလာသောအခါ နှင်းထန်ကို မြင်သွားသည်။

"ဟင်..... အကို လိုက်ထ လာတာလား..."

မိုးစက် အံ့သြကာ မေးလိုက်မိသည်။ အကို ပြန်အိပ်နေသည်ဟု ထင်နေသည် မဟုတ်လား။ သူ အနောက်မှာရောက် နေသည်ဆိုတော့ မိုးစက် တကယ်အံ့သြသွားသည်။ အကိုကမိမိကို ချစ်မြတ်နိုးစွာကြည့်နေသည် မဟုတ်လား။ အကို့အကြည့်ထဲတွင် အကို့အချစ်များကို တွေ့လိုက်ရပါသည်။ မိုးစက် ရင်ထဲမှ ကြည်နူးသွားမိသည်။

"မဟုတ်ပါဘူး။ ခုမှ နှိုးတာ။ မင်းကို လာကြည့်တာ။"

နှင်းထန်က မိုးစက်ကို ဗြောင်ငြင်းလိုက်သည်။ မိမိ သူ့ကို အနောက်မှ ငေးနေသည်ကို မသိစေချင်ပါ။

"တခါတည်း ပြေးစက်ပေါ်တက်လိုက်ပါလား အကို..ကျွန်တော် ပြီးပြီ။"

မိုးစက်က အကို့ကို လှမ်းပြောလိုက်သည်။

"မျက်နှာမသစ်ရသေးဘူးကွ။ မင်းဖာသာ ဆက်လုပ်ပါကွာ။ ကျုပ်မလိုဘူး။"

နှင်းထန်က တမင်ကို ငြင်းလိုက်သည်။ မပြေးချင်ပါ။ မနက်ခင်း မိုးစက်နှင့် နီးနီးနေလို့ မဖြစ်ပါ။ မိမိစိတ်ကို မိမိသိသည်။

"ပြီးရောဗျာ။ ကျွန်တော် ဆက်လုပ်လိုက်ဦးမယ် အကို။"

မိုးစက် သူ့ကို အတင်းမတိုက်တွန်းတော့ပါ။ သူ့ပုံစံနှင့်သူရှိပါစေ။ မိမိသာ အကျင့်ပါနေသည် မဟုတ်လား။ လူတစ်ယောက်ကို ချစ်လျှင် သူ့ပုံစံကို လက်ခံရမည်ဟု မိုးစက်ခံယူထားသည်။ မိမိနှင့်ကိုက်ညီရန် အတင်းလုပ်ယူ စရာမလိုပါ။ သူ့ရဲ့ ဘာပုံစံပဲဖြစ်ဖြစ် ချစ်နေမည် ဖြစ်သည်။ ဒါက အချစ်ဟု မိုးစက် ယူဆသည်။

"အင်း... အင်း.."

နှင်းထန် အိပ်ခန်းထဲကိုပြန်လာပြီး ရေအိမ်ဝင်လိုက်သည်။ မိုးစက်၏ သွက်လက်မြူးကြွနေသော အမူယာလေးကို ပြန်မြင်ယောင်ရင်း စိတ်များက မငြိမ်မသက်ဖြစ်လာပြန်သည်။

"အင်း....ခက်ပြီ မိုးစက်ရေ။ မင်းနဲ့ အတူနေမိရင် ကိုယ့်မှာ အရူးအမဲသားကျွေးမိသလိုပါပဲကွာ။ ခက်တော့တာပဲ။ မင်းကို အမြဲချစ်နေချင်မိတယ် ကွာ။ မင်းကို ပြောမိရင် ကိုယ့်ကို တဏှာရူးလို့တော့ မင်းမြင်တော့မှာပဲ။ "

နှင်းထန် စိတ်ညစ်ညစ်နှင့် တခါတည်းရေချိုးခန်းထဲဝင်ပြီး ရေချိုးရင်း မိုးစက်ကို မှန်းကာ လက်လှမ်းမှီသလိုပဲ ဖြေရှင်းလိုက်ရတော့သည်။ မဖြေရှင်းလို့လည်း မရပေ။ အငယ်ကောင်က ဂျီကျနေလေပြီ။ ချစ်သူနှင့် အတူနီးနီးကပ်ကပ် နေမိတိုင်း နှင်းထန် ဖြစ်နေကျပါ။ အရင်လိုဆိုလျှင် မိုးစက် မကြည်ဖြူလည်း လုယူလိုက်မှာ ဖြစ်သည်။ ယခုတော့ သူ့ရဲ့ သူတော်ကောင်း အကိုကြီးဆိုသူနှင့် မိိမိကို ယှဉ်ကြည့်နေသည် ဆိုတော့ အထင်သေးလည်း မခံချင်ပါ။ နှင်းထန်အတွက်အောင့်သက်သက် ခံစားနေရသည်။

ဘယ့်နှယ် ကိုယ့်ချစ်သူကို လွတ်လွတ်လပ်လပ် ချစ်လို့မရ၊ ထိလို့ ကိုင်လို့မရ၊ တွေးရင်း နှင်းထန် စိတ်ပေါက်ပေါက်နှင့် စနေ ဆိုသည့် ဘဲကြီးကို ဆဲလိုက်မိသည်။

"အကို ရေချိုးတာ မပြီးသေးဘူးလား။ ကြာလိုက်တာ။ အအေးမိဦးမယ်။"

မိုးစက်ေ၇ချိုးခန်းအပြင်မှ လှမ်းအော်လိုက်သည်။ နှင်းထန်သည်မိုးစက် အသံကို ကြားမှ သတိဝင်လာသည်။ ရေချိုးရင်း မိမိ၏ တင်းအားကို ဖြေလျော့ရင်း အတွေးလွန်နေသည် မဟုတ်လား။ နှင်းထန် သက်ပြင်းရှိုက်ကာ ရေချိုးခန်း အပြင်ကိုထွက်လာခဲ့သည်။

"အကို ကြာလိုက်တာ...ဘာလုပ်နေတာလဲ..."

မိုးစက် အကိုနှင်းထန်ကို စိုးရိမ်စွာ ဆီးမေးလိုက်သည်။ သို့သော် သူဖြေပုံက ရိုက်ချင်စရာကောင်းလှသည်။

"မင်းကိုလွမ်းလို့ကြာနေတာ..."

နှင်းထန်က မကြည်ကြည့်ဖြင့် ဖြေလိုက်သည်။ ရုတ်တရက်ဆိုတော့ မိုးစက် သူဆိုလိုသည်ကို နားမလည်လိုက်ပါ။ ဘာဆိုင်လို့လဲပေါ့။

"အင်....ဘာဆိုင်လို့...."

ပြောရင်း မိုးစက် အထာပေါက်သွားပြီး မျက်မှောင်ကြုတ်ကာ အကိုနှင်းထန်ကို ကြည့်ကာ ပြောလိုက်သည်။

"စောစောစီးစီးဗျာ။ အကို ညစ်ပတ်အိုး..."

မိုးစက် မျက်နှာပူစွာ သူ့ကို ပြောလိုက်သည်။ ဘယ့်နှယ် တညလုံးနီးပါး ချစ်ပြီးတာတောင် အိပ်ယာထသည်နှင့် သတိရသည်တဲ့။ လွန်ကို လွန်နေပါပီ။

"ဘာ ညစ်ပတ်အိုးလဲ။ ဒါဆို လာခဲ့..."

နှင်းထန်က မိုးစက်ကို လှမ်းဆွဲကာ ပြောလိုက်သည်။ မိုးစက်လေးကို တွေ့တော့ ထိန်းထားသည့် စိတ်တို့ တဖန်ထကြွ လာချင်ပြန်သည် မဟုတ်လား။

"အာ....မလုပ်နဲ့..."

မိုးစက်ပြောရင်း နောက်ကို ဆုတ်လိုက်သော်လည်း သူက မိုးစက်၏ ခါးကို သိုင်းဖက်ကာ မွတ်သိပ်သော အနမ်းတချို့ကို ပေးနေသည်။ သင်းသော သွားတိုက်ဆေးနံ့နှင့်စိုသော အနမ်းများအောက်ဝယ် မိုးစက် မျှောပါသွားတော့သည်။ သူ့လက်များက နယ်ကျွံလာတော့ မိုးစက် သူ့ရင်ဘတ်ကိုတွန်းဖယ်ကာ ပြောလိုက်သည်။

"တော်ပြီဗျာ။ ရေချိုးတော့မယ်.."

နှင်းထန် သက်ပြင်းရှိုက်ကာ လွှတ်ပေးလိုက်သည်။ မိုးစက်၏ မျက်နှာက အနီရောင် ရင့်နေလေပြီ။ နှင်းထန်သည် ရိုင်းချင်သည့် စိတ်ကိုချူပ်ထိန်းကာ ပြောလိုက်သည်။

"အင်း... ရေချိုးတော့။ ကိုယ် အောက်ကနေ စောင့်နေမယ်။"

မိုးစက် ကျေနပ်စွာ ခေါင်းငြိမ့်ကာ ရေချိုးခန်းထဲကို ပြေးဝင်သွားတော့သည်။ နှင်းထန်သည် သမင်လေးလို အပြေးမြန် သည့် ချစ်သူကို ငေးကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။

"အင်း.... မိုးစက်နဲ့ တော့ ငါ ခက်ပါပြီ။ "

နှင်းထန် ကျေနပ်စွာဖြင့် တိုးတိုးညည်းလိုက်မိသည်။

မိုးစက်သည် ရေချိုးပြီးထွက်လာတော့ အခန်းထဲ သူမရှိတော့သဖြင့် စိတ်အေးသွားသည်။ မတော်လို့ အလုပ်မသွားခင် တစ်ချီဆွဲချင်သည်ဆိုလျှင် ခက်ပေးလိမ့်မည်ဟု တွေးကာ အ၀တ်အမြန်ဝတ်ကာ အောက်ကို ဆင်းလာခဲ့သည်။

"အကို ကျွန်တော် ဒီနေ့ အလုပ်တခါတည်းဆင်းမှာနော်။"

မိုးစက် စားပွဲံတွင် ၀င်ထိုင်လိုက်သည်နှင့် နှင်းထန်ကို ချက်ချင်းတောင်းဆိုလိုက်သည်။

"ဟင်.... မနက်ဖြန်မှ ဆင်းပါကွာ။ အလုပ်က ထွက်မပြေးပါဘူး။ "

နှင်းထန်သည် အလုပ့်ကို သိပ်သွားချင်နေသည့် မိုးစက်ကို သိပ်ကြည့်မရချင်တော့ပါ။ ဘယ့်နှယ်။ ကိုယ့်ဘေး နေရမှာကို လန့်နေသည့်ပုံက စိတ်တိုချင်စရာကောင်းလှသည်။ ဒီကကောင်က ဖီးအောက်နေပြီ မဟုတ်လား။

"အာ...အိမ်မှာ နေ၇တာ ပျင်းတယ် အကို။ အကိုလည်း အလုပ်ကို ပစ်ထားတာ ကြာပြီလေ။ အလုပ်သွားရမှာ မဟုတ်လား။ ကျွန်တော်လည်း လေ့လာစရာတွေရှိလို့ သွားပါရစေနော်။ နော်လို့... အကို နော်...."

မိုးစက်က သူစိတ်တိုနေသည်ကိုသိတော့ မျက်နှာချိုသွေးလိုက်သည်။ အဓိက သူ မိမိကို ခွင့်ပြုဖို့ အရေးကြီးသည် မဟုတ်လား။

"အင်း.... လိုချင်တာ ရှိတော့ ပူဆာနေလိုက်တာ။ ကောင်းပြီ။ နေ့လည်စာ အတူစားဖို့ လာခေါ်မယ်။ အသင့်ပြင်ထား။"

နှင်းထန်သည် မိုးစက်၏ အပြုံးနှင့် စကားလုံးကို မလွန်ဆန်နိုင်တော့ နောက်ဆုံး ခွင့်ပြုလိုက်ရတော့သည်။

"ဟုတ်ကဲ့ အကို. စိတ်ချပါ။"

ယနေ့ အလုပ်ဆင်းခွင့်ရသည် ဆိုတော့ မိုးစက်ပျော်သွားပြီး သူပြောသမျှ အားလုံးခေါင်းငြိမ့်လိုက်တော့သည်။

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(14) - ဒုတိယပိုင်း

ဝသုန်သည် အိပ်ယာထ အနည်း နောက်ကျသဖြင့် အလုပ်သို့အလောတကြီးပြေးလာခဲ့ရသည်။ ညက မိမိတို့အနုပညာ ဌာနခွဲအတွက် လူသစ်ရောက်မည် မဟုတ်လား။ မိမိက နောက်ကျနေလျှင် မကောင်းပေ။ company သို့ရောက်သော် သက်ပြင်းချလိုက်မိသည်။

"တော်သေးတယ်။ အချိန်မှီလို့......"

ဝသုန်သက်ပြင်းချလိုက်မိသည်။ မကြာခင် အကိုနှင်းထန်၏ ကားဝင်လာခဲ့သည်။ မနေ့က မိုးစက်ပြောသွားသည်ကို ပြန်သတိရရင်း ယခု ခန့်အပ်သည့် နေရာတွင် မိမိသူငယ်ချင်း မိုးစက် ဖြစ်လျှင်မည်မျှကောင်းမည်နည်းဟု တွေးလိုက် မိသည်။ မိုးစက်ကို အလုပ်ပေးဖို့ အကိုနှင်းထန်ကို စကားစပ်ရင်းပြောရမည်ဟု ၀သုန် တေးထား လိုက်သည်။

ဝသုန် လှမ်းကြည့်နေစဉ် အကိုနှင်းထန်နှင့်အတူ မိုးစက်လည်းဆင်းလာသဖြင့် ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။ မျက်နှာ ကလည်း ပြုံးသွားမိသည်။ ထင်သည်။ မိုးစက်လည်း မျက်နှာကြည်လင်နေသည် မဟုတ်လား။ မနေ့က ရုပ်နှင့် တခြားစီဖြစ်နေသည်။ ဒါဆို သေချာပါပြီ။ ၀သုန် ကျေနပ်စွာရယ်ပြီး အစည်းဝေးခန်းထဲကို ထွက်လာခဲ့သည်။

အစည်းဝေးခန်းထဲတွင် ၀သုန်တို့ အနုပညာ company မှ ၀န်ထမ်းအားလုံးစုံနေလေပြီ။ သူဌေးက မိမိတို့ ဌာနအတွက် မန်နေဂျာအသစ်ကို ခေါ်လာမည် ပြောတာကိုး။ ညကမှ မေးလ် ၀င်လာခဲ့ခြင်းဖြစ်သည်။ ၀န်ထမ်းအားလုံးက အသစ်လာမည့်သူကို မျှော်နေကြသည်။ ၀သုန်လည်း မိမိ နေရာတွင် ၀င်ထိုင်လိုက်သည်။ အကိုနှင်းထန်၏ ကျေးဇူးကြောင့် မိမိသည် နာမည်ကြီးအဆိုတော် ဖြစ်လာသည့်အပြင် သရုပ်ဆောင်မင်းသားလည်း ဖြစ်လာသည်။ ပြီးတော့ company shareholder လည်းဖြစ်လာသည်။ ဘာပဲပြောပြော အကိုနှင်းထန်က မိမိကို ဒီလောက် ကြည့်ရှု့ကူညီတာ သူငယ်ချင်းလေး မိုးစက်ကြောင့်လည်းပါသည်။

အကိုနှင်းထန်နှင့် မိုးစက် အခန်းထဲဝင်လာတော့ အားလုံး ထိုင်ရာမှ ထကာနူတ်ဆက်လိုက်ကြသည်။ အကိုနှင်းထန်က စားပွဲထိပ်မှ သူ့ခုံတွင် ထိုင်ပြီး မိုးစက်က ညာဘက်ဘေးမှ ခုံတွင် ထိုင်လိုက်ပြီးမှ အားလုံးထိုင်ကြသည်။

"အားလုံးပဲ မင်္ဂလာပါ။ အခုလို ကျွန်တော် အရေးတကြီး အစည်းဝေးခေါ်လိုက်တာက ကျွန်တော်တို့ အနုပညာ company အတွက် မန်နေဂျာတစ်ဦးကို ခန့်အပ်ကြောင်းကြေငြာပြီး အားလုံးနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ "

အားလုံး၏မျက်လုံးများက နံဘေးတွင်ထိုင်နေသော မိုးစက်ထံသို့ရောက်သွားကြသည်။ အကြည့်များက အရောင်မျိုးစုံ သည်။ မိုးစက်မျက်နှာမပျက်ပါ။ ဒါတွေကို အားလုံးကြိုတွေးပြီးဖြစ်သည်။

"သူက မိုးစက်ပါ။ ထိုင်းမှာရှိတဲ့ လုပ်ငန်းအုပ်စုကြီးတစ်ခုကို ဦးဆောင်ခဲ့သူပါ။ ကျွန်တော် မေတ္တာရပ်ခံမှုကြောင့် လာရောက်ကူညီတာဖြစ်ပါတယ်။ အားလုံးပူးပေါင်းပေးကြပါလို့ ပြောချင်ပါတယ်။ မိုးစက်က ကျွန်တော့်ကိုယ်စား ဒီ company အကျိုးကိုသယ်ပိုးနေတာပါ။ မိုးစက်ရဲ့ ဦးဆောင်မှုနောက်ကို မလိုက်နိုင်သူတွေ နေ့လည်းကျွန်တော့် ရုံးခန်းကို လာပြောနိုင်ပါတယ်။ "

ဒေါက်တာနှင်းထန်သည် ၀န်ထမ်းများကို ဖြည်းညင်းစွာရှင်းပြသည်။ သို့သော် သူ့လေသံက ပြတ်သားသည်။ မိုးစက်ကို လက်မခံနိုင်လျှင်အ လုပ်ထွက်ပါဟု မပြောသော်လည်း ထိုသို့ နားလည်အောင် ပြသွားသည်။

မိုးစက် သည် အကိုနှင်းထန်၏ တင်းမာမှုကြောင့် အားနာသွားသည်။ ၀န်ထမ်းများကို အလုပ်ရှင်ပီပီ ခြိမ်းခြောက် နေသည်မဟုတ်လား။။ မိမိကို ကာကွယ်တာဖြစ်သော်လည်း ဒီလို သဘောထားကို မိုးစက် မကြိုက်ပါ။အကိုလုပ်ပုံ နှင့် ၀န်ထမ်းများက မိမိကို မုန်းကုန်တော့မည်။ မုန်းမှာကို မကြောက်သော်လည်း ၀န်ထမ်းများ အမြင်စောင်းနေလျှင် အလုပ်အတူ တွဲလုပ်ဖို့ခက်ပေလိမ့်မည်။
မိုးစက် သူ့ကို တချက်လှမ်းကြည့်လိုက်သည်။ နှင်းထန်သည် မိုးစက်၏ အကြည့်ကို တွေ့သော်လည်း မသိချင်ယောင် ဆောင်နေလိုက်သည်။ ဘာကြောင့်လဲဆိုတော့ ဒီ company ထဲတွင် ဒယ်ဒီ့လူများရှိနေသည်။ မိုးစက်ကို စိတ်ညစ်အောင် လုပ်မည်ကို မိမိကြိုတားထားခြင်းဖြစ်သည်။

မိုးစက် သည် အကိုနှင်းထန် သိလျက်နှင့် ဆက်လုပ်နေသည်ကို သိတော့ စိတ်ပျက်မိသည်။ အကိုက တခါတရံ ကလေးဆိုးကြီးလို တဇွတ်ထိုးနိုင်လှသည် မဟုတ်လား။ မိုးစက် သက်ပြင်းရှိုက်လိုက်သည်။ ၀န်ထမ်းများ ထင်ချင်သလို ထင်ပါစေတော့။ နောက်မှ အလုပ်အတူ လုပ်ရင်း နားလည်မှုတည်ဆောက်ယူတော့မည်ဟု တွေးကာ စိတ်ကို လျော့ထားလိုက်တော့သည်။ သူ့ကိုလည်း တားလို့ရမည် မဟုတ်ပေ။

ဝသုန်သည် မိုးစက်ကို ကာကွယ်ပေးသည့်အနေဖြင့် ကြမ်းပြနေသည့် အကိုနှင်းထန်၏ စေတနာကိုနားလည်ပါသည်။ မိုးစက် မျက်နှာ အမူယာကိုကြည့်ပြီး ၀သုန် အားပေးဟန်ဖြင့်ပြုံးပြလိုက်သည်။

မိုးစက်သည် ၀သုန့်ကို ပြုံးကာ ပြန်ပြီးခေါင်းငြိမ့်လိုက်သည်။ နှင်းထန်သည် စကားပြောပြီး မိုးစက်ကို တခုခုပြောရန် ပြောလာသည်။ မိုးစက်သည် ထိုင်ရာမှ ထကာ ၀န်ထမ်းများနှင့် မိမိတသားတည်းအလုပ်လုပ်မည်ဖြစ်ကြောင်း ပြောကာ လိုအပ်သည်ကို မိမိကို ကူညီပေးရန် ပြောလိုက်သည်။

ဝန်ထမ်းအချို့ကတော့ မိုးစက်၏ စကားပြောဟန်ကို ကျေနပ်သွားဟန်တူသည်။ တချို့ကတော့ ကျေနပ်ဟန်မတူပါ။ မည်သို့ပင်ဖြစ်စေ မိုးစက်ကတော့ အောင်မြင်အောင်လုပ်မည်ဟု ဆုံးဖြတ်ထားသည်။

အစည်းဝေးပြီးတော့ နှင်းထန်သည် မိုးစက်ကို အလုပ်ဌာနများကိုလိုက်ပြသည်။ ၀သုန်၊ နှင်းထန် နှင့် မိုးစက် company department များကို လိုက်ကြည့်သည်။ ထို့နောက် ၀န်ထမ်းများနှင့် မိတ်ဆက်သည်။ မိုးစက် တကယ်ကို စိတိဝင်စားသည်။ လိုက်လေ့လာနေစဉ်ပင် ဘယ်လို ဆက်လုပ်သင့်သည်ကို ခေါင်းထဲတွေးနေမိသည်။ အကိုကြီး၏ အလုပ်တွင် ရှိသည့် အနုပညာဌာနခွဲနှင့် ယှဉ်ကြည့်ရင်း ဘယ်ကနေ ဆက်လုပ်ရမည်ကို အကြမ်းလျာထားလိုက်သည်။

"ကဲ ... နေ့လည်စာ သွားစားရအောင်... ၀သုန် ... မင်းလည်း လိုက်ခဲ့ပါ။ မိုးစက် အလုပ်စ၀င်တဲ့ အထိမ်းမှတ်နဲ့ အတူ သွားစားရအောင်..."

ဝသုန်အားနာသွားသည်။ ဒေါက်တာ နှင်းထန်က မိမိကို ဟန်ဆောင်ခေါ်နေတာလားဟု အကဲခတ်ကြ ည့်လိုက်သည်။ နှင်းထန်က ရိပ်မိကာ ရယ်ပြီး ခေါင်းထပ်ငြိမ့်သည်။

"ချာတိတ် ခေါ်ပါဦး ၀သုန်ကို..."

"အင်း.... ဟုတ်တယ် ၀သုန်။ မင်းလည်းလိုက်ခဲ့။"

မိုးစက် ထပ်ခေါ်မှ ၀သုန်လိုက်လာခဲ့သည်။ သုံးယောက်သား နေ့လည်စာသွားစားတော့ မိုးစက် မျက်နှာကြည့်နေသည်ကို ကြည့်ကာ ၀သုန် ပျော်နေမိသည်။ တော်သေးသည်။ မိမိသူငယ်ချင်းလေးကို အကိုနှင်းထန် ပျော်အောင်လုပ်ပေးလိုက်သည်။ ဖြစ်နိုင်လျှင် အကိုနှင်းထန်ကို မိုးစက် အားပိုလို့နားလည်စေချင်သည်။ မဟုတ်လျှင် မိုးစက်ကို အရမ်းနားလည်ပေးသည့် ဦးစနေနောက်ကို မိုးစက်ပြန်ပါသွားမှာ သေချာသလောက်ရှိသည်ကို မိမိ သိနေသည်မဟုတ်လား။

နေ့လည်စာ စားပြီးတော့ နှင်းထန်က မိုးစက်ကို အိမ်ကို ပြန်လိုက်စေချင်သည်။ သို့သော် မိုးစက် က သူ့ကိုအလုပ်သို့ သွားရန်တိုက်တွန်းသည်။ သူကလည်း ၀သုန်နှင့်ပြန်လိုက်သွားမည်ဟု အတင်းဆိုနေသည်။ နှင်းထန်က ဘယ်လိုပြောပြောမရသောအခါ ခေါင်းညိမ့်လိုက်၇တော့သည်။
မိုးစက် ပျော်သွားသည်။ ချက်ချင်း ၀သုန့်ကားနားကို လိုက်လာခဲ့သည်။ ကားနားရောက်တော့ အနောက်မှ ကပ်ပါလာ သော အကိုနှင်းထန်က မိုးစက်၏ လက်ကို ဆွဲကာ သူ့ဘက်ကို ဆွဲလှည့်ပြီး ပါးပြင်ကို နမ်းလိုက်သည်။

ကားပါကင် လည်းဖြစ်၊ ၀သုန်အပြင် ဆိုင်ကိုလာသည့် အခြားဧည့်သည်များလည်းရှိသည့် ကြားက အကိုနှင်းထန် နမ်းလိုက်သော အခါ မိုးစက် အံ့သြသွားပြီး သူ့ကို ပြောလိုက်သည်

"အကို နေ့ခင်းကြီး။ လူတွေနဲ့။ ဘာလုပ်တာလဲ။ ရူးနေပြီလား။"

ရုတ်တရက်ဖြစ်သောကြောင့် မိုးစက်၏ နူတ်မှ မထိန်းနိုင်ပဲ ထွက်သွားမိသည်။ ၀သုန်ပင် အားနာသွားသည်။ သို့သော် နှင်းထန်က မျက်နှာ မပျက်ပဲ ပြောလိုက်သည်။

"ဟုတ်တယ်။ အချစ်ရူးရူးနေတာလေ။ ကဲ ၀သုန် ... မင်းလက်ကို အပ်လိုက်ပြီနော်။ မိုးစက် ချာတိတ်.... ညနေ အကို လာကြိုမယ်။ ဘိုင့်..."

သူက ပြောပြီး ဦးအောင်လှည့်ထွက်ကာ ကားပေါ်တက်မောင်းထွက်သွားသဖြင့် မိုးစက် သက်ပြင်းချကာ ကျန်ရစ်ခဲ့သည်။

"သူ ရူးသွားပြီ။ အင်တာနက်မင်းသားဖြစ်ချင်နေတယ်....."
မိုးစက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်မိသည်။ ၀သုန်က တချက်ရယ်က မိုးစက်ကို ကားတံခါးဖွင့်ပေးကာ ပြောလိုက်သည်။

"တက်တော့။ မင်းတို့ လင်မယားက အင်တာနက် မင်းသားဖြစ်တာ အရေးမကြီးဘူး။ လူတွေ ငါ့ကို မှတ်မိကုန်တော့မယ်။ တက်တော့..."

မိုးစက် ထိုအခါမှ ကားထဲ အမြန်ဝင်ခဲ့သည်။

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now