(Z+U) Season (4)_ အပိုင်း(18)

997 58 1
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(18) -ပထမပိုင်း

"အခြေအနေ ဘယ်လိုလဲ။ ဒါရိုက်တာ ကြယ်ပြာရဲ့ အရည်အချင်းက...."
နှင်းထန်က အပြင်သို့ရောက်သည်နှင့် မိုးစက်ကို မေးလိုက်သည်။ မိုးစက် တွေဝေသွားသည်။ ဒါရိုက်တာ ကြယ်ပြာက မတော်ဘူး မဟုတ်။ တော်ပါသည်။ သို့သော် ၀သုန်နှင့် သိပ်မကိုက်ဟု ထင်မိသည်။

"အင်း... တော်ပါတယ်။ အကယ်ဒမီရထိုက်သူပါ။"
နှင်းထန်က မိုးစက်ဖြေပုံကိုကြားသောအခါ ချာတိတ် သိပ်ဘ၀င်မကျသည်ကို သိလိုက်သည်။ မိုးစက်က ကြယ်ပြာကို ဘယ်အချက်တွင် သဘောမကျသည်ကို သိချင်သွားမိသည်။

"ဘယ်အချက်ကို သဘောမကျတာလဲ ချာတိတ်..."
မိုးစက်သည် အကိုနှင်းထန်၏ အမေးကို ဖြေ၇န် စကားလုံးရွေးနေမိသည်။ မိမိသဘောမကျသည်ကို မည်သို့ရှင်းပြရ မည်ကို တွေးနေမိသည်။ ကြယ်ပြာက ရုပ်ရှင်ကားကြီးကို ရိုက်တာ တော်ကောင်းတော်လိမ့်မည်။ သို့သော် သီချင်းကို ကြွတက်လာအောင် သရုပ်ဖော်ရာတွင် နည်းနည်းလိုနေသည်ကို ခံစားမိနေသည်။ ဒါကလည်း မိမိက အတုလရဲ့ MTV ရိုက်တာကို မြင်ဖူးထားလို့ဖြစ်ပါလိမ့်မည်။
မိုးစက်သည် သူ့ကို ငေးကြည့်ကာ ပြောလိုက်သည်။

"အိမ်ရောက်ရင် အကို့ကို MTV ရိုက်ထားတာကို ပြမယ်။ ကြည့်ပြီး ဝေဖန်ပေးပါ။"
နှင်းထန်သည် ကြယ်ပြာအကြောင်း မေးသည်ကို မဖြေပဲ အခြားအကြောင်းကို ပြောနေသဖြင့် မိုးစက် တခုခုပြော ချင်တာ ရှိမည်ဟုတွေးလိုက်မိသည်။

"ကောင်းပြီလေ။ "
နှင်းထန်က ကားကို မြို့ပြင်သို့ ဦးတည်ထွက်လာခဲ့သည်။

"အကို ဘယ်ကို သွားမလို့လဲ။"

"လယ်ကွင်းတွေဘက်ကို သွားရအောင်လား။ လေကောင်းလေသန့် သွားရှုကြတာပေါ့.."

နှစ်ယောက်သား လယ်ကွင်းများနားတွင် ကားကိုရပ်ပြီး ကောက်ပင်စိမ်းစိမ်းများကိုငေးကြည့်နေမိသည်။ မိုးစက်သည် လေတိုက်တိုင်း လှိုင်းထကာ အစိမ်းရောင် လှိုင်းလုံးကြီးများ တက်လာသလို လှပသည့် သဘာဝ အစိမ်းရောင် လှိုင်းလုံးများကို ငေးကြည့်ရင်း စိတ်တို့ တဖြည်းဖြည်း ပေါ့ပါးလွတ်လပ်လာသလို ခံစားလိုက်ရသည်။

"မိုးစက်လေး...."

နှင်းထန်က မိုးစက်ကို တိုးတိုးခေါ်လိုက်သည်။ မိုးစက်သည် မိုးကုပ်စက်ဝိုင်းကို ငေးကြည့်ရင်း အကို့ခေါ်သံကြောင့် လှည့်ကြည့်လိုက်သောအခါ အကိုက မိမိကို တွေတွေငေးငေးလေး ကြည့်နေသည်ကို တွေ့လိုက်သည်။ မိုးစက် တမျိုးလေး ခံစားလိုက်ရသည်။ အကို နှင်းထန် မိမိကို ချစ်မြတ်နိုးစွာဖြင့် အကြည့်မျိုးစုံနှင့် ကြည့်ကို ကြုံဖူးပါသည်။
ချစ်ဆိပ်တက်နေသည့် အကြည့်၊ မြတ်နိုးသည့်အကြည့်၊ ချစ်ရည်ရွှမ်းသည့် အကြည့်၊ သ၀န်တိုသည့် အကြည့်၊ နာကျင်သည့် အကြည့်၊ ဆွေးမြည့်သည့် အကြည့်၊ ချစ်ဒေါထန်သည့် အကြည့်.....
အကြည့်အမျိုးမျိုးထဲမှ ယခုလို အေးအေးချမ်းချမ်းကြည့်သည်ကို မိမိပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

"အကို ဘာလဲဟင်..."

မိုးစက်သူ့ကို ညင်သာစွာမေးလိုက်သည်။ အကို့လက်ဖ၀ါးကိုလည်းဆုပ်ကိုင်ထားမိသည်။ အကိုကလည်း ပြန်လည်ဆုပ်ကိုင်ထားသည်။ အကို့လက်က နွေးထွေးပြီး အားအင်နှင့်ပြည့်နေသည်ဟု ခံစားမိလိုက်သည်။

"ကိုယ့်ဘေးမှာ နေပေးလို့ ကျေးဇူးတင်ပါတယ် မိုးစက်။"

သူ တည်ကြည်စွာပြောသည်ကိုတွေ့တော့ မိုးစက်သူ့ရင်ခွင်ထဲကို တိုးဝင်ဖက်ထားကာ ပြောလိုက်သည်။

"ကျွန်တော့်ကို ချစ်ပေးလို့ ကျေးဇူးတင်ရမယ့်သူက ကျွန်တော့်ပါ အကို။ အကို့အချစ်တွေအတွက် ကျေးဇူးပါ။"

"ချစ်တယ် မိုးစက်လေး။ မင်းလေးကို ကိုယ့်အသက်ထက်ကို ချစ်တယ်ကွယ်။"

"ကျွန်တော် သိတယ်။ အကို့နားကို ပြန်လာမိတာ အကို့ရဲ့ အချစ်တွေကြောင့်ပါ။ အကို့အချစ်တွေက သံလိုက်လိုပဲ
ကျွန်တော့်ကို ဆွဲငင်နေတယ်လေဗျာ။ ကျွန်တော့်ကို သိပ်ချစ်တဲ့အကို့ကို ကျွန်တော်ကလည်း ချစ်တယ်။"

နှင်းထန်က မိုးစက်၏ အဖြေကို ကြားသောအခါ ပျော်လွန်းလို့ တင်းနေအောင်ကို ဖက်ထားမိလိုက်သဖြင့်လေနုအေး လေးက ချစ်သူနှစ်ဦးကြားကို ၀င်လို့မရအောင်ကို ဖြစ်နေသည်။
ပျော်သည်။ နှင်းထန် တကယ်ကို ပျော်ပါသည်။ ချစ်သောမိုးစက်လေးက မိမိကို ချစ်သည်ဟု ပြောနေသည် မဟုတ်လား။ ပြီးတော့ မိမိအချစ်ကိုလည်း ချာတိတ်လေးက အသိအမှတ်ပြုနေသည် မဟုတ်လား။
မိုးစက်သည်လည်း အကို့ကို ဖက်ထားပြီး မျက်လုံးမှိတ်ထားလိုက်မိသည်။ ချစ်သောအကို့ကို ပျော်စေချင်သည်၊ မိမိလည်း စိတ်အေးလက်အေးနှင့်ပျော်ချင်ပါသည်။ သို့သော် ကံတရားကို မိုးစက်မယုံရဲပါ။ သိပ်ကို စိတ်ချယုံကြည် လိုက်မိလျှင် ကံတရားက ရိုက်ချတတ်လွန်းသဖြင့် မိုးစက် မျက်စိကို ဖွင့် နားကိုစွင့်ကာ ချစ်နေရသလို ခံစားရသည်။

"အကို ပြန်ရအောင်။ ဗိုက်ဆာပြီ..."

"ကိုယ်ကတော့ ချာတိတ်နဲ့ အတူရှိရလို့လား မသိဘူး။ ဆာကို မဆာဘူး။"

"ပိုပြီ ..အကိုကတော့..."

"တကယ်ပြောတာ..."

"ဒါဆို အကိုမစားနဲ့။ နေခဲ့။ ကျွန်တော်ပဲ သွားစားတော့မယ်။ "

"ဟေး... ဘယ်ရမလဲ။ ကိုယ်က ချစ်တဲ့ မိုးစက်လေးနဲ့အတူ လက်ဆုံစားချင်တာ။ "

မိုးစက်သည် အင်မတန်ကို ဆွိအောင်ပြနေသည့် အကိုနှင်းထန်ကို ပြုံးကာ ကြည့်မိသည်။ ခုတလော အကိုနှင်းထန် အရမ်းကို ချစ်နေသည်ကို တွေးကာ ကျေနပ်နေမိသည်။ ဘာပဲပြောပြော မိမိကလည်း သူ့ကို ချစ်သည်ဆိုတော့ သူက ချစ်နေသည်ဆိုသည့်အချက် မိုးစက်ကို ပျော်ရွှင်စေပါသည်။

အိမ်သို့ရောက်သော် မိုးစက်က အကိုနှင်းထန်ကို သီချင်း သရုပ်ဖော်ရိုက်ထားသည့် ဗီဒီယိုဖိုင်တစ်ခုကို ပြသည်။ နှင်းထန်သည် ထိုဗီဒီယိုကို ကြည့်ပြီး ငြိမ်သွားသည်။ ထူးခြားသည်။ အတော်လေးကို ထူးခြားသည်။ ရိုက်ထားသည် Idea က သူများနှင့်မတူပဲ တမျိုးလေး ကွဲထွက်နေသည် မဟုတ်လား။ နှင်းထန် ထိုသီချင်းကို နောက်တစ်ခါ ထပ်ကြည့်ကာ မေးလိုက်သည်။

"သူက ဘယ်သူလဲ။ ဒီလို ၇ိုက်ချက်မျိုးကို မတွေ့ဖူးဘူး။ ဘယ်နိုင်ငံသားလဲ။"

"သူက မြန်မာလူငယ်လေး ပါပဲ အကို။ ဒါက သူကျောင်းအဆိုင်းမန့်အတွက် ရိုက်ထားတဲ့ ဗီဒီယိုပါ။ "

"အဆိုင်းမန့်ဆိုတော့ သူက ကျောင်းသားလား။"

နှင်းထန် သိလိုစိတ်နှင့်မေးလိုက်သည်။ မိုးစက်ရဲ့သူငယ်ချင်လား။ ဘယ်သူလဲ။ နိုင်ငံခြားတွင် ကျောင်းတက်နေသည် ဆိုသည့် လူငယ်လေးက ဘယ်အရွယ်လဲ ဆိုတာကို နှင်းထန် တောက်လျောက်တွေးနေမိသည်။

"ကျောင်းပြိးသွားပြီ အကို။ သူ မြန်မာပြည်ကို ပြန်ရောက်နေပြီ။ "

နှင်းထန် တချက်တွေးပြီး မိုးစက်ကို ပြောလိုက်သည်။

"သူ့ကို အကိုတွေ့ချင်တယ် မိုးစက်။ သူ့ရဲ့ ထူးခြားတဲ့ စိတ်ကူးလေးက ဘယ်သူနဲ့မှ မတူအောင်ဖန်တီးနိုင်လိမ့်မယ် လို့ အကို ထင်တယ်။"

မိုးစက်၏ မျက်နှာလေး လန်းသွားတော့သည်။ မိမိဆိုလိုချင်သည်ကို အကို သဘောပေါက်သွားလို့ မိုးစက် ကျေနပ် သွားသည်။ ဒါကို မိမိကို စကားလုံးနှင့်ပြောလျှင် အထင်လွဲစရာတွေ ဖြစ်လာနိုင်သည် မဟုတ်လား။ သူတို့ရွေးထားသည့် ဒါရိုက်တာကို အထင်သေးသည့် သဘောသက်ရောက်သွားနိုင်သည်။ အခန့်မသင့်လျှင် စကားများနိုင်သေးသည် မဟုတ်လား။ အခုတော့ အကိုကိုယ်တိုင်ကြည့်ပြီး ခေါ်ခိုင်းနေသည် ဆိုတော့ မိုးစက် တကယ်ကို ပျော်သွားမိသည်။

ဝသုန့်သီချင်းအတွက်ကို မိမိစိတ်တိုင်းကျသည့် လူတော်နှင့်အတူ သရုပ်ဖော်ခွင့်၇တော့မည်ကို တွေးကာ မိုးစက် ပျော်နေမိသည်။

"ကဲ...ကလေးလေး... ကြည့်စမ်း ပျော်နေလိုက်တာ။ ကိုယ့်ကို ပျော်အောင်လုပ်ပေးပါဦး။"

မိုးစက်က တချက်ရှက်ရယ်ရယ်ကာ သူ့ကို ခုတင်ပေါ်တွန်းလှဲလိုက်ပြီး အပေါ်မှ ဖိမိုးကာ အကြင်နာပေးလိုက်သည်။ သူလည်းပျော်ပါစေလေ။

ဝသုန်သည် နောက်တနေ့ မိုးစက် ရုံးတက်တော့ ဒါရိုက်တာ အသစ်နှင့် မိမိသီချင်းကို ရိုက်ဖြစ်မည်ဟု ပြောတော့ မျက်လုံးပြူးသွားသည်။

"ဟေ့ကောင် အခု ဒါရိုက်တာ ကြယ်ပြာက အကယ်ဒမီရထားတဲ့သူနော်။ မင်းခေါ်လာမယ့်သူက သူ့လောက်တော်ရဲ့လား။ ကြည့်လုပ်ဦး။ ငါ့ စီးရီးကွဲနေဦးမယ်။"

မိုးစက် ယုံကြည်မှုအပြည့်နှင့် ၀သုန်ကို ကတိပေးသည်။

"ဟေ့ကောင် အတုလက မင်း သီချင်းကို သဘောမကျရင် ငါ ဘယ်လောက်ပြောပြော ၊ ငွေဘယ်လောက်ပေးပေး သူက ရိုက်မှာမဟုတ်ဘူး။"

ဝသုန် မျက်မှောင်ကြုတ်လိုက်သည်။

"အတုလ... သူက ဘယ်သူလဲ။ ငါမကြားဖူးဘူး။"

"မင်း ဘယ်ကြားဖူးမှာလဲ။ ငါ့ မိတ်ဆွေ။ မင်းစိတ်ချစမ်းပါ.။ မင်း အကျိုးယုတ်အောင် ငါလုပ်မလားကွ။ မင်း ငါ့ကို တောင် မယုံတော့ဘူးလား။"

ဝသုန် စိတ်ကိုလျော့ကာ ရယ်လိုက်သည်။ မိုးစက်ကို မိမိယုံသည်။ မိုးစက် ဒီလောက်အာမခံနေလျှင် အတုလက တကယ်တော်လို့ပဲဖြစ်မည်ဟု တွေးလိုက်သည်။

"ယုံပါတယ်ကွာ။ မင်းကလည်း စိတ်ချည်းပဲ။ မင်း ဘိုးတော်က လက်ခံပြီလား။ တွေ့ပြီးပြီလား။"

ဝသုန် သည်မိုးစက်ကို မေးလိုက်သည်။ ဦးမင်းထန်တို့ ရွေးထားသည့် ဒါရိုက်တာ ကြယ်ပြာကို ကျော်ပြီး နောက်ဒါရိုက်တာကို ခေါ်မည့် ကိစ္စကို ၀သုန် စိတ်ဝင်စားနေမိသည်။

"မတွေ့၇သေးဘူး။ ခေါ်ခိုင်းထားပြီကွ။ ဒီညနေတွေ့မယ်။ မင်းလည်းပါတယ်။ အကိုက မင်းကိုပါ ခေါ်ခိုင်းလိုက်တယ်။"

ဝသုန် လေချွန်လိုက်မိသည်။ မိမိသူငယ်ချင်းက သူ့ချစ်ချစ်ကို ဘယ်လိုများစည်းရုံးလိုက်တာပါလိမ့်ဟုတွေလိုက် မိသည်။

"အင်း... မင်း သူ့ကို တညလုံးဖြောင့်ဖြလိုက်ရတယ် ထင်တယ်..."

မိုးစက်က ၀သုန်ကို အသံတိတ်ဆဲကာ လှမ်းပြောလိုက်သည်။

"လခွမ်းတဲ့မှ တညလုံး ဖြောင့်ဖြရမလားကွ။ အားအားရှိပဲ မင်းပဲ နှာတွေးတွေးနေ... သေဦးမယ် ဒီစိတ်နဲ့။"

ဝသုန်က မိုးစက် ရှက်ရမ်းရမ်းကာ ဆဲနေသည်ကို သဘောကျစွာကြည့်ကာ ရယ်မောပြီး မေးလိုက်သည်။

"အေးပါကွာ။ မင်း ဘယ်လို ဖြောင့်ဖြလိုက်တာလဲကွ။"

မိုးစက်က လက်သိးထောင်ပြကာ ကြိမ်းလိုက်သည်။

"မင်းဘိုးအေ... အတုလ ရိုက်ထားတဲ့ ဗီဒီယို ဖိုင်ပြလိုက်တာပေါ့ကွ လဒရ။ မဟုတ်တာ တွေးရမယ် ဆိုရင် ထိပ်ဆုံးက..."

ဝသုန်က ရယ်ကာ မိုးးစက်ကို ပြောလိုက်သည်။

"မသိဘူးလေကွာ။ မင်း လည်ပင်းက အနီအမှတ်ကို ကြည့်ပြိးပြောမိတာပါကွာ..."

မိုးစက် မျက်နှာရှုံ့မဲ့သွားပြီး အိမ်သာထဲမှ မှန်ကို သွားကြည့်ပြီး ပြောခဲ့သည်။

"အာ... အရာထင်နေတာ စိတ်ညစ်ပါတယ်ကွာ။ အကိုက ဘယ်လိုမှကို မပြောမရဘူး။ လူမြင်ရင် ရှက်စရာကြီး။"

ဝသုန်က ရယ်ရင်းမေးသည်။

"ဒါများ ငါမေးတော့ ဘူးငြင်းနေသေးတယ်။ ညက မင်း သူနဲ့ ဘာညာ ဘာညာ မလား။"

မိုးစက်က ၀သုန်ကို ဘုကြည့်ကြည့်ကာ အရာထင်သည့် နေရာကို ပလာစတာနှင့် အသာကပ်ကာ မေးလိုက်သည်။

"ဘာတုန်းကွ။ ဘာညာ ဘာညာ..."

"အတူအိပ်တာကို ပြောတာကွ။ ရှိီးမှပဲ မေးရတဲ့သူတောင် ရှက်လာပြီ။"

မိုးစက်က မျက်လုံးစောင်းကြည့်ကာ ပြောလိုက်သည်။

"ရှက်ရင် မမေးနဲ့။ လင်မယားပါဆို အတူအိပ်တာပေါ့ကွ။ မင်းနှယ် မေးလည်း မေးတတ်တယ်။"

ဝသုန်က နဖူးကို လက်နှုင့်ရိုက်ကာ ပြောလိုက်သည်။

"ကျွန်တော်မျိုးအမှားပါ ခင်ဗျာ။ ကဲ ညနေ အတုလနဲ့ သွားတွေ့တဲ့ အကြောင်းပဲ ပြောပါတော့။ နားရှက်စရာတွေ မပြောနဲ့တော့၊"

"ဖြစ်ရပြန်ပြီ။ မင်းပဲ အမျိုးမျိုး။ လာ...ဒီမှာ ကြည့်. ဒီ ဗီဒီယိုဖိုင်တွေကို..."

မိုးစက်က သူ့ကို ပိတ်ဟောက်ကာ ဗီဒီယိုဖိုင်ကို ဖွင့်ပြလိုက်သည်။ ၀သုန်သည် ထို ရိုက်ချက်များကို ကြည့်ပြီး ပါးစပ် ပိတ်သွားသည်။ ဗီဒီယို ပြီးသွားတော့ မိုးစက်ကို ကြည့်ကာ ပြောခဲ့သည်။

"ငါ သူနဲ့ ပဲ ရိုက်တော့မယ် မိုးစက် ။ ငါ့ကို ရအောင်ပြောပေးပါ။"

မိုးစက်က ခေါင်းငြိမ့်ကာ ကတိပေးသည်။

"စိတ်ချ။ ၀သုန်။ မင်း အတွက် ငါ အားလုံးပြောပြီးသား။ အတုလက မင်းရဲ့သီချင်းကို ကြိုက်တဲ့မင်းရဲ့ ပရိတ်သတ်ပဲကွ။ သူက မင်းရဲ့ သီချင်းကို ရိုက်ချင်နေတာ အတော်ဖြစ်သွားတယ်ကွ။"

ဝသုန်က မိုးစက်ကို ဖက်ကာ ပြောလိုက်သည်။

"ငါ စိတ်လှုပ်ရှားလာပြီ။ ဒီလို ပါရမီရှိတဲ့သူ တွေ့ရခဲတယ်ကွ။ ဒါနဲ့ သူက မင်းနဲ့ ဘယ်လိုသိတာလဲ။"

ဝသုန် သိချင်စိတ်နှင့်မေးလိုက်သည်။

"ငါ အမေ၇ိကားမှာ ရှိတော့ သိခဲ့တာကွ။"

ဝသုန် ဘာမှ ဆက်မမေးတော့ပါ။ မိုးစက် အမေ၇ိကားတွင် တစ်နှစ်ခန့် သွားနေစဉ် ခင်ခဲ့သည်ဟု တွေးလိုက်သည်။

"အိုကေ... ညနေ တွေ့တော့မှ ကောင်းကောင်း မိတ်ဆက်ပေးကွာ။ အတုလက ငါတို့နဲ့ ရွယ်တူလောက်ပဲ မဟုတ်လား။"

"အင်း ...ဟုတ်တယ်။ ငါတို့နဲ့ ရွယ်တူပဲ။ ငါတို့ သုံးယောက်တွဲပြီး အလုပ်လုပ်ရရင် တကယ်ကို ပျော်စရာ ကောင်းမယ်ဆိုတာ ငါ အာမခံတယ်။ အတုလက အင်မတန်ကို ခင်စရာကောင်းတယ်ကွ။"

မိုးစက် ကျေနပ်စွာပြောလိုက်သည်။ ဟုတ်သည်။ အတုလက တော်သလောက် ခင်ဖို့ကောင်းသော ကောင်လေး တစ်ယောက်မဟုတ်လား။
အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(18) -ဒုတိယပိုင်း

"သူတို့က မလာသေးဘူးလားကွ..."

ဝသုန် မိုးစက်ကို စိတ်မရှည်ဟန်ဖြင့်မေးလိုက်သည်။ မိမိတို့ရောက်နေတာ ၄၅ မိနစ်ရှိနေပြီမဟုတ်လား။ ဒါတောင် အတုလက မရောက်လာသေးပေ။ လုပ်ငန်းတွဲလုပ်မည့်သူက အချိန်လေးမှ မလေးစားဘူးဆိုလျှင် ဘယ်လို ရှေ့ဆက်လုပ်မလဲ ဟု ၀သုန်တွေးနေမိသည်။

ဒေါက်တာနှင်းထန်ကတော့ ဘာမှ မပြောပါ။ မိမိက လူကိုအရင်တွေ့ဖူးချင်သည်မဟုတ်လား။ ကျန်တာကို ပြိးမှ ဆက်ဆွေးနွေးမည်ဖြစ်သည်။ အနုပညာရှင်တစ်ယောက်က စိတ်ကူးဆန်းတွေဖန်တီးနိုင်ဖို့ပဲ အရေးကြီးသည်ဟု ယုံကြည်သည်။
မိုးစက်က အတုလထံကို ဖုန်းဆက်ကြည့်လိုက်သည်။ အတုလက အချိန်ကို မလေးစားသည့် ပေါ့တန်သည့် လူမျိုး မဟုတ်ဆိုတာ မိမိအသိဆုံးပါ။ အတုလနောက်ကျနေတာ အရေးကြီးကိစ္စရှိရမည်ဟု တွေးသည်။ ထို့ကြောင့် အတုလ ထံသို့ဖုန်းဆက်လိုက်စဉ် ဟိုတယ်ထဲသို့ အတုလ မောကြီးပန်းကြီး ၀င်လာသည်ကိုတွေ့လိုက်ရသည်။

မိုးစက် ထိုင်ရာမှထကာ အတုလကို လှမ်းနူတ်ဆက်လိုက်သည်။ အတုလ၏ အ၀တ်တွင်သွေးစွန်းနေသည်ကို တွေ့သော် မိုးစက် စိုးရိမ်တကြီးနှင့် မေးလိုက်သည်။

"အတုလ မင်းဘာဖြစ်လာတာလဲ။ သွေးတွေနဲ့......"

အတုလက မိမိအ၀တ်ကို ငုံ့ကြည့်ကာ မိုးစက်နှင့်တကွ ဒေါက်တာနှင်းထန်နှင့် ၀သုန်ကို ကြည့်ကာ တောင်းပန် လိုက်သည်။

"တောင်းပန်ပါတယ်။ ဆေးရုံကနေ လောလောနဲ့လာခဲ့လို့ အ၀တ်မလဲခဲ့ရဘူး။"

"ဟင်... မင်း ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။ ဒီအလာ လမ်းမှာ သူများအကူအညီတောင်းလို့ ဆေးရုံသွားပို့ပေးရင်း လူနာကနေ ပေလာတဲ့သွေးတွေပါ။"

"မင်းကားနဲ့ တိုက်မိတာတော့ မဟုတ်ပါဘူးနော်။"

မိုးစက်က အတုလကို နောက်လိုက်သည်။ အတုလက ပျာပျာသလဲ ငြင်းလိုက်သည်။

"ဟာ... မဟုတ်ပါဘူးကွာ။ မင်းကလည်း။ င့ါကားနဲ့တိုက်မိရင် ငါဒီတောင်လာနိုင်မှာ မဟုတ်ဘူး။"

မိုးစက် ရယ်မောကာ ပြန်ပြောလိုက်သည်။ အင်မတန်ကို ရိုးသည့်သူငယ်ချင်းလေး။ နောက်လို့နောက်မှန်းမသိပေ။

"ငါက နောက်တာပါကွာ။ ကဲလာ။ မင်းနဲ့မိတ်ဆက်ပေးမယ်။ အကို...ဒါက ကျွန်တော်ပြောတဲ့ သူငယ်ချင်းအတုလ။ အတုလ ဒါက ငါ့ အလုပ်ရှင် ဒေါက်တာနှင်းထန်တဲ့။ သူက မင်း အရမ်းကြိုက်တဲ့ အဆိုတော် ၀သုန်။ ငါ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး။"

နှင်းထန်သည် ထိုင်ရာမှထကာ အတုလကို လက်ဆွဲနူတ်ဆက်လိုက်သည်။ ပါဝါမျက်မှန်ထူထူကို တပ်ထားသည့် အတုလက မိုးစက်နှင့် အတော့်ကို ခင်ပုံရသည်။ ရိုးသားသည့်ရုပ်ရည်ရှိသည့် အတုလသည် မိုးစက် ကြိုက် လောက်သည့် ရုပ်မျိုးမဟုတ်သည့် အတွက် ကြိတ်ကာ သက်ပြင်းချရင်း ပြုံးကာ ယဉ်ကျေးသည့် နူတ်ဆက် စကားကို ပြောလိုက်သည်။
"အကိုက နှုင်းထန်ပါ ညီလေး။ တွေ့ရတာ ၀မ်းသာပါတယ်။ မင်း ဖန်တီးထားတဲ့ အနုပညာ လက်ရာကို ကြည့်ပြီးကတည်းက အကိုမင်းကိုတွေ့ချင်နေတာပါ။"

အတုလက ဒေါက်တာနှင်းထန်ကို လက်ဆွဲနူတ်ဆက်ကာ ယဉ်ကျေးစွာ ပြန်ဖြေခဲ့သည်။

"ကျေးဇူးတင်ပါတယ် အကို။ ကျွန်တော် လိုအပ်တာ အများကြီးရှိပါသေးတယ်။ အခုမှ လေ့လာနေဆဲ အဆင့်ပါ ခင်ဗျာ။"

နှင်းထန်သည် နိမ့်ချသည့်စိတ်ထားရှိသည့် ကောင်လေး၏ အပြုံးဖြူဖြူကို သဘောကျသွားမိသည်။

"ကိုယ်က ၀သုန်ပါ အတုလ။ မိုးစက်ရဲ့ ငယ်သူငယ်ချင်းပါ။ အတုလနဲ့တွေ့ရတာ တကယ့်ကို ၀မ်းသာပါတယ်။ ကိုယ့်ရဲ့ သီချင်းကို ကြိုက်တယ်ဆိုလို့လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ "

အတုလက ၀သုန့်လက်ကို ၀မ်းသာအားရ ဆုပ်ကိုင်နူတ်ဆက်ရင်း ပြောခဲ့သည်။

"၀သုန်နဲ့ တွေ့ချင်နေတာ ကြာပြီ။ အခုမှ တွေ့ရတော့တယ်။ အရမ်းကို ၀မ်းသာမိတယ် ကိုဝသုန်၊ ကျွန်တော်က ကိုဝသုန်ရဲ့ သီချင်းတိုင်းကို ကြိုက်တဲ့သူပါ။ "

ဝသုန်သည် ညီညာသည့် သွားလှလှများပေါ်အောင်ပြုံးနေသည့် အတုလကို ကြည့်ကာ ကလေးလေးနှင့် အရမ်းတူတာ ပဲဟုတွေးမိသည်။ ပြီးတော့ ဟန်ဆောင်မှုမပါ ပြောတတ်သည့် အတုလကို ၀သုန် အ၇မ်းသဘောကျသွားသည်။

"ကဲ ... အားလုံး အေးအေးဆေးဆေး စားသောက်ရင်းဆွေးနွေးကြတာပေါ့။ "

နှင်းထန် လှမ်းတောင်းလိုက်သဖြင့် မီနူးစာအုပ်ရောက်လာခဲ့သည်။ မိုးစက်နှင့်အတုလက ဖွင့်ပင် မကြည့်ပဲ မိုးစက်ကပဲ မှာပေးလိုက်သည်။

"အရင်အတိုင်းပဲလား၊ မင်း အစားသောက်ပြောင်းသေးလား အတုလ..."

"No... အရင်တိုင်းပဲ။"

"အိုကေ။ ညီလေး...အသုတ်တစ်ပွဲပေးပါ။ ရေညှိနဲ့ ငါးဖယ် ဟင်းရည်၊ Snow Fish နှစ်ပွဲ၊ Baby Corn နဲ့ ခရုဆီကြော်၊ Fresh orange Juice တစ်ခွက်၊ ခါကျက်ဥ ဖျော်ရည်တစ်ခွက်။"

နှင်းထန်နှင့် ၀သုန်က အတုလ စားတတ်သည်ကို မိုးစက် အားလုံးသိနေသည်ကို စိတ်ဝင်စားနေမိသည်။

ဝသုန် အံ့သြနေမိသည်။ မိမိမသိပဲ ဘယ်တုန်းက အတုလနှင့်ဒီလောက်ရင်းနှီးသွားသလဲဆိုသည်ကို စဉ်းစားမရပေ။ မိုးစက်၏ နူတ်မှ အတုလ အကြောင်း ပြောသံမကြားဖူးဘူး မဟုတ်လား။

နှင်းထန်လည်း အတုလနှင့် ရင်းနှီးလွန်းသည့် မိုးစက်၏ ပုံကို အကဲခတ်နေမိသည်။ နည်းနည်းတော့ လွန်လာပြီ ထင်သည်။ အတုလစားတတ်သည်ကို မိုးစက်က သိပြီး မှာပေးနေသည်ကတော့ နှင်းထန် ခံစားလို့မရပေ.။

"အတုလ ပြန်ရောက်လာတာ ကြာပြီလား။ မိုးစက်ကပြောတော့ ပညာသင်သွားခဲ့တယ်ဆိုလို့လေ။"

ဝသုန်က စပ်စုလိုက်သည်။ အတုလက ၀သုန့်ကို ပြုံးကြည့်ကာ အေးဆေးစွာဖြေသည်။

"ဟုတ်ကဲ့။ ၃ လလောက်ရှိပါပြီ။ ဇာတိမြို့က ဖေ့ဖေ့အုတ်ဂူကို သွားကန်တော့ရင်း လုပ်စရာရှိတာတွေ လုပ်နေတာပါ။"

ဝသုန်က အတုလကို ငေးကြည့်နေမိသည်။ တဖက်သားကို ကူညီတတ်သည့် အနုပညာလက်ရာမြောက်အောင် ဖန်တီး နိုင်စွမ်းရှိသည့် အတုလသည် ဖခင်မရှိရှာတော့ပါလားဆိုသည့် အသိက ရင်ကို လှိုင်းတစ်ခု ဖြတ်သွားစေသည်။

"ဆောရီး အတုလ။ "

အတုလကပြုံးကာ ပြန်ဖြေလိုက်သည်။

"ရပါတယ်ဗျာ။ ဖေဖေက ကျွန်တော် မမွေးခင်ကတည်းက ဆုံးသွားတာပါ။ မွေးစားဖေဖေ က ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့တာပါ။"

နှင်းထန်က အသားဖြူဖြူနှင့် ပါဝါမျက်မှန်နှင့် ကောင်လေး အတုလကို တိတ်တဆိတ် အကဲခတ်နေမိသည်။ မိုးစက်က အကိုအကဲခတ်နေသည်ကို သိသည်။ သို့သော် မိမိတို့က မရိုးသားသည့် ပတ်သတ်မှုမရှိသဖြင့် အေးဆေးစွာပင် နေလိုက်သည်။

"ညီလေး အတုလက ဘယ်လို Idea မျိုးနဲ့ ထူးခြားတာမျိုးကိုဖန်တီးနိုင်တာလဲ။"

အတုလက လှိုက်လှိုက်လှဲလှဲပြုံးကာ ဒေါက်တာ နှင်းထန်ကို မိမိအကြံရသည့် အကြောင်းကို ရှင်းပြလိုက်သည်။ ညစာလည်း စားပြီးသည်နှင့် နှင်းထန်က အတုလကို မိမိတို့အတွက် လာရောက်ကူညီပေး၇န် တရားဝင်တောင်းဆို လိုက်တော့သည်။

"အနုပညာကြေးကို ဘယ်လိုယူမလဲ ညီလေး။"

အတုလက သိမ်မွေ့စွာပြုံးကာ ပြောလိုက်သည်။

"အကို တို့ ကျွန်တော့်လက်ရာကို အရင်ကြည့်ပါ။ ပြီးမှ ထိုက်တန်တယ် ထင်သလောက်ကို ပေးပါ။ ကျွန်တော် မပြောတတ်ဘူး။"

နှင်းထန် ခေါင်းငြိမ့်လိုက်သည်။ ၀သုန်လည်း အတုလ ပြောပုံကို သဘောကျသည်။ အတုလ၏ ပြောဆိုပုံက သိမ်မွေ့သော်လည်း ပြတ်သားသည်။ ပျော့ပျောင်းခြင်းနှင့် ခိုင်မာခြင်း ရောထားသည့် ပုံလေးက ၀သုန့် မျက်လုံးထဲတွင် ထူးခြားနေသည်။

"OK... အတုလ ဘယ်တော့လောက် ကိုယ်တို့နဲ့လက်တွဲနိုင်မလဲ။ "

နှင်းထန်သည် အစားကို လက်စသတ်ပြီး အတုလကို မေးလိုက်သည်။ အတုလက ဒေါက်တာနှင်းထန်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

"အကိုတို့ အဆင်ပြေတဲ့ အချိန်ပြောပါ။ ကျွန်တော် က အချိန်မရွေးဝင်နိုင်ပါတယ်။"

"ဒါဆို သဘက်ခါ ကိုယ်တို့ဆီကို စ၀င်ပေးပါလို့ တောင်းဆိုပါ၇စေ။"

အတုလက စကားပြောလိမ်မာသော ဒေါက်တာနှင်းထန်ကို ကြည့်ကာ ကတိပေးလိုက်သည်။ မိမိကလည်း မိုးစက်ကို ကူပေးရန်လာသည် မဟုတ်လား။ မြန်လေ ကောင်းလေပေါ့။ ပြီးတော့ ၀သုန့် သီချင်းကို မိမိဖန်တီးချင်သည် မဟုတ်လား။

"ဟုတ်ကဲ့ အဆင်ပြေပါတယ် ခင်ဗျာ။"

မိုးစက်သည် အတုလ က အလုပ်ကို လက်ခံလိုက်သဖြင့် စိတ်အေးသွားသည်။ အတုလကို အကိုနှင်းထန် မကြိုက်မည် ကို မိမိစိုး၇ိမ်နေသည်။ ထို့အတူ အတုလဘက်မှ အလုပ်ကို ငြင်းမှာကိုစိုး၇ိမ်နေမိသည်။

"အတူ အလုပ်တွဲလုပ်ခွင့်ရတာကို ၀မ်းသာတယ် အတုလ။ "

ဝသုန်က အတုလကို ပြုံးကာ လှိုက်လှဲစွာပြောလိုက်သည်။

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now