(Z+U) Season (4)_ အပိုင္း(20)

950 53 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(20) -ပထမပိုင်း

"တစ်ခါတည်းပဲရှိသေးတယ်။ လာပါကွာ။ ကိုယ်က ဘယ်နှစ်ရက်ကြာမယ် မသိဘူး။ နော်။ ကိုယ့်ကိုမသနားဘူးလား။"

"မသနားဘူး။ သနားစရာလား ..."

"မရဘူး။ ချာတိတ်မပေးလည်း ကိုယ်အတင်းယူမှာပဲ..ကဲ..လာ.."

မိုးစက်သည် အကိုနှင်းထန်နောက်ကို လိုက်ပါလာခဲ့ရပြန်သည်။ စောမြဝတီနှင့်ကလေးလေးအတွက် မိုးစက်လည်း စိတ်မကောင်းဖြစ်မိသည်။ သူတို့လည်း အကိုရောက်လျှင် အားရှိလိမ့်မည်။ မိမိလည်း အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပေးလိမ့်မည်။ ထို့ကြောင့် ဒီညတော့ အကိုတောင်းဆိုသည့်အတိုင်း နေပေးလိုက်သည်။
နှင်းထန်သည် အိပ်မောကျနေသော မိုးစက်၏ ပါးပြင်ကို ဖွဖွနမ်းကာ နူက်ဆက်လိုက်စဉ် သူကလေး၏ မျက်လုံးက ပွင့်လာခဲ့သည်။ အင်မတန်ကို အအိပ်ဆတ်သည့် ကလေးလေး။ နှင်းထန်သည် မိုးစက်ကို နမ်းကာ နူတ်ဆက်လိုက်သည်။

"သွားတော့မယ် ကလေးလေး။"

"အကို လေဆိပ်သွားတော့မလို့လား။"

"အင်း ဟုတ်တယ် မိုးစက်လေး။"

မိုးစက်သည် အိပ်ယာမှ ဝုန်းခနဲထကာ သူ့ကို ပြောလိုက်သည်။

"ကျွန်တော့်ကို ဘာလို့ မနိုးတာလဲ။ အကို့ကို ကျွန်တော် လိုက်ပို့မလို့ပါဆို။"

နှင်းထန်သည် မိုးစက်ကို ဆွဲကာ ပြောလိုက်သည်။ တကယ်တော့ မိမိက တညလုံး မအိပ်သေးပဲ မိုးစက်ကို ထိုင်ကြည့်နေပြီးမှခရီးသွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

"မပို့နဲ့ မိုးစက်။ မင်းကို လိုက်မပို့စေချင်လို့ ကိုယ် တမင်မနှိုးတာ။ ပြီးတော့ ဒီနေ့ မင်းတို့ အလုပ်များမှာ မဟုတ်လား။ ကိုယ်သွားတာ ခဏပါ။ ဒါကြောင့် ချာတိတ် လိုက်မပို့နဲ့တော့နော်။ ပြန်အိပ်တော့။ ကိုယ်သွားတော့မယ်။ သားအခြေနေစိတ်ချတာနဲ့ ကိုယ်ပြန်လာမယ်။ အားမွေးပြီးစောင့်နေနော်။"

မိုးစက်သည် သူ့ကို စိုက်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

"အကို ဝတီ့ကို မေးတယ် ပြောပေးပါဦး။ "

"အင်း သွားပြီနော် ချာတိတ်..."

မိုးစက်သည် ကျောခိုင်းသွားသော သူ့ကျောပြင်ကို ကြည့်ကာ စိတ်ထဲ တမျိုးတော့ဖြစ်သွားသည်။ ဘာကြောင့်ရယ် မသိ။ ကျန်ရစ်သူ အနေဖြင့် ဘယ်တော့မှ ကျောခိုင်းသွားသော ကျောပြင်တခုကို မိုးစက်က မကြည့်ချင်ပါ။ ထို့ကြောင့် အကိုကြီးကို မိမိကို လိုက်ပို့မည် ပြောတော့ ခါးခါးသီးသီးငြင်းခဲ့ခြင်းဖြစ်သည်။
အကိုကြီးအကြောင်းတွေးမိမှ ခုရက်အတွင်း အကိုကြီး ဖုန်းမဆက်တာ ကြာလေပြီ။နေမှ ကောင်းရဲ့လားဟုတွေးမိကာ နေ့လည်အားလျှင် ဖုန်းဆက်ရန် တေးထားလိုက်သည်။ အကို၏ကား ခြံထဲမှ ထွက်သွားသည်ကို ကြည့်ကာ မိုးစက် သက်ပြင်းချလိုက်သည်။ ပြန်အိပ်လို့လည်း မရမည့်အတူတူ မျက်နှာထသစ်ကာ လေ့ကျင့်ခန်းလုပ်ရန် ပြင်ဆင် လိုက်သည်။

ဝသုန်သည် ကားကို ကိုယ်တိုင်မောင်းကာ အလုပ်ကို လာသည့် သူငယ်ချင်းကို ကြည့်ကာ အံ့သြနေသည်။ ခါတိုင်းဆိုလျှင် သူ့ချစ်ချစ်က ကလေးလေးကို လိုက်ပို့သလို ပို့ပေးနေသည် မဟုတ်လား။ ကြည့်ရတာ သူငယ်ချင်း ဖြောင့်ဖြလိုက်တာ အောင်မြင်ပုံရသည်။ မိုးစက်ကို ကိုယ်တိုင်ကားမောင်းခွင့်ပေးလိုက်သည်ဟု ထင်လိုက်မိသည်။

"ဟေ့ကောင်ကြီး မိုးစက်။ ဒီနေ့ ထူူးခြားလှချည်လား။ ကိုယ့်ဖာသာ လာလို့...ဘာလဲ မင်း ပြောတာကို လက်ခံ လိုက်တာလား။"

မိုးစက်က ရယ်ရင်း ဝသုန်နှင့် အတုလရှေ့ဆိုဖာတွင် ဝင်ထိုင်ကာ ရှင်းပြသည်။

"မဟုတ်ဘူး....သူအရေးတကြီး နိုင်ငံခြားသွားလိုက်ရလို့၊ ငါ့ဖာသာ လာခဲ့တာ။"

ဝသုန်က မျက်ခုံးပင့်သွားသည်။ မနေ့ည အထိတောင် ဒေါက်တာနှင်းထန် နိုင်ငံခြားခရီးသွားမည်ဟု မိုးစက် ပြောသည်ကို မကြားရပဲ ဒီနေ့မှ ချက်ချင်းထွက်သွားသည်ဆိုတော့ ဘာများ အရေးကြီးလို့လဲ ဟုတွေးလိုက်မိသည်။

"အရေးကြီး နိုင်ငံခြားသွားရအောင် အလုပ်ကြောင့်လား.."

ဝသုန် မနေနိုင်ပဲ မိုးစက်ကို မေးလိုက်သည်။ မိုးစက်က လုပ်ရမည့် ယနေ့အလုပ်များအတွက် ဖိုင်ဖွင့်ကာ ဖတ်ရင်း အေးအေး ဖြေလိုက်သည်။

"အကို့သားလေး အူပိတ်လို့ ခွဲရမယ်တဲ့။ အဲ့ဒါ ဝတီတစ်ယောက်တည်း ဖြစ်နေလို့ အကိုလိုက်သွားတာ။"

ဝသုန် ထိုအခါမှ သဘောပေါက်သွားသည်။ အမျိုးအမည်မသိသော စိုးရိမ်ခြင်းက ရင်ထဲ ဝင်လာပြီး မိုးစက်ကို အကဲခတ် တော့ မိုးစက်က မည်သို့မှ သဘောထားသည့်ပုံ မရပဲ လုပ်ရမည့် အလုပ်များကို အာရုံစိုက်ကြည့်နေလေပြီ။
မိုးစက်ကို မေးချင်သော်လည်း အတုလရှိနေသဖြင့် မေးရခက်နေသည်။ ဖြစ်နိုင်လျှင် မိုးစက်ကို အတုလ အမြင်မစောင်း စေချင်ပါ။ အကြောင်းရင်းကို မသိပဲ မိုးစက်က မိသားစု တစ်ခုကို ဖြိုခွင်းသူ အဖြစ် မမြင်စေချင်ပါ။
ဝသုန် နူတ်ဆိတ်လိုက်စဉ် အတုလက မော့ကြည့်ကာ မိုးစက်ကို ဦးတည်ပြီးမေးလိုက်သည်။

"ဒေါက်တာ နှင်းထန် မှာ မိန်းမရှိတာလား ..."

အတုလက မေးလိုက်သည်ကို ကြားတော့ ဝသုန်အံံ့အားသင့်ကာ အတုလကို ကြည့်လိုက်သည်။

"ဟင်... မင်းမသိဘူးလား အတုလ။ မင်းနဲ့ မိုးစက်က အရမ်းခင်တယ် ဆိုလို့ ငါက သိမယ် ထင်နေတာ.."

အတုလကလည်း ဝသုန်အံ့အားသင့်သည့်ပုံကို ကြည့်ကာ သူက ရယ်ရင်းပြောသည်။

"မသိဘူး။ ငါနဲ့ မိုးစက် အမေရိကားမှာ ခင်တော့ သူက ဦးရန်နိုင်နားမှာရှိနေတုန်းကွ။ မိုးစက်မြန်မာပြည် ရုတ်တရက် ပြန်သွားတော့ အဆက်သွယ်ပြတ်သွားတာ။ ပြီးခဲ့တဲ့ ၁ နှစ်ကမှ ပြန်အဆက်သွယ်ရတာ။"

ဝသုန်က မိုးစက်ကို လှည့်ကြည့်လိုက်တော့ မိုးစက်က ပြန်ဖြေသည်။

"အတုလ စိတ်ရှု့ပ်မှာစိုးလို့ ငါဘာမှ ပြောမထားဘူး ဝသုန်။"

ဝသုန် ခေါင်းငြိမ့်လိုက်သည်။ အင်းလေ။ ယောကျာ်းလေးခြင်း အတူနေတာကို နားလည်ပေးနိုင်ကြပေမယ့် ထိုလိင်တူ ချစ်သူတွင် မိန်းမတစ်ယောက်နှင့်ကလေးရှိသည်ကို ကြားလျှင် လူအတော်များများက မိုးစက်ကို ကြားဝင်သည့် ဗီလိန်ဟု မြင်ကြသည် မဟုတ်လား။ မိုးစက် မပြောပြချင်တာ မဆန်းပေ။ ရှင်းပြမည်ဆိုလျှင် အပုပ်အားလုံး ပေါ်သွား နိုင်သည် မဟုတ်လား။ စောမြဝတီ၊ မိုးပွင့်၊ ရန်နိုင် စသည့် လူများစွာ ပါဝင်လာနိုင်သည်။ မပြောတာပဲ ကောင်းပါသည် ဟုတွေးမိလိုက်သည်။

သို့သော် အတုလက မိုးစက်ကို ပွင့်လင်းစွာမေးလိုက်သည်။

"မင်း အကြီးအကျယ် အသည်းကွဲပြီး ဒယ်ဒီ့နားကို ရောက်သွားရတာ အဲ့တစ်ယောက်ကြောင့် မဟုတ်လား။"

မိုးစက်က ဖိုင်ကို ကြည့်နေရာမှ အတုလကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ အတုလက လေချွန်လိုက်သည်။ မိုးစက်ကို ချီးကျူးဟန်ဖြင့် ကြည့်ကာ ပြောသည်။

"မင်း မစိုးရိမ်ဘူးလား မိုးစက်။ မင်း ချစ်သူ အဲ့မိန်းမနောက်ကို ပြန်ပါသွားမှာကို မကြောက်ဘူးလား။"

မိုးစက်က ခပ်တွေတွေ ငေးကြည့်ကာ အေးအေးဖြေလိုက်သည်။ ဝသုန်သည် မိုးစက်၏ အဖြေကို ကြားသော် ရင်ထဲ လစ်ဟာသွားသည်။

"မစိုးရိမ်ပါဘူး။ အကိုက ငါ့ကို ချစ်လို့ အစကတည်းက ဝတီ့ကို မရွေးပဲ ငါ့ကို ရွေးခဲ့တာ ။ လူု့စိတ်က ပြောင်းလဲ တတ်တာ ကိုသိပါတယ်။ တကယ်လို့ အကိုက အကြောင်းတစ်ခုခုကြောင့် ဝတီ့ဆီကို ပြန်သွားခဲ့ရင် ငါ နားလည်နိုင်ပါတယ်။ သူ့ကို သွားခွင့်ပေးလို်က်မှာပါ။ သူ့ကို ငါ တွယ်ကပ်နေမှာ မဟုတ်ဘူး။"

အတုလက မိုးစက်ကို ငေးကြည့်ကာ မေးလိုက်သည်။

"မင်း သူ့ကို မချစ်ဘူးလား မိုးစက်။ မင်း ရင်မပူဘူးလား။ "

"ချစ်တယ်။ ချစ်လို့ သူ့နောက်ကို ပြန်လိုက်လာတာပေါ့။ ရင်လား မပူပါဘူး။ ဘာမှ မဖြစ်သေးတာ။ ဘာလို့ပူရမှာလဲ။"

ဝသုန်သည် အတုလနှင့် မိုးစက် ပြောနေသည့် အကြောင်းအရာကို နားထောင်ရင်း တချို့ကို မရှင်းပေ.။ အတုလ ပြောနေသည့် ဒယ်ဒီ့ထံကို ရောက်သွားသည်ဆိုတာ မည်သူ့ကိုပြောတာလဲဟု စဥ်းစားနေမိသည်။ သို့သော် အတုလ နှင့် မိုးစက် ပြောနေသည်ကို ဖြတ်မပြောချင်သောကြောင့် နားထောင်နေလိုက်သည်။ မိမိသူငယ်ချင်း ဘယ်လိုဖြေမလဲ ဆိုတာကိုလည်း စိတ်ဝင်စားမိသည် မဟုတ်လား။

"မင်းလေသံက ဒယ်ဒီနဲ့တူလာပြီ မိုးစက်..."

မိုးစက်က အတုလပြောသည်ကိုကြားသော် ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။

"အဆိုးဆုံးကို တွေးပြီး အကောင်းဆုံးကို ကြိုတင်ပြင်ဆင်တတ်ဖို့ သူ ငါ့ကို သင်ပေးခဲ့တယ် အတုလ။ ပြဿနာ တစ်ခုကို ကြုံရင် အကောင်းဆုံး ဘယ်လိုပြန်ပြီးဖြေရှင်းရမယ် ဆိုတာကို သူ ငါ့ကို သေချာပြပေးခဲ့တယ်။ ဒါကြောင့် ငါ့ရဲ့ စိတ်စွမ်းအင်တွေကို မဖြစ်သေးတဲ့ ကိစ္စတွေမှာ တွေးပူပြီး မဖြုန်းတီးနိုင်ဘူးကွ။ မင်းက ငါ့ကို အထင်သေး တာလား။"

အတုလက ရယ်မောကာ ပေါ့ပါးစွာပြန်ပြောလိုက်သည်။

"အထင်သေးစရာလားကွ။ ဒယ်ဒီ့ဘေးမှ နှစ်နှစ်တောင် နေလာခဲ့တာ မင်းက ဒယ်ဒီ့ စိတ်ထားတွေကို ရနေမယ်ဆိုတာ သိပြီးသားပါ။ ငါက ဒီလိုပဲ မေးကြည့်မိတာပါ။"

ဝသုန် နားထောင်နေပြီး နောက်ဆုံးမှ သိတော့သည်။ အတုလက စနေထွဋ်ခေါင်၏ သားဖြစ်နေသည်ကို မယုံကြည် နိုင်စွာသိရှိလိုက်ရသည်။

"မင်း ... မင်းက ...ဦးစနေရဲ့ သားလား အတုလ..."

အတုလက ထိုအခါ ဝသုန်ကို မျက်လုံး အဝိုင်းသားနှင့် ကြည့်ကာ မေးလိုက်သည်။

"မင်း မသိဘူးလား ဝသုန်...ငါ့က မင်း သိမယ်ထင်နေတာ..."

ဝသုန် ခေါင်းသာ ယမ်းလိုက်သည်။ အကိုနှင်းထန် သိနေရဲ့လားဟု တွေးလိုက်မိသည်။ အကိုနှင်းထန်က ဦးစနေနှင့် ပတ်သတ်လျှင် အင်မတန်ကို သဝန်တိုသည်ကို သိလျက်နှင့် မိုးစက် ဒီကောင် ဦးစနေ၏ သားကို တမင်ခေါ်သွင်းလာခဲ့ တာပါလားဟု တွေးကာ ရင်မောသွားသည်။

"မသိဘူး ဝသုန်။ မိုးစက်နဲ့ မင်းက အမေရိကားကနေ ခင်လာတယ် လို့ပဲ သိတာကွ။"

မိုးစက်က ဝသုန်ကို တချက်ကြည့်လိုက်သည်နှင့် သူ ဘာကို စိုးရိမ်နေသည်ကို တန်းသိလိုက်သည်။ ဟုတ်တော့ ဟုတ်သည်။ အကိုနှင်းထန် သာသိလျှင် နည်းနည်းတော့ စကားပြောရမည် ဖြစ်သည်။

"ငါက ဒယ်ဒီ့သားဆိုပေမယ့် သားအရင်းတော့ မဟုတ်ဘူး။ ဒယ်ဒီက ငါ့ ပထွေးပါ။ ဒါပေမယ့် ဒယ်ဒီက ငါ့ကိုသားအရင်း ထက်တောင် ချစ်သေးတယ်။ "

မိုးစက်သည် စကားစကိုဖြတ်လိုက်သည်။

"ကဲ ...ရိုက်ကွင်းသွားဖို့ အချိန်ကျပြီနော်...။ သရုပ်ဆောင် အသစ်လေးတွေကို ချိန်းထားသေးတယ်နော်။ နောက်ကျနေမယ်။ လုပ်တော့။ "

အတုလက နာရီကိုကြည့်ကာ ချက်ချင်း ယူရမည့် စာရွက်စာတမ်းအားလုံးကိုသွက်လက်စွာ သိမ်းလိုက်သည်။ ဝသုန်လည်း မထချင်ထချင်နှင့် ထရပ်ကာ မန်နေဂျာကိုလှမ်းခေါ်လိုက်သည်။ မန်နေဂျာ ရောက်လာသည်နှင့် တနေ့တာ အစီစဉ် စာရွက်ရောက်လာသည်။ ဝသုန် မျက်နှာ ရှုံ့သွားသည်။

"အာ... ည ၇ နာရီထိလားကွ။ အိမ်ပြန်ရောက်ရင် မိုးချုပ်ရောပေါ့..."

"အေးလေ....ဘာဖြစ်လဲကွ။ ထူးဆန်းလား။"

မိုးစက် ခပ်ချဉ်ချဉ်ပြောလိုက်သည်။ ဘယ့်နှယ်။ ည ၈နာရီ အိမ်ပြန်ရောက်တာများ အထူးဆန်းလုပ်ပြောနေသည်။

"ဟေ့ကောင်ရ.... ညစာကို မင်းကျွေး၊ အလုပ်ချိန် ကျော်တဲ့အထိ ငါ့ကို ခိုင်းတယ်... "

ဝသုန်က မိုးစက်ကို ရစ်တော့သည်။ မိုးစက်က ရယ်ရင်းပြောသည်။

"အေးပါကွာ။ အလုပ်သာ ကောင်းကောင်းလုပ်။ မင်းကို ညစာရော ညလယ်စာရော ကျွေးမယ်။ ဒီညနေ ငါတို့သုံးယောက် အတူ သွားစားကြတာပေါ့..."

ရိုက်ကွင်းသို့ သုံးယောက်သား ချီတက်ကာ လုပ်စရာကို ဇယ်ခတ်သလို လုပ်ကြသည်။ ဝသုန်သည် အတုလ ဘာကြောင့် ဒီလောက်အလုပ် လုပ်နိုင်သည်ကို နားလည်သွားသည်။ ဦးစနေ၏ သားပဲ။ ဒီလောက်တော့ အပျော့ပေ့ါ ဟုတွေးနေမိသည်။ မိုးစက်နှင့် အတုလလို အလုပ်သရဲ နှစ်ကောင်ကြား မိမိညှပ်မိနေသည်ကို သတိရကာ ငိုချင်သွားသည်။
ည ၈ နရီခွဲမှ စားသောက်ဆိုင်ကို ထွက်လာနိုင်သည်။ သုံးယောက်သား ပေါ့ပေ့ါပါးပါး စကားပြောကာ ရယ်မောရင်း စားသောက်နေစဉ် မိုးစက်ထံ ဖုန်းဝင်လာသည်။ နံပါတ်ကို ကြည့်လိုက်သည်နှင့် မိုးစက်၏ မျက်နှာတစ်ခုလုံး ပြုံးရွှင်သွား သဖြင့် အကိုနှင်းထန် က ဖုန်းဆက်လာသည်ဟု ထင်လိုက်မိသည်။ သို့သော် မိုးစက်ထူးသည်ကိုကြားမှ မိမိ မှားသွားသည်ကို သိလိုက်တော့သည်။

"အကိုကြီး..."

မိုးစက်၏ မျက်နှာက ပြုံးရွင်ကာ ပြောနေသည်ကို ကြည့်ကာ မိမိသူငယ်ချင်းက ဦးစနေကို မည်မျှခင်တွယ်သည် ကိုတွေး နေမိသည်။ မိုးစက်သည် ဦးစနေကို အလုပ်အကြောင်းကို ပြောပြနေသည်။

"အင်း ဟုတ်တယ် အကိုကြီး၊ အတုလ ရောက်လာပြီ။ သူ့အကြံအတိုင်း ရိုက်နေတာ။ "

"ဟုတ်... အဆင်ပြေတယ် အကိုကြီး။ တော်သေးတယ်။ အက ိုကြီးသတိပေးလို့ အတုလ ဒီရောက်နေတာကို သိရတာ။ သူမလာရင် ကျွန်တော်တော့ မလွယ်ဘူး။ ဟုတ်။ သူ အားလုံး တာဝန်ယူပေးတယ် အကိုကြီး။ ဟုတ်ကဲ့။"

အတုလက မိုးစက် ဖုန်းပြောနေသည်ကို ကြည့်ကာ လှမ်းအော်လိုက်သည်။

"မိုးစက်။ဒယ်ဒီ့ကို ပြောလိုက်ဦး။ မနက်ဖြန် နေ့လည်ဆုံမယ်လို့။"

မိုးစက်သည် ဖုန်းပြောနေရာမှ လှမ်းကြည့်ကာ တဖက်ကို မေးလိုက်သည်။

"အတုလက မနက်ဖြန် နေ့လည် ဆုံမယ် တဲ့ အကိုကြီး။ "

"အင်း....ခါတိုင်းတည်းနေကျ ဟိုတယ်ကိုလာခိုင်းလိုက်လေ။ ချာတိတ်လည်း အားရင်း လိုက်ခဲ့လိုက်။"

အကိုကြီး၏ စကားကိုကြားသောအခါ မိုးစက် ပြန်မေးလိုက်သည်။

"အကိုကြီး မြန်မာပြည်ကိုရောက်နေတာပေါ့လေ...ဟုတ်လား။"

"အင်း... ဟုတ်တယ်။ ဒီနေ့ ရောက်တာ..."

"ကျွန်တော့်ကို ဘာမှ မပြောဘူး။ အကိုကြီး မကောင်းဘူးဗျာ..."

မိုးစက် မကျေမနပ်ပြောလိုက်သည်။ အကိုကြီး ကြိုတင်ပြောထားလို့ရလျက်နှင့် မပြောဘူး။ အခု အတုလသာ မပြောလျှင် သူ ရောက်နေသည်ကို မိမိသိမည် မဟုတ်ပေ။ မိမိမမေးလျှင် သူက ပြောမည့်ပုံ မပေါ်ပေ။

"ကိုယ်က ချာတိတ်အံ့သြအောင် လုပ်မလိုပါဆို။ ဟို ခွေးကောင်လေး ဖော်လို့ သိသွားပြီ။ "

တဖက်က အကိုကြီးက ခပ်ညည်းညည်းလေးပြောသည်ကိုကြားသော် မိုးစက် ပျေုာ်သွားသည်။ အကိုကြီး မိမိကို မပြောတာ အံ့သြစေချင်လို့ဆိုတာကို ကြားတော့ ပျော်သွားမိသည်။

"အကိုကြီး ဘာလာလုပ်တာလဲ။"

"ကုန်စည်ပြပွဲက ဖိတ်လို့လာတာ။ "

မိုးစက် နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားသည်။ မိမိကို သတိရလို့ လာတာ မဟုတ်ဘူး ဆိုသည့် အသိက မျက်နှာ နည်းနည်းညှိုးသွားစေသည ်။

"အင်း... ချာတိတ်ကိုလည်း လွမ်းလို့ လာတွေ့တာ။"

သို့သော် အက ိုကြီးပြောလိုက်သည့် စကားသံကိုကြားသောအခါ မိုးစက် ချက်ချင်းကို ပြုံးသွားမိသည်။

"တကယ်လား အကိုကြီး။"

"ကိုယ်ဘယ်တုန်းက လိမ်ဖူးလို့လဲ။ကဲ ညစာ စားနေတာ မဟုတ်လား။ စားတော့။ မိုးချုပ်နေပြီ။ မနက်ဖြန် နေ့လည်မှ တွေ့မယ်...ဘိုင်.."

"ဘိုင် အကိုကြီး။"

မိုးစက် ဖုန်းချလိုက်ပြီး ပြုံးရွင်စွာဖြင့် ဝိုင်းတွင်လာထိုင်သည်။ ဝသုန်က မိုးစက်ကို စူးစမ်းဟန်ကြည့်နေသည်။ အတုလက မိုးစက်ကို မေးလိုက်သည်။

"ဘယ်နေရာတဲ့လဲ။ ဆုံဖို့က.."

"ခါတိုင်းတွေ့နေကျ ဟိုတယ်တဲ့။"

"အင်း မနက်ဖြန် နေ့လည် အတူသွားရအောင် မိုးစက်။"

အတုလက ကလေးလို ပျော်မြုူးစွာပြောသည်။ အတုလ၏ ကလေးဆန်ဆန် အပြုံးကို တွေ့တော့ ဝသုန် ငေးသွားမိသည်။ ဒီကောင် ဒီလောက်ချစ်ဖို့ကောင်းအောင် ပြုံးတတ်သည်ကို မိမိမသိခဲ့ပါလားဟု တွေးနေမိသည်။ အလုပ်ခွင်ထဲတွင် အမှားပါလျှင် မမှန်မချင်း ထပ်ခါ ထပ်ခါ ခိုင်းတတ်သည့် ဒါရိုက်တာ ကြီး၏ ကလေးလို ချစ်စရာ ကောင်းသည့် အမူအရာလေးကို ဝသုန် သဘောကျစွာ ခိုးကြည့်နေမိသည်။

"မင်းက ပါပီလေးနဲ့တူတယ် အတုလ..."

ဝသုန် စိတ်ထဲမှ ကြိတ်ကာ နာမည်ပေးလိုက်မိသည်။ ဟုတ်သည်။ အတုလက ချွဲတတ်သည့် ပါပီလေးနှင့် တူသည် မဟုတ်လား။ တဖြည်းဖြည်းနှင့် အတုလကို ညီလေးလို ခင်တွယ်လာမိသည် မဟုတ်လား။

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(20) -ဒုတိယပိုင်း

နှင်းထန်သည် လေယာဉ်ပေါ်တက်သွားပြီးကတည်းက မိုးစက်ကို သတိရကာ စိတ်မော လူမောနှင့် သက်ပြင်းကို ချမိသည်။ သားလေးကို မိမိလည်း စိုးရိမ်သည်။ တဖက်ကလည်း မိုးစက်ကို ထားရစ်ခဲ့ရလို့စိုးရိမ်သည်။ တကယ်တမ်း ပြောရလျှင် မိုးစက်ကို မိမိနှင့် တပါတည်းခေါ်လာချင်သည်။ သို့သော် ခေါ်လို့မဖြစ်ပါ။ မိုးစက်ကလည်းလိုက်မည် မဟုတ်ပေ။ ပြီးတော့ မိမိသားအတွက် စိုးရိမ်လို့ စောမြဝတီနှင့်အတူ ဆရာဝန်များနှင့်သွားလာ တိုင်ပင်နေသည့် မြင်ကွင်းကို မိုးစက်ကို မပြရက်ပါ။

မိမိတို့က မိသားစု တစ်ခုအသွင်ဖြစ်ပြီး မိုးစက်ကအပြင်လူ ဖြစ်နေမည့် ခံစားချက်ကို နှင်းထန် လုံးဝမပေးရက်ပါ။ ပြီးတော့ စောမြဝတီကလည်း မိုးစက်ပါလာလျှင် အနည်းငယ်တော့ ရှိုူးတို့ရှန်းတန့်ဖြစ်မည်။ ထို့ကြောင့် ဖြစ်ချင်သည် ကိုမလုပ်ပဲ ဖြစ်သင့်သည်ကိုသာ လုပ်လိုက်ရတော့သည်။

"မိုးစက်လေး မင်းကို လွမ်းတယ်..."

နှင်းထန်သည် မျက်လုံးကိုမှိတ်ထားကာ မိုးစက်အကြောင်းကိုတွေးကာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည့် လေယာဉ်ပေါ်က အချိန်ကို ကုန်အောင် အတတ်နိုင်ဆုံးကြိုးစားနေမိသည်။

ထိုအချိန်တွင် မိုးစက်မှာရိုက်ကွင်းတွင် ယားလို့တောင် မကုတ်အားအောင်အလုပ်များနေသည်။ သရုပ်ဆောင်သစ် များကို အမျိုးမျိုးသရုပ်ဆောင်ခိုင်းကာ သူ့စိတ်ကြိုက်သရုပ်ဆောင်မင်းသမီးကို ရွေးနေသည်။
မိုးစက်သည် ညနေစာစားရင်း အိမ်ကို ပြန်လာတော့ စိတ်လှုပ်ရှားကာ လေတချွန်ချွန်ဖြစ်နေမိသည်။

"မောင်မိုးစက် ...ည ဖျော်ရည် တခုခု သောက်ဦးမလား။"

"မသောက်တော့ဘူး ဒေါ်လေးပို။ ကျေးဇူးပါပဲဗျ."
ဒေါ်လေးပိုသည် ယဉ်ကျေးသော မိုးစက်လေးကို ချစ်ခင်စွာကြည့်ကာ နူတ်ဆက်လိုက်သည်။

"ဒါဆို ဒေါ်လေး သွားအိပ်တော့မယ်နော် မိုးစက်လေး။"

မိုးစက် ဒေါ်လေးကို နူတ်ဆက်ကာ အပေါ်ထပ်ကိုတက်လာခဲ့သည်။ ဒီအချိန်ဆို အကို လေယာဉ်ပေါ်မှာ ရှိနေဦးမည်ဟု တွေးကာ ရေချိုးရန် ပြင်ဆင်လိုက်သည်။ ရေချိုးရင်း အကိုကြီးနှင့် မနက်ဖြန်တွေ့ရမည်ကို တွေးကာ တယောက်တည်း ပြုံးနေမိသည်။

"အကိုကြီး... တကယ်နေရက်တယ်ဗျာ။ ကျွန်တော့်ကို ပစ်ထားတယ်။ တွေ့ရင် အကို့ကိုပြောရဦးမယ်...ကိုယ့်ညီကို ပစ်ထားရသလားလို့ အကိုကြီးကို ရန်လုပ်ရဦးမယ်။"

မိုးစက် တီးတိုးရေရွတ်ကာ မျက်လုံးမှိတ်ကာ မှိန်းနေလိုက်သည်။

ဒေါ်လေးသည် မောင်မိုးစက်ကို နူတ်ဆက်ကာ မိမိအိပ်ခန်းထဲကို ဝင်လာရင်း အကိုကြီး ဦးမင်းထန်နှင့် မောင်နှင်းထန် ကြားက တင်းမာမှုကို သတိရကာ သက်ပြင်းချမိသည်။ ဒီသားအဖ ဘယ်တော့မှများ ပြန်အဆင်ပြေလိမ့်မလဲဟု တွေးကာ ရင်မောမိသည်။ မောင်နှင်းထန်က မိုးစက်လေးကို သူ့အသက်ထက်ကို ချစ်သည်ကို မိမိအသိဆုံးဖြစ်သည်။ မိုးစက်လေး ကြောင့်သာ မောင်နှင်းထန် ပြန်ပြီးအသက်ဝင်လာခြင်းဖြစ်သည်။ တကယ်လို့ အကိုကြီးက မိုးစက်လေးနှင့် မောင်နှင်းထန်ကို အတင်းပြန်ခွဲလိုက်လျှင် မောင်နှင်းထန် လုံးဝပြိုလဲသွားမည်ကို သိသည်။ သို့သော် ယခုတစ်ခါ မောင်နှင်းထန် ပြင်သစ်ကို သွားတာ အကိုကြီးဦးမင်းထန်၏ ပယောဂတခုခု မပါပါစေနှင့်ဟု ဒေါ်ပို ကြိတ်ကာ ဆုတောင်းနေမိသည်။

မိုးစက်သည် ရေချိုးပြီးသည်နှင့် ကွန်ပြူတာဖွင့်ကာ လိုင်းတက်လိုက်သည်။ ထိုအခါ အကိုကြီးထံမှ email ဝင်လာသဖြင့် ပျော်သွားပြီး ဖွင့်ဖတ်လိုက်သည်။

"အိပ်တော့။ မင်း တနေကုန် ပင်ပန်းထားတယ် မဟုတ်လား။"

မိုးစက် မျက်ခုံးပင့်လိုက်မိသည်။ ဒါဆို အကိုကြီးက အတုလနှင့် စကားပြောပြီးပြီပေါ့။ မိမိ ပင်ပန်းသည်ကို သိနေသည် ဆိုတော့... ။

"မပင်ပန်းပါဘူး အကိုကြီး။"
မိုးစက် အကိုကြီးထံ သို့ မေးလ်ပြန်ပို့လိုက်သည်။ အကိုကြီးနှင့် အရင်တုန်းကလို မအိပ်ခင် စကားပြောချင်လာမိသည် မဟုတ်လား။

"အိပ်တော့ မိုးစက်။ မနက်ဖြန်မှ စကားပြောမယ်။"

အကိုကြီး၏ စကားသံအရ မိမိအိပ်မှကို ဖြစ်တော့မည်ကို သိလိုက်သည်။

မိုးစက် အကိုကြီး၏ မေးလ်ကို ပြန်ကာ ကွန်ပြူတာကို ပိတ်လိုက်သည်။ သူ့စကားကို နားထောင်တာ မိမိ အကျိုးမယုတ်သည်ကို သိသည်။ ထို့ကြောင့် မိုးစက်အိပ်ယာထက်ကို တက်လိုက်သည်။ အကို့ကို သတိရလိုက် မိသည်။ အကိုသာ ရှိရင် မိမိ ငြိမ်ငြိမ်မအိပ်ရမည်ကို တွေးကာ ပြုံးမိသည်။

"အကို့သားလေး အမြန်ဆုံးပြန်ကျန်းမာလာပါစေ..."

မိုးစက် ဘုရားတွင် ဆုတောင်းပြီး အိပ်သွားတော့သည်။ အိပ်မက်ထဲတွင် အကိုနှင်းထန်က သားလေးကိုပွေ့ထားပြီး စောမြဝတီက အကို့လက်ကို ချိတ်ထားသည်။ သုံးယောက်သား ပြုံးပျော်နေသည်ကို ကြည့်ကာ မိုးစက် တွေဝေကာ ငေးကြည့်နေမိသည်။ အင်... စောမြဝတီက အကို့ကို ပြုံးကာ တခုခုပြောနေပါလား။ အကို့က သဘောကျသွားဟန် နှင့် ဟက်ဟက်ပက်ပက်ရယ်မောနေလိုက်တာက တကယ့်ကို ပျော်ရွှင်နေသည့် မိသားစုလေးလိုပင်။

"အကို..."

မိုးစက် အိပ်ပျော်ရင်း မျက်ရည်ကျကာ တီးတိုး ညည်းမိသည်။

"အကို..."

ဒေါက်တာနှင်းထန်က ဆတ်ခနဲနိုးလာခဲ့သည်။ လေယာဉ်ပေါ်အိပ်ပျော်သွားရင်းအိပ်မက်ဆိုးမက်နေသည် မဟုတ်လား။ အိပ်မက်ထဲတွင် မိုးစက်လက်ကို မိမိတွဲထားလျက်နှင့် ချောင်းတစ်ခုကို အကူး ရေစီးသန်လွန်းသဖြင့် မိမိဆု့ပ်ကိုင်ထားသည့် မိုးစက်၏ လက်လွှတ်ထွက်သွားပြီး မိုးစက်က ချောင်းတဖက်ကမ်းတွင် ကျန်ရစ်ခဲ့သည်။. မိုးစက်က မိမိကိုလှမ်းခေါ်နေသည်ကို မိမိရင်ထုမနာ ငေးကြည့်နေစဉ် နိုးလာခဲ့သည် မဟုတ်လား။
လန့်နိုးလာခဲ့သဖြင့် ရင်အစုံက တဒိန်းဒိန်းနှင့် တုန်လုှုပ်နေသည်။ နှင်းထန်သည် မိုးစက်တခုခုဖြစ်နေသလားဟု တွေးကာ ဆောက်တည်ရာမရ ပူလောင်လာခဲ့တော့သည်။လေဆိပ်သို့ရောက်လျှင် မိုးစက်ကို ချက်ချင်းဖုန်းဆက် မည်ဟု တေးထားလိုက်သည်။ ရောက်ချင်လှလွန်းလို့ထင်သည်။ လေယာဉ်ပင်နှေးသည်ဟု ထင်လာမိသည်။

"တီ...တီ...တီ..."

မိုးစက်သည် အိပ်ပျော်နေရာမှ ဖုန်းမြည်သံကြောင့်နှိုးလာခဲ့သည်။ အိပ်ချင်မူးတူးနှင့် ဖုန်းကို ကောက်ထူးလိုက်သည်။

"ဟယ်လို..."

"ချာတိတ်..."

မိုးစက်သည် အကိုနှင်းထန်၏ အသံကြောင့် အိပ်ချင်ပြေသွားသည်။အကို့အသံက တခုခုစိုးရိမ်နေသလို ဖြစ်နေသည်။ ဘာတွေများဖြစ်တာလဲဟု တွေးကာ မိုးစက် မျက်လုံးပြူးသွားသည်။

"အကို ဘာဖြစ်လို့လဲ။ အကို့သားလေး.."

နှင်းထန်သည် ထိုအခါမှ မိမိအသံ ကိုနားထောင်ကာ မိုးစက် စိုးရိမ်သွားသည်ကို သိကာ နှစ်သိမ့်လိုက်သည်။

"သား ဘာမှ မဖြစ်ဘူး။ ကိုယ် အခု လေဆိပ်ကနေ ဆက်နေတာ။"

မိုးစက် အိပ်ယာမှ ထထိုင်ကာ သူ့ကို မေးလိုက်သည်။

"အကို ဘာဖြစ်လို့လဲဟင်။ ရောက်နေပြီပေါ့။"

"အင်း ရောက်ပြီ။ လေယာဉ်ပေါ်မှာ ချာတိတ်ကို အိပ်မက်မက်လို့ ။ ချာတိတ် တခုခုဖြစ်နေတယ် ထင်လို့ ဆက်လိုက်တာ။"

မိုးစက်သည် ထိုအခါမှ မိမိအိပ်မက်ကို ပြန်သတိရလာသည်။ သို့သော် အကိုနှင်းထန်ကို စိတ်မပူစေချင်သဖြင့် ပါးပေါ်မှ မျက်ရည်ကို သုတ်ကာ လိမ်ပြောလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး အကို။ အကို လမ်းခရီးအဆင်ပြေတယ် မဟုတ်လား။"

"ပြေတယ် မိုးစက်လေး။ ချာတိတ်လေး ဘာမှ မဖြစ်ဘူးနော်။"

"မဖြစ်ပါဘူး အကို။ အကို သွားတော့လေ။ ဆေးရုံမှာ ဝတီစောင့်နေမယ် မဟုတ်လား။"

ထိုအခါမှ နှင်းထန် သက်ပြင်းချကာ မိုးစက်ကို နူတ်ဆက်ရင်း စောမြဝတီရှိသည့် ဆေးရုံးကို လာခဲ့သည်။ ဘာပဲပြောပြော ချာတိတ်လေးက ဘာမှ မဖြစ်ဆိုလို့ အနည်းငယ်စိတ်အေးသွားသည် မဟုတ်လား။

စောမြဝတီသည် သားလေး၏ လက်နုနုလေးကို ဆုပ်ကိုင်ကာ မျက်ရည်သွင်သွင်ကျနေမိသည်။

"ကံဆိုးလိုက်တဲ့ မေမေ့သားလေး။ ကံဆိုးလိုက်တာကွယ်။ မေမေ့သားလေးမှာမှ ဖြစ်ရသလား။"

စောမြဝတီသည် အဖမဲ့သားလေးကို ကြည့်ကာ ကြိတ်ကာ ငိုနေမိသည်။ မည်မျှပင် စိတ်ဓါတ်မာကျောသူဖြစ်ပါစေ။ မိမိ ရင်သွေး ဆေးရုံတက်နေရသောအခါ စောမြဝတီ တုန်လှုပ်ခြောက်ခြားနေမိသည်။ မိမိတွင် အရင်းချာဆိုလို့ ဒီသားလေးပဲရှိသည် မဟုတ်လား။ သားလေးသာ တခုခုဖြစ်လျှင် မိမိလည်းသေရွာလိုက်သွားမည်ဟု စဉ်းစားထားသည်။ အထီးကျန်ဘဝတွင် ဆက်လက် အသက်ရှင်လို့လည်း ဘာမှ မထူးတော့ဘ ူး မဟုတ်လား။

"ဝတီ..."

ဝတီသည် သားလေး၏ခုတင်ပေါ်တွင် ခေါင်းမှီတင်ကာ ငိုနေစဉ် အခန်းတံခါးဖွင့်သံနှင့်အတူ ဝတီအကြားချင်ဆုံး ချစ်သော ကိုကို၏ အသံကို ကြားလိုက်ရစဉ် ဆတ်ခနဲလှည့်ကြည့်လိုက်စဉ် အခန်းထဲကို ကိုကို ဝင်လာသည်ကို တွေ့တော့ ဝတီ ချက်ချင်းထကာ သူ့ကို ဖက်ကာ ငိုချလိုက်တော့သည်။

ဒေါက်တာနှင်းထန်သည် ရုတ်တရက် စောမြဝတီက လာဖက်ကာ ငိုနေသောအခါ တောင့်ခနဲဖြစ်သွားပြီး သားသည် အမေ၏ စိတ်ပူပန်မှုကို သိသဖြင့် ဝတီ့ကျောလေးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

"အရမ်းစိတ်မပူပါနဲ့ ဝတီရယ်။ ကိုကို ရောက်လာပြီပဲ။ ကိုယ် ဆရာဝန်နဲ့ စကားသွားပြောဦးမယ်နော်။ တိတ်ပါ..."

စောမြဝတီသည် ကိုကို၏ နှစ်သိမ့်သည့် စကားသံကို ကြားလိုက်ရသည်နှင့် တကိုယ်လုံး အားအင်အပြည့် စီးဆင်းသွားသလို ခံစားလိုက်ရသည်။

"ဝတီ မျက်ရည်လွယ်မိတာ တောင်းပန်ပါတယ် ကိုကို'


အခ်စ္စစ္၏ တည္ေနရာ
Season (4)
အပိုင္း(20) -ပထမပိုင္း

"တစ္ခါတည္းပဲရွိေသးတယ္။ လာပါကြာ။ ကိုယ္က ဘယ္နွစ္ရက္ႀကာမယ္ မသိဘူး။ ေနာ္။ ကိုယ့္ကိုမသနားဘူးလား။"

"မသနားဘူး။ သနားစ၇ာလား ..."

"မရဘူး။ ခ်ာတိ္တ္မေပးလည္း ကိုယ္အတင္းယူမွာပဲ..ကဲ..လာ.."

မိုးစက္သည္ အကိုနွင္းထန္ေနာက္ကို လိုက္ပါလာခဲ့ရျပန္သည္။ ေစာျမ၀တီနွင့္ကေလးေလးအတြက္ မိုးစက္လည္း စိတ္မေကာင္းျဖစ္မိသည္။ သူတို႕လည္း အကိုေရာက္လွ်င္ အား၇ွိလိမ့္မည္။ မိမ္ိလည္း အလုပ္ကို လြတ္လြတ္လပ္လပ္ လုပ္နုိင္ေပးလိမ့္မည္။ ထို႕ေႀကာင့္ ဒီညေတာ့ အကိုေတာင္းဆိုသည့္အတုိင္း ေနေပးလိုက္သည္။
နွင္းထန္သည္ အိပ္ေမာက်ေနေသာ မိုးစက္၏ ပါးျပင္ကို ဖြဖြနမ္းကာ နူက္ဆက္လိုက္စဥ္ သူကေလး၏ မ်က္လံုးက ပြင့္လာခဲ့သည္။ အင္မတန္ကို အအိပ္ဆတ္သည့္ ကေလးေလး။ နွင္းထန္သည္ မိုးစက္ကို နမ္းကာ နူတ္ဆက္လုိက္သည္။

"သြားေတာ့မယ္ ကေလးေလး။"

"အကို ေလဆိပ္သြားေတာ့မလို႕လား။"

"အင္း ဟုတ္တယ္ မိုးစက္ေလး။"

မိုးစက္သည္ အိပ္ယာမွ ၀ုန္းခနဲထကာ သူ႕ကို ေျပာလိုက္သည္။

"ကြ်န္ေတာ့္ကို ဘာလုိ႕ မနိုးတာလဲ။ အကို႕ကို ကြ်န္ေတာ္ လိုက္ပို႕မလို႕ပါဆို။"

နွင္းထန္သည္ မိုးစက္ကို ဆြဲကာ ေျပာလိုက္သည္။ တကယ္ေတာ့ မိမိက တညလံုး မအိပ္ေသးပဲ မိုးစက္ကို ထိုင္ႀကည့္ေနျပီးမွခရီးသြားရန္ ျပင္ဆင္ေနျခင္းျဖစ္သည္။

"မပို႕နဲ႕ မိုးစက္။ မင္းကို လိုက္မပို႕ေစခ်င္လို႕ ကိုယ္ တမင္မနိႈးတာ။ ျပီးေတာ့ ဒီေန႕ မင္းတို႕ အလုပ္မ်ားမွာ မဟုတ္လား။ ကိုယ္သြားတာ ခဏပါ။ ဒါေႀကာင့္ ခ်ာတိတ္ လိုက္မပို႕နဲ႕ေတာ့ေနာ္။ ျပန္အိပ္ေတာ့။ ကိုယ္သြားေတာ့မယ္။ သားအေျခေနစိတ္ခ်တာနဲ႕ ကိုယ္ျပန္လာမယ္။ အားေမြးျပီးေစာင့္ေနေနာ္။"

မိုးစက္သည္ သူ႕ကို စိုက္ႀကည့္ကာ ေခါင္းျငိမ့္လိုက္သည္။

"အကို ၀တီ့ကို ေမးတယ္ ေျပာေပးပါဦး။ "

"အင္း သြားျပီေနာ္ ခ်ာတိတ္..."

မိုးစက္သည္ ေက်ာခိုင္းသြားေသာ သူ႕ေက်ာျပင္ကို ႀကည့္ကာ စိတ္ထဲ တမ်ိဳးေတာ့ျဖစ္သြားသည္။ ဘာေႀကာင့္ရယ္ မသိ။ က်န္ရစ္သူ အေနျဖင့္ ဘယ္ေတာ့မွ ေက်ာခိုင္းသြားေသာ ေက်ာျပင္တခုကို မိုးစက္က မႀကည့္ခ်င္ပါ။ ထို႕ေႀကာင့္ အကိုႀကီးကို မိမိကို လုိက္ပို႕မည္ ေျပာေတာ့ ခါးခါးသီးသီးျငင္းခဲ့ျခင္းျဖစ္သည္။
အကုိႀကီးအေႀကာင္းေတြးမိမွ ခုရက္အတြင္း အကိုႀကီး ဖုန္းမဆက္တာ ႀကာေလျပီ။ေနမွ ေကာင္းရဲ႕လားဟုေတြးမိကာ ေန႕လည္အားလွ်င္ ဖုန္းဆက္ရန္ ေတးထားလိုက္သည္။ အကို၏ကား ျခံထဲမွ ထြက္သြားသည္ကို ႀကည့္ကာ မိုးစက္ သက္ျပင္းခ်လိုက္သည္။ ျပန္အိပ္လုိ႕လည္း မရမည့္အတူတူ မ်က္နွာထသစ္ကာ ေလ့က်င့္ခန္းလုပ္ရန္ ျပင္ဆင္ လုိက္သည္။

၀သုန္သည္ ကားကို ကိုယ္တိုင္ေမာင္းကာ အလုပ္ကို လာသည့္ သူငယ္ခ်င္းကို ႀကည့္ကာ အံ့ႀသေနသည္။ ခါတိုင္းဆိုလွ်င္ သူ႕ခ်စ္ခ်စ္က ကေလးေလးကို လိုက္ပို႕သလို ပို႕ေပးေနသည္ မဟုတ္လား။ ႀကည့္ရတာ သူငယ္ခ်င္း ေျဖာင့္ျဖလိုက္တာ ေအာင္ျမင္ပံုရသည္။ မိုးစက္ကို ကိုယ္တိုင္ကားေမာင္းခြင့္ေပးလိုက္သည္ဟု ထင္လိုက္မိသည္။

"ေဟ့ေကာင္ႀကီး မိုးစက္။ ဒီေန႕ ထူူးျခားလွခ်ည္လား။ ကိုယ့္ဖာသာ လာလုိ႕...ဘာလဲ မင္း ေျပာတာကို လက္ခံ လိုက္တာလား။"

မိုးစက္က ရယ္ရင္း ၀သုန္နွင့္ အတုလေရွ႕ဆိုဖာတြင္ ၀င္ထိုင္ကာ ရွင္းျပသည္။

"မဟုတ္ဘူး....သူအေရးတႀကီး နုိင္ငံျခားသြားလိုက္ရလို႕၊ ငါ့ဖာသာ လာခဲ့တာ။"

၀သုန္က မ်က္ခံုးပင့္သြားသည္။ မေန႕ည အထိ္ေတာင္ ေဒါက္တာနွင္းထန္ နိုင္ငံျခားခရီးသြားမည္ဟု မိုးစက္ ေျပာသည္ကို မႀကားရပဲ ဒီေန႕မွ ခ်က္ခ်င္းထြက္သြားသည္ဆိုေတာ့ ဘာမ်ား အေရးႀကီးလို႕လဲ ဟုေတြးလိုက္မိသည္။

"အေရးႀကီး နိုင္ငံျခားသြားရေအာင္ အလုပ္ေႀကာင့္လား.."

၀သုန္ မေနနိုင္ပဲ မိုးစက္ကို ေမးလုိက္သည္။ မိုးစက္က လုပ္ရမည့္ ယေန႕အလုပ္မ်ားအတြက္ ဖိုင္ဖြင့္ကာ ဖတ္ရင္း ေအးေအး ေျဖလိုက္သည္။

"အကို႕သားေလး အူပိတ္လို႕ ခြဲရမယ္တဲ့။ အဲ့ဒါ ၀တီတစ္ေယာက္တည္း ျဖစ္ေနလို႕ အကိုလိုက္သြားတာ။"

၀သုန္ ထုိအခါမွ သေဘာေပါက္သြားသည္။ အမ်ိဳးအမည္မသိေသာ စိုး၇ိမ္ျခင္းက ရင္ထဲ ၀င္လာျပီး မိုးစက္ကို အကဲခတ္ ေတာ့ မိုးစက္က မည္သုိ႕မွ သေဘာထားသည့္ပံု မရပဲ လုပ္ရမည့္ အလုပ္မ်ားကို အာရံုစိုက္္ႀကည့္ေနေလျပီ။
မိုးစက္ကို ေမးခ်င္ေသာ္လည္း အတုလရွိေနသျဖင့္ ေမးရခက္ေနသည္။ ျဖစ္နုိင္လွ်င္ မိုးစက္ကို အတုလ အျမင္မေစာင္း ေစခ်င္ပါ။ အေႀကာင္းရင္းကို မသိပဲ မိုးစက္က မိသားစု တစ္ခုကို ျဖိဳခြင္းသူ အျဖစ္ မျမင္ေစခ်င္ပါ။
၀သုန္ နူတ္ဆိတ္လိုက္စဥ္ အတုလက ေမာ့ႀကည့္ကာ မိုးစက္ကို ဦးတည္ျပီးေမးလို္က္သည္။

"ေဒါက္တာ နွင္းထန္ မွာ မိန္းမရွိတာလား ..."

အတုလက ေမးလိုက္သည္ကို ႀကားေတာ့ ၀သုန္အံံ့အားသင့္ကာ အတုလကို ႀကည့္လုိက္သည္။

"ဟင္... မင္းမသိဘူးလား အတုလ။ မင္းနဲ႕ မိုးစက္က အရမ္းခင္တယ္ ဆိုလို႕ ငါက သိမယ္ ထင္ေနတာ.."

အတုလကလည္း ၀သုန္အံ့အားသင့္သည့္ပံုကို ႀကည့္ကာ သူက ရယ္ရင္းေျပာသည္။

"မသိဘူး။ ငါနဲ႕ မိုးစက္ အေမရိကားမွာ ခင္ေတာ့ သူက ဦးရန္နုိင္နားမွာရွိေနတုနး္ကြ။ မိုးစက္ျမန္မာျပည္ ရုတ္တရက္ ျပန္သြားေတာ့ အဆက္သြယ္ျပတ္သြားတာ။ ျပီးခဲ့တဲ့ ၁ နွစ္ကမွ ျပန္အဆက္သြယ္ရတာ။"

၀သုန္က မိုးစက္ကို လွည့္ႀကည့္လိုက္ေတာ့ မိုးစက္က ျပန္ေျဖသည္။

"အတုလ စိတ္ရႈ႔ပ္မွာစိုးလို႕ ငါဘာမွ ေျပာမထားဘူး ၀သုန္။"

၀သုန္ ေခါင္းျငိမ့္လိုက္သည္။ အင္းေလ။ ေယာက်ာ္းေလးျခင္း အတူေနတာကို နားလည္ေပးနိုင္ႀကေပမယ့္ ထိုလိင္တူ ခ်စ္သူတြင္ မိန္းမတစ္ေယာက္နွင့္ကေလးရွိသည္ကို ႀကားလွ်င္ လူအေတာ္မ်ားမ်ားက မိုးစက္ကို ႀကား၀င္သည့္ ဗီလိန္ဟု ျမင္ႀကသည္ မဟုတ္လား။ မိုးစက္ မေျပာျပခ်င္တာ မဆန္းေပ။ ရွင္းျပမည္ဆိုလွ်င္ အပုပ္အားလံုး ေပၚသြား နုိင္သည္ မဟုတ္လား။ ေစာျမ၀တီ၊ မိုးပြင့္၊ ရန္နိုင္ စသည့္ လူမ်ားစြာ ပါ၀င္လာနိုင္သည္။ မေျပာတာပဲ ေကာင္းပါသည္ ဟုေတြးမိလိုက္သည္။

သို႕ေသာ္ အတုလက မိုးစက္ကို ပြင့္လင္းစြာေမးလို္က္သည္။

"မင္း အႀကီးအက်ယ္ အသည္းကြဲျပီး ဒယ္ဒီ့နားကို ေရာက္သြားရတာ အဲ့တစ္ေယာက္ေႀကာင့္ မဟုတ္လား။"

မိုးစက္က ဖုိင္ကို ႀကည့္ေနရာမွ အတုလကို ႀကည့္ကာ ေခါင္းျငိမ့္လိုက္သည္။ အတုလက ေလခြ်န္လို္က္သည္။ မိုးစက္ကို ခ်ီးက်ဴးဟန္ျဖင့္ ႀကည့္ကာ ေျပာသည္။

"မင္း မစိုး၇ိမ္ဘူးလား မိုးစက္။ မင္း ခ်စ္သူ အဲ့မိန္းမေနာက္ကို ျပန္ပါသြားမွာကို မေႀကာက္ဘူးလား။"

မိုးစက္က ခပ္ေတြေတြ ေငးႀကည့္ကာ ေအးေအးေျဖလိုက္သည္။ ၀သုန္သည္ မိုးစက္၏ အေျဖကို ႀကားေသာ္ ရင္ထဲ လစ္ဟာသြားသည္။

"မစိုးရိမ္ပါဘူး။ အကိုက ငါ့ကို ခ်စ္လို႕ အစကတည္းက ၀တီ့ကို မေရြးပဲ ငါ့ကို ေရြးခဲ့တာ ။ လူု႕စိတ္က ေျပာင္းလဲ တတ္တာ ကိုိသိပါတယ္။ တကယ္လို႕ အကိုက အေႀကာင္းတစ္ခုခုေႀကာင့္ ၀တီ့ဆီကို ျပန္သြားခဲ့ရင္ ငါ နားလည္နိုင္ပါတယ္။ သူ႕ကို သြားခြင့္ေပးလို္္က္မွာပါ။ သူ႕ကို ငါ တြယ္ကပ္ေနမွာ မဟုတ္ဘူး။"

အတုလက မိုးစက္ကို ေငးႀကည့္ကာ ေမးလိုက္သည္။

"မင္း သူ႕ကို မခ်စ္ဘူးလား မိုးစက္။ မင္း ရင္မပူဘူးလား။ "

"ခ်စ္တယ္။ ခ်စ္လို႕ သူ႕ေနာက္ကို ျပန္လိုက္လာတာေပါ့။ ရင္လား မပူပါဘူး။ ဘာမွ မျဖစ္ေသးတာ။ ဘာလို႕ပူရမွာလဲ။"

၀သုန္သည္ အတုလနွင့္ မိုးစက္ ေျပာေနသည့္ အေႀကာင္းအရာကို နားေထာင္ရင္း တခ်ိဳ႕ကို မရွင္းေပ.။ အတုလ ေျပာေနသည့္ ဒယ္ဒီ့ထံကို ေရာက္သြားသည္ဆိုတာ မည္သူ႕ကိုေျပာတာလဲဟု စဥး္စားေနမိသည္။ သို႕ေသာ္ အတုလ နွင့္ မိုးစက္ ေျပာေနသည္ကို ျဖတ္မေျပာခ်င္ေသာေႀကာင့္ နားေထာင္ေနလိုက္သည္။ မိမိသူငယ္ခ်င္း ဘယ္လိုေျဖမလဲ ဆိုတာကိုလည္း စိတ္၀င္စားမိသည္ မဟုတ္လား။

"မင္းေလသံက ဒယ္ဒီနဲ႕တူလာျပီ မိုးစက္..."

မိုးစက္က အတုလေျပာသည္ကိုႀကားေသာ္ ရယ္ေမာလိုက္ျပီး ျပန္ေျဖလိုက္သည္။

"အဆိုးဆံုးကို ေတြးျပိီး အေကာင္းဆံုးကို ႀကိဳတင္ျပင္ဆင္တတ္ဖို႕ သူ ငါ့ကို သင္ေပးခဲ့တယ္ အတုလ။ ျပႆနာ တစ္ခုကို ႀကံဳရင္ အေကာင္းဆံုး ဘယ္လိုျပန္ျပီးေျဖရွင္းရမယ္ ဆိုတာကို သူ ငါ့ကို ေသခ်ာျပေပးခဲ့တယ္။ ဒါေႀကာင့္ ငါ့ရဲ႕ စိတ္စြမ္းအင္ေတြကို မျဖစ္ေသးတဲ့ ကိစၥေတြမွာ ေတြးပူျပီး မျဖဳန္းတီးနိုင္ဘူးကြ။ မင္းက ငါ့ကို အထင္ေသး တာလား။"

အတုလက ရယ္ေမာကာ ေပါ့ပါးစြာျပန္ေျပာလိုက္သည္။

"အထင္ေသးစရာလားကြ။ ဒယ္ဒီ့ေဘးမွ နွစ္နွစ္ေတာင္ ေနလာခဲ့တာ မင္းက ဒယ္ဒီ့ စိတ္ထားေတြကို ရေနမယ္ဆိုတာ သိျပီးသားပါ။ ငါက ဒီလိုပဲ ေမးႀကည့္မိတာပါ။"

၀သုန္ နားေထာင္ေနျပီး ေနာက္ဆံုးမွ သိေတာ့သည္။ အတုလက စေနထြဋ္ေခါင္၏ သားျဖစ္ေနသည္ကို မယံုႀကည္ နုိင္စြာသိရွိလို္က္ရသည္။

"မင္း ... မင္းက ...ဦးစေနရဲ႕ သားလား အတုလ..."

အတုလက ထိုအခါ ၀သုန္ကို မ်က္လံုး အ၀ိုင္းသားနွင့္ ႀကည့္ကာ ေမးလို္က္သည္။

"မင္း မသိဘူးလား ၀သုန္...ငါ့က မင္း သိမယ္ထင္ေနတာ..."

၀သုန္ ေခါင္းသာ ယမ္းလိုက္သည္။ အကိုနွင္းထန္ သိေနရဲ႕လားဟု ေတြးလိုက္မိသည္။ အကိုနွင္းထန္က ဦးစေနနွင့္ ပတ္သတ္လွ်င္ အင္မတန္ကို သ၀န္တိုသည္ကို သိလ်က္နွင့္ မိုးစက္ ဒိီေကာင္ ဦးစေန၏ သားကို တမင္ေခၚသြင္းလာခဲ့ တာပါလားဟု ေတြးကာ ရင္ေမာသြားသည္။

"မသိဘူး ၀သုန္။ မိုးစက္နဲ႕ မင္းက အေမရိကားကေန ခင္လာတယ္ လို႕ပဲ သိတာကြ။"

မိုးစက္က ၀သုန္ကို တခ်က္ႀကည့္လိုက္သည္ႏွင့္ သူ ဘာကို စိုး၇ိမ္ေနသည္ကို တန္းသိလိုက္သည္။ ဟုတ္ေတာ့ ဟုတ္သည္။ အကိုနွင္းထန္ သာသိလွ်င္ နည္းနည္းေတာ့ စကားေျပာရမည္ ျဖစ္သည္။

"ငါက ဒယ္ဒီ့သားဆိုေပမယ့္ သားအရင္းေတာ့ မဟုတ္ဘူး။ ဒယ္ဒီက ငါ့ ပေထြးပါ။ ဒါေပမယ့္ ဒယ္ဒီက ငါ့ကိုသားအရင္း ထက္ေတာင္ ခ်စ္ေသးတယ္။ "

မိုးစက္သည္ စကားစကိုျဖတ္လိုက္သည္။

"ကဲ ...ရိုက္ကြင္းသြားဖို႕ အခ်ိန္က်ျပီေနာ္...။ သရုပ္ေဆာင္ အသစ္ေလးေတြကို ခ်ိိန္းထားေသးတယ္ေနာ္။ ေနာက္က်ေနမယ္။ လုပ္ေတာ့။ "

အတုလက နာရီကိုႀကည့္ကာ ခ်က္ခ်င္း ယူရမည့္ စာရြက္စာတမ္းအားလံုးကိုသြက္လက္စြာ သိမ္းလိုက္္သည္။ ၀သုန္လည္း မထခ်င္ထခ်င္နွင့္ ထရပ္ကာ မန္ေနဂ်ာကိုလွမ္းေခၚလိုက္သည္။ မန္ေနဂ်ာ ေရာက္လာသည္နွင့္ တေန႕တာ အစီစဥ္ စာရြက္ေရာက္လာသည္။ ၀သုန္ မ်က္နွာ ရံႈ႕သြားသည္။

"အာ... ည ၇ နာရီထိလားကြ။ အိမ္ျပန္ေရာက္ရင္ မိုးခ်ဳပ္ေရာေပါ့..."

"ေအးေလ....ဘာျဖစ္လဲကြ။ ထူးဆန္းလား။"

မိုးစက္ ခပ္ခ်ဥ္ခ်ဥ္ေျပာလိုက္သည္။ ဘယ့္နွယ္။ ည ၈နာရီ အိမ္ျပန္ေရာက္တာမ်ား အထူးဆန္းလုပ္ေျပာေနသည္။

"ေဟ့ေကာင္ရ.... ညစာကို မင္းေကြ်း၊ အလုပ္ခ်ိန္ ေက်ာ္တဲ့အထိ ငါ့ကို ခိုင္းတယ္... "

၀သုန္က မိုးစက္ကို ရစ္ေတာ့သည္။ မိုးစက္က ရယ္ရင္းေျပာသည္။

"ေအးပါကြာ။ အလုပ္သာ ေကာင္းေကာင္းလုပ္။ မင္းကို ညစာေရာ ညလယ္စာေရာ ေကြ်းမယ္။ ဒီညေန ငါတို႕သံုးေယာက္ အတူ သြားစားႀကတာေပါ့..."

ရိုက္ကြင္းသို႕ သံုးေယာက္သား ခ်ိီတက္ကာ လုပ္စရာကို ဇယ္ခတ္သလို လုပ္ႀကသည္။ ၀သုန္သည္ အတုလ ဘာေႀကာင့္ ဒီေလာက္အလုပ္ လုပ္နိုင္သည္ကို နားလည္သြားသည္။ ဥိီးစေန၏ သားပဲ။ ဒီေလာက္ေတာ့ အေပ်ာ့ေပ့ါ ဟုေတြးေနမိသည္။ မိုးစက္နွင့္ အတုလလို အလုပ္သရဲ နွစ္ေကာင္ႀကား မိမိညွပ္မိေနသည္ကို သတိရကာ ငိုခ်င္သြားသည္။
ည ၈ နရီခြဲမွ စားေသာက္ဆိုင္ကို ထြက္လာနိုင္သည္။ သံုးေယာက္သား ေပါ့ေပ့ါပါးပါး စကားေျပာကာ ရယ္ေမာရင္း စားေသာက္ေနစဥ္ မိုးစက္ထံ ဖုန္း၀င္လာသည္။ နံပါတ္ကို ႀကည့္လိုက္သည္နွင့္ မိုးစက္၏ မ်က္နွာတစ္ခုလံုး ျပံဳးရႊင္သြား သျဖင့္ အကိုနွင္းထန္ က ဖုန္းဆက္လာသည္ဟု ထင္လိုက္မိသည္။ သို႕ေသာ္ မိုးစက္ထူးသည္ကုိႀကားမွ မိမိ မွားသြားသည္ကို သိလိုက္ေတာ့သည္။

"အကိုႀကီး..."

မိုးစက္၏ မ်က္နွာက ျပံဳးရြင္ကာ ေျပာေနသည္ကုိ ႀကည့္ကာ မိမိသူငယ္ခ်င္းက ဦးစေနကို မည္မွ်ခင္တြယ္သည္ ကိုေတြး ေနမိသည္။ မိုးစက္သည္ ဦးစေနကို အလုပ္အေႀကာင္းကို ေျပာျပေနသည္။

"အင္း ဟုတ္တယ္ အကိုႀကီး၊ အတုလ ေရာက္လာျပီ။ သူ႕အႀကံအတိုင္း ရုိက္ေနတာ။ "

"ဟုတ္... အဆင္ေျပတယ္ အကိုႀကီး။ ေတာ္ေသးတယ္။ အက ိုႀကီးသတိေပးလို႕ အတုလ ဒီေရာက္ေနတာကို သိရတာ။ သူမလာရင္ ကြ်န္ေတာ္ေတာ့ မလြယ္ဘူး။ ဟုတ္။ သူ အားလံုး တာ၀န္ယူေပးတယ္ အကိုႀကီး။ ဟုတ္ကဲ့။"

အတုလက မိုးစက္ ဖုန္းေျပာေနသည္ကုိ ႀကည့္ကာ လွမ္းေအာ္လိုက္သည္။

"မိုးစက္။ဒယ္ဒီ့ကို ေျပာလိုက္ဦး။ မနက္ျဖန္ ေန႕လည္ဆံုမယ္လို႕။"

မိုးစက္သည္ ဖုန္းေျပာေနရာမွ လွမး္ႀကည့္ကာ တဖက္ကို ေမးလ္ိုက္သည္။

"အတုလက မနက္ျဖန္ ေန႕လည္ ဆံုမယ္ တဲ့ အကိုႀကီး။ "

"အင္း....ခါတိုင္းတည္းေနက် ဟိုတယ္ကိုလာခိုင္းလိုက္ေလ။ ခ်ာတိတ္လည္း အားရင္း လိုက္ခဲ့လိုက္။"

အကိုႀကီး၏ စကားကိုႀကားေသာအခါ မိုးစက္ ျပန္ေမးလိုက္သည္။

"အကိုႀကီး ျမန္မာျပည္ကိုေရာက္ေနတာေပါ့ေလ...ဟုတ္လား။"

"အင္း... ဟုတ္တယ္။ ဒီေန႕ ေရာက္တာ..."

"ကြ်န္ေတာ့္ကို ဘာမွ မေျပာဘူး။ အကိုႀကီး မေကာင္းဘူးဗ်ာ..."

မိုးစက္ မေက်မနပ္ေျပာလိုက္သည္။ အကိုႀကီး ႀကိဳတင္ေျပာထားလို႕ရလ်က္နွင့္ မေျပာဘူး။ အခု အတုလသာ မေျပာလွ်င္ သူ ေရာက္ေနသည္ကို မိမိသိမည္ မဟုတ္ေပ။ မိမိမေမးလွ်င္ သူက ေျပာမည့္ပံု မေပၚေပ။

"ကိုယ္က ခ်ာတိတ္အံ့ႀသေအာင္ လုပ္မလုိပါဆို။ ဟို ေခြးေကာင္ေလး ေဖာ္လို႕ သိသြားျပီ။ "

တဖက္က အကိုႀကီးက ခပ္ညည္းညည္းေလးေျပာသည္ကိုႀကားေသာ္ မိုးစက္ ေပ်ုာ္သြားသည္။ အကိုႀကီး မိမိကို မေျပာတာ အံ့ႀသေစခ်င္လို႕ဆိုတာကို ႀကားေတာ့ ေပ်ာ္သြားမိသည္။

"အကိုႀကီး ဘာလာလုပ္တာလဲ။"

"ကုန္စည္ျပပြဲက ဖိတ္လို႕လာတာ။ "

မိုးစက္ နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္သြားသည္။ မိမိကို သတိရလို႕ လာတာ မဟုတ္ဘူး ဆိုသည့္ အသိက မ်က္နွာ နည္းနည္းညိႈးသြားေစသည ္။

"အင္း... ခ်ာတိတ္ကိုလည္း လြမ္းလို႕ လာေတြ႕တာ။"

သို႕ေသာ္ အက ိုႀကီးေျပာလိုက္သည့္ စကားသံကုိႀကားေသာအခါ မိုးစက္ ခ်က္ခ်င္းကို ျပံဳးသြားမိသည္။

"တကယ္လား အကိုႀကီး။"

"ကိုယ္ဘယ္တုန္းက လိမ္ဖူးလို႕လဲ။ကဲ ညစာ စားေနတာ မဟုတ္လား။ စားေတာ့။ မိုးခ်ဳပ္ေနျပီ။ မနက္ျဖန္ ေန႕လည္မွ ေတြ႕မယ္...ဘိုင္.."

"ဘိုင္ အကိုႀကီး။"

မိုးစက္ ဖုန္းခ်လိုက္ျပီး ျပံဳးရြင္စြာျဖင့္ ၀ိုင္းတြင္လာထိုင္သည္။ ၀သုန္က မိုးစက္ကို စူးစမ္းဟန္ႀကည့္ေနသည္။ အတုလက မိုးစက္ကို ေမးလို္က္သည္။

"ဘယ္ေနရာတဲ့လဲ။ ဆံုဖ္ို႕က.."

"ခါတိုင္းေတြ႕ေနက် ဟိုတယ္တဲ့။"

"အင္း မနက္ျဖန္ ေန႕လည္ အတူသြားရေအာင္ မိုးစက္။"

အတုလက ကေလးလို ေပ်ာ္ျမဳဴးစြာေျပာသည္။ အတုလ၏ ကေလးဆန္ဆန္ အျပံဳးကို ေတြ႕ေတာ့ ၀သုန္ ေငးသြားမိသည္။ ဒီေကာင္ ဒီေလာက္ခ်စ္ဖို႕ေကာင္းေအာင္ ျပံဳးတတ္သည္ကို မိမ္ိမသိခဲ့ပါလားဟု ေတြးေနမိသည္။ အလုပ္ခြင္ထဲတြင္ အမွားပါလွ်င္ မမွန္မခ်င္း ထပ္ခါ ထပ္ခါ ခုိင္းတတ္သည့္ ဒါရိုက္တာ ႀကီး၏ ကေလးလို ခ်စ္စရာ ေကာင္းသည့္ အမူအရာေလးကို ၀သုန္ သေဘာက်စြာ ခုိးႀကည့္ေနမိသည္။

"မင္းက ပါပီေလးနဲ႕တူတယ္ အတုလ..."

၀သုန္ စိတ္ထဲမွ ႀကိတ္ကာ နာမည္ေပးလို္က္မိသည္။ ဟုတ္သည္။ အတုလက ခြ်ဲတတ္သည့္ ပါပီေလးနွင့္ တူသည္ မဟုတ္လား။ တျဖည္းျဖည္းနွင့္ အတုလကို ညီေလးလို ခင္တြယ္လာမိသည္ မဟုတ္လား။

အခ်စ္စစ္၏ တည္ေနရာ
Season (4)
အပိုင္း(20) -ဒုတိယပိုင္း

နွင္းထန္သည္ ေလယာဥ္ေပၚတက္သြားျပိီးကတည္းက မိုးစက္ကို သတိရကာ စိတ္ေမာ လူေမာနွင့္ သက္ျပင္းကို ခ်မိသည္။ သားေလးကို မိမိလည္း စိုးရိမ္သည္။ တဖက္ကလည္း မိုးစက္ကို ထားရစ္ခဲ့ရလို႕စိုးရိမ္သည္။ တကယ္တမ္း ေျပာရလွ်င္ မိုးစက္ကို မိမိနွင့္ တပါတည္းေခၚလာခ်င္သည္။ သုိ႕ေသာ္ ေခၚလို႕မျဖစ္ပါ။ မိုးစက္ကလည္းလိုက္မည္ မဟုတ္ေပ။ ျပီးေတာ့ မိိမိသားအတြက္ စိုး၇ိမ္လို႕ ေစာျမ၀တိီနွင့္အတူ ဆရာ၀န္မ်ားနွင့္သြားလာ တိုင္ပင္ေနသည့္ ျမင္ကြင္းကို မိုးစက္ကို မျပရက္ပါ။

မိမိတို႕က မိသားစု တစ္ခုအသြင္ျဖစ္ျပီး မိုးစက္ကအျပင္လူ ျဖစ္ေနမည့္ ခံစားခ်က္ကို နွင္းထန္ လံုး၀မေပးရက္ပါ။ ျပီးေတာ့ ေစာျမ၀တီကလည္း မိုးစက္ပါလာလွ်င္ အနည္းငယ္ေတာ့ ရိႈူးတို႕ရွန္းတန္႕ျဖစ္မည္။ ထုိ႕ေႀကာင့္ ျဖစ္ခ်င္သည္ ကိုမလုပ္ပဲ ျဖစ္သင့္သည္ကိုသာ လုပ္လိုက္ရေတာ့သည္။

"မိုးစက္ေလး မင္းကို လြမ္းတယ္..."

နွင္းထန္သည္ မ်က္လံုးကိုမွိတ္ထားကာ မိုးစက္အေႀကာင္းကိုေတြးကာ ပ်င္းရိျငီးေငြ႕ဖြယ္ေကာင္းလွသည့္ ေလယာဥ္ေပၚက အခ်ိန္ကို ကုန္ေအာင္ အတတ္နိုင္ဆံုးႀကိဳးစားေနမိသည္။

ထိုအခ်ိန္တြင္ မိုးစက္မွာရုိက္ကြင္းတြင္ ယားလုိ႕ေတာင္ မကုတ္အားေအာင္အလုပ္မ်ားေနသည္။ သရုပ္ေဆာင္သစ္ မ်ားကို အမ်ိဳးမ်ိဳးသရုပ္ေဆာင္ခုိင္းကာ သူ႕စိတ္ႀကိဳက္သရုပ္ေဆာင္မင္းသမီးကို ေရြးေနသည္။
မိုးစက္သည္ ညေနစာစားရင္း အိမ္ကို ျပန္လာေတာ့ စိတ္လႈပ္ရွားကာ ေလတခြ်န္ခြ်န္ျဖစ္ေနမိသည္။

"ေမာင္မိုးစက္ ...ည ေဖ်ာ္ရည္ တခုခု ေသာက္ဦးမလား။"

"မေသာက္ေတာ့ဘူး ေဒၚေလးပို။ ေက်းဇူးပါပဲဗ်."
ေဒၚေလးပိုသည္ ယဥ္ေက်းေသာ မိုးစက္ေလးကို ခ်စ္ခင္စြာႀကည့္ကာ နူတ္ဆက္လိုက္သည္။

"ဒါဆို ေဒၚေလး သြားအိပ္ေတာ့မယ္ေနာ္ မိုးစက္ေလး။"

မိုးစက္ ေဒၚေလးကို နူတ္ဆက္ကာ အေပၚထပ္ကိုတက္လာခဲ့သည္။ ဒီအခ်ိန္ဆို အကို ေလယာဥ္ေပၚမွာ ရွိေနဦးမည္ဟု ေတြးကာ ေရခ်ိဳးရန္ ျပင္ဆင္လိုက္သည္။ ေရခ်ိဳးရင္း အကိုႀကီးနွင့္ မနက္ျဖန္ေတြ႕ရမည္ကို ေတြးကာ တေယာက္တည္း ျပံုးေနမိသည္။

"အကုိႀကီး... တကယ္ေနရက္တယ္ဗ်ာ။ ကြ်န္ေတာ့္ကို ပစ္ထားတယ္။ ေတြ႕ရင္ အကို႕ကိုိေျပာရဦးမယ္...ကိုယ့္ညီကို ပစ္ထားရသလားလို႕ အကိုႀကိီးကို ရန္လုပ္ရဦးမယ္။"

မုိးစက္ တီးတိုးေရရြတ္ကာ မ်က္လံုးမွိတ္ကာ မွိန္းေနလိုက္သည္။

ေဒၚေလးသည္ ေမာင္မိုးစက္ကို နူတ္ဆက္ကာ မိမိအိပ္ခန္းထဲကို ၀င္လာရင္း အကိုႀကီး ဦးမငး္ထန္နွင့္ ေမာင္နွင္းထန္ ႀကားက တင္းမာမႈကို သတိရကာ သက္ျပင္းခ်မိသည္။ ဒီသားအဖ ဘယ္ေတာ့မွမ်ား ျပန္အဆင္ေျပလိမ့္မလဲဟု ေတြးကာ ရင္ေမာမိသည္။ ေမာင္နွင္းထန္က မိိုးစက္ေလးကို သူ႕အသက္ထက္ကို ခ်စ္သည္ကို မိမိအသိဆံုးျဖစ္သည္။ မိုးစက္ေလး ေႀကာင့္သာ ေမာင္နွင္းထန္ ျပန္ျပီးအသက္၀င္လာျခင္းျဖစ္သည္။ တကယ္လို႕ အကိုႀကီးက မိုးစက္ေလးနွင့္ ေမာင္နွင္းထန္ကို အတင္းျပန္ခြဲလိုက္လွ်င္ ေမာင္နွင္းထန္ လံုး၀ျပိဳလဲသြားမည္ကို သိသည္။ သို႕ေသာ္ ယခုတစ္ခါ ေမာင္နွင္းထန္ ျပင္သစ္ကို သြားတာ အကိုႀကီးဦးမင္းထန္၏ ပေယာဂတခုခု မပါပါေစနွင့္ဟု ေဒၚပို ႀကိတ္ကာ ဆုေတာင္းေနမိသည္။

မိုးစက္သည္ ေရခ်ိဳးျပီးသည္နွင့္ ကြန္ျပဴတာဖြင့္ကာ လိုင္းတက္လိုက္သည္။ ထိုအခါ အကိုႀကီးထံမွ email ၀င္လာသျဖင့္ ေပ်ာ္သြားျပီး ဖြင့္ဖတ္လိုက္သည္။

"အ္ိပ္ေတာ့။ မင္း တေနကုန္ ပင္ပန္းထားတယ္ မဟုတ္လား။"

မိုုးစက္ မ်က္ခံုးပင့္လိုက္မိသည္။ ဒါဆို အကိုႀကီးက အတုလနွင့္ စကားေျပာျပီးျပီေပါ့။ မိမိ ပင္ပန္းသည္ကို သိေနသည္ ဆိုေတာ့... ။

"မပင္ပန္းပါဘူး အကိုႀကီး။"
မိုးစက္ အကိုႀကီးထံ သို႕ ေမးလ္ျပန္ပို႕လိုက္သည္။ အကိုႀကိီးနွင့္ အရင္တုန္းကလို မအိပ္ခင္ စကားေျပာခ်င္လာမိသည္ မဟုတ္လား။

"အိပ္ေတာ့ မိုးစက္။ မနက္ျဖန္မွ စကားေျပာမယ္။"

အကိုႀကီး၏ စကားသံအရ မိမိအိပ္မွကို ျဖစ္ေတာ့မည္ကို သိိလို္က္သည္။

မိုးစက္ အကိုႀကီး၏ ေမးလ္ကို ျပန္ကာ ကြန္ျပဴတာကို ပိတ္လိ္ုက္သည္။ သူ႕စကားကို နားေထာင္တာ မိမိ အက်ိဳးမယုတ္သည္ကို သိသည္။ ထို႕ေႀကာင့္ မိုးစက္အိပ္ယာထက္ကို တက္လိုက္သည္။ အကို႕က္ို သတိရလို္က္ မိသည္။ အကိုသာ ရွိရင္ မိမိ ျငိမ္ျငိမ္မအိပ္ရမည္ကို ေတြးကာ ျပံဳးမိသည္။

"အကို႕သားေလး အျမန္ဆံုးျပန္က်န္းမာလာပါေစ..."

မိုးစက္ ဘုရားတြင္ ဆုေတာင္းျပီး အိပ္သြားေတာ့သည္။ အိပ္မက္ထဲတြင္ အကိုနွင္းထန္က သားေလးကိုေပြ႕ထားျပီး ေစာျမ၀တီက အကို႕လက္ကို ခ်ိတ္ထားသည္။ သံုးေယာက္သား ျပံဳးေပ်ာ္ေနသည္ကို ႀကည့္ကာ မိုးစက္ ေတြေ၀ကာ ေငးႀကည့္ေနမိသည္။ အင္... ေစာျမ၀တီက အကို႕ကို ျပံဳးကာ တခုခုေျပာေနပါလား။ အကို႕က သေဘာက်သြားဟန္ နွင့္ ဟက္ဟက္ပက္ပက္ရယ္ေမာေနလိုက္တာက တကယ့္ကို ေပ်ာ္ရႊင္ေနသည့္ မိသားစုေလးလိုပင္။

"အကို..."

မိုးစက္ အိပ္ေပ်ာ္ရင္း မ်က္ရည္က်ကာ တီးတိုး ညည္းမိသည္။

"အကို..."

ေဒါက္တာနွင္းထန္က ဆတ္ခနဲနိုးလာခဲ့သည္။ ေလယာဥ္ေပၚအိပ္ေပ်ာ္သြားရင္းအိပ္မက္ဆိုးမက္ေနသည္ မဟုတ္လား။ အိပ္မက္ထဲတြင္ မိုးစက္လက္ကို မိမိတြဲထားလ်က္နွင့္ ေခ်ာင္းတစ္ခုကို အကူး ေရစီးသန္လြန္းသျဖင့္ မိမိဆု့ပ္ကိုင္ထားသည့္ မိုးစက္၏ လက္လႊတ္ထြက္သြားျပီး မိုးစက္က ေခ်ာင္းတဖက္ကမ္းတြင္ က်န္ရစ္ခဲ့သည္။. မိုးစက္က မိမိကိုလွမ္းေခၚေနသည္ကို မိမိရင္ထုမနာ ေငးႀကည့္ေနစဥ္ နိုးလာခဲ့သည္ မဟုတ္လား။
လန္႕နိုးလာခဲ့သျဖင့္ ရင္အစံုက တဒိန္းဒိန္းနွင့္ တုန္လုႈပ္ေနသည္။ နွင္းထန္သည္ မိုးစက္တခုခုျဖစ္ေနသလားဟု ေတြးကာ ေဆာက္တည္ရာမရ ပူေလာင္လာခဲ့ေတာ့သည္။ေလဆိပ္သို႕ေရာက္လွ်င္ မိုးစက္ကို ခ်က္ခ်င္းဖုန္းဆက္ မည္ဟု ေတးထားလိုက္သည္။ ေရာက္ခ်င္လွလြန္းလို႕ထင္သည္။ ေလယာဥ္ပင္ေႏွးသည္ဟု ထင္လာမိသည္။

"တီ...တီ...တီ..."

မိုးစက္သည္ အိပ္ေပ်ာ္ေနရာမွ ဖုန္းျမည္သံေႀကာင့္နိႈးလာခဲ့သည္။ အိပ္ခ်င္မူးတူးနွင့္ ဖုန္းကို ေကာက္ထူးလိုက္သည္။

"ဟယ္လို..."

"ခ်ာတိတ္..."

မိုးစက္သည္ အကိုနွင္းထန္၏ အသံေႀကာင့္ အိပ္ခ်င္ေျပသြားသည္။အကို႕အသံက တခုခုစိုး၇ိမ္ေနသလို ျဖစ္ေနသည္။ ဘာေတြမ်ားျဖစ္တာလဲဟု ေတြးကာ မိုးစက္ မ်က္လံုးျပဴးသြားသည္။

"အကို ဘာျဖစ္လို႕လဲ။ အကို႕သားေလး.."

နွင္းထန္သည္ ထိုအခါမွ မိမိအသံ ကိုနားေထာင္ကာ မိုးစက္ စိုးရိမ္သြားသည္ကို သိကာ နွစ္သိမ့္လိုက္သည္။

"သား ဘာမွ မျဖစ္ဘူး။ ကိုယ္ အခု ေလဆိပ္ကေန ဆက္ေနတာ။"

မိုးစက္ အိပ္ယာမွ ထထိုင္ကာ သူ႕ကို ေမးလိုက္သည္။

"အကို ဘာျဖစ္လို႕လဲဟင္။ ေရာက္ေနျပီေပါ့။"

"အင္း ေရာက္ျပီ။ ေလယာဥ္ေပၚမွာ ခ်ာတိတ္ကို အိပ္မက္မက္လို႕ ။ ခ်ာတိတ္ တခုခုျဖစ္ေနတယ္ ထင္လို႕ ဆက္လိုက္တာ။"

မိုးစက္သည္ ထိုအခါမွ မိမိအိပ္မက္ကို ျပန္သတိရလာသည္။ သို႕ေသာ္ အကိုနွင္းထန္ကို စိတ္မပူေစခ်င္သျဖင့္ ပါးေပၚမွ မ်က္ရည္ကို သုတ္ကာ လိမ္ေျပာလိုက္သည္။

"ဘာမွ မျဖစ္ပါဘူး အကို။ အကို လမ္းခရီးအဆင္ေျပတယ္ မဟုတ္္လား။"

"ေျပတယ္ မိုးစက္ေလး။ ခ်ာတိ္တ္ေလး ဘာမွ မျဖစ္ဘူးေနာ္။"

"မျဖစ္ပါဘူး အကို။ အကို သြားေတာ့ေလ။ ေဆးရံုမွာ ၀တီေစာင့္ေနမယ္ မဟုတ္လား။"

ထိုအခါမွ နွင္းထန္ သက္ျပင္းခ်ကာ မိုးစက္ကို နူတ္ဆက္ရင္း ေစာျမ၀တီရွိသည့္ ေဆးရံုးကို လာခဲ့သည္။ ဘာပဲေျပာေျပာ ခ်ာတိတ္ေလးက ဘာမွ မျဖစ္ဆိုလို႕ အနည္းငယ္စိတ္ေအးသြားသည္ မဟုတ္လား။

ေစာျမ၀တီသည္ သားေလး၏ လက္နုနုေလးကို ဆုပ္ကိုင္ကာ မ်က္ရည္သြင္သြင္က်ေနမိသည္။

"ကံဆိုးလိုက္တဲ့ ေမေမ့သားေလး။ ကံဆိုးလိုက္တာကြယ္။ ေမေမ့သားေလးမွာမွ ျဖစ္ရသလား။"

ေစာျမ၀တီသည္ အဖမဲ့သားေလးကို ႀကည့္ကာ ႀကိတ္ကာ ငို္ေနမိသည္။ မည္မွ်ပင္ စိတ္ဓါတ္မာေက်ာသူျဖစ္ပါေစ။ မိမိ ရင္ေသြး ေဆးရံုတက္ေနရေသာအခါ ေစာျမ၀တီ တုန္လႈပ္ေျခာက္ျခားေနမိသည္။ မိမိတြင္ အရင္းခ်ာဆိုလို႕ ဒီသားေလးပဲရွိသည္ မဟုတ္လား။ သားေလးသာ တခုခုျဖစ္လွ်င္ မိ္ိမိလည္းေသရြာလိုက္သြားမည္ဟု စဥ္းစားထားသည္။ အထိီးက်န္ဘ၀တြင္ ဆက္လက္ အသက္ရွင္လို႕လည္း ဘာမွ မထူးေတာ့ဘ ူး မဟုတ္လား။

"၀တီ..."

၀တီသည္ သားေလး၏ခုတင္ေပၚတြင္ ေခါင္းမွီတင္ကာ ငိုေနစဥ္ အခန္းတံခါးဖြင့္သံနွင့္အတူ ၀တီအႀကားခ်င္ဆံုး ခ်စ္ေသာ ကိုကို၏ အသံကို ႀကားလိုက္ရစဥ္ ဆတ္ခနဲလွည့္ႀကည့္လိုက္စဥ္ အခန္းထဲကို ကိုကို ၀င္လာသည္ကို ေတြ႕ေတာ့ ၀တီ ခ်က္ခ်င္းထကာ သူ႕ကို ဖက္ကာ ငိုခ်လိုက္ေတာ့သည္။

ေဒါက္တာနွင္းထန္သည္ ရုတ္တရက္ ေစာျမ၀တီက လာဖက္ကာ ငိုေနေသာအခါ ေတာင့္ခနဲျဖစ္သြားျပီး သားသည္ အေမ၏ စိတ္ပူပန္မႈကို သိသျဖင့္ ၀တီ့ေက်ာေလးကို ပုတ္ကာ နွစ္သိမ့္လိုက္သည္။

"အရမ္းစိတ္မပူပါနဲ႕ ၀တီရယ္။ ကိုကို ေရာက္လာျပီပဲ။ ကိုယ္ ဆရာ၀န္နဲ႕ စကားသြားေျပာဦးမယ္ေနာ္။ တိတ္ပါ..."

ေစာျမ၀တီသည္ ကိုကို၏ နွစ္သိမ့္သည့္ စကားသံကို ႀကားလိုက္ရသည္နွင့္ တကိုယ္လံုး အားအင္အျပည့္ စီးဆင္းသြားသလို ခံစားလိုက္ရသည္။

"၀တီ မ်က္ရည္လြယ္မိတာ ေတာင္းပန္ပါတယ္ ကိုကိို'

*****************






အခ်စ္စစ္၏တည္ေနရာ- Season (4)Where stories live. Discover now