(Z+U) Season (4)_ အပိုင်း(30)

1K 54 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(30)

မိုးစက်သည် အကိုကြီးနှင့် ဖုန်းပြောပြီးနောက် လုပ်စရာအလုပ်များကို အာရုံစိုက်လုပ်နေသည်။ အလုပ်များကို အားလုံဖြတ်ပြီးမှ အကိုကြီးဆီကို သွားနိုင်မည် မဟုတ်လား။ ထို့ကြောင့် စိတ်ဒွိဟမဖြစ်ပဲ အလုပ်ကိုသာလုပ်နေသည်။ ဒါကလည်း အကိုကြီးဆီက ရသည့် အလေ့ကျင့်တစ်ခုပင်ဖြစ်သည်။

ဝသုန်သည် အတုလနှင့် မိုးစက်ကို ကြည့်ကာ ချီးလည်းချီးကျူးမိသည်။ အံ့လည်းအံ့သြမိသည်။ တကယ်ဆိုလျှင် ဖုန်းပြောနေစဉ် မိုးစက် မျက်ရည်ဝဲလာသည့် ပုံအရ မိုးစက် မည်မျှ စိတ်ထိခိုက်သွားသည်ကို သတိပြုမိလိုက်သည်။ ဖုန်းချပြီးသည်နှင့် ဘာမှမကြားသိခဲ့ရသည့်လူလို သူ အလုပ်ကိုလုပ်နေသည်။ မိုးးစက်နေရာတွင် မိမိသာဆိုလျှင် အလုပ်ထဲ အာရုံစိုက်နိုင်တော့မည် မဟုတ်ပေ။ စနေ၏ လေ့ကျင့်ပေးမှုကို မည်မျှရထားသည်ဆိုတာက သက်သေပြနေ သလိုပင်။

မိုးစက်တို့ အလုပ်ကို ကုန်းလုပ်နေစဉ် နှင်းထန်သည်လည်း ရုံးချုပ်တွင် ဖခင်ကြီးနှင့် မျက်နှာချင်းဆိုင် အခြေတင်ပြော နေရသည်။

"မင်း သားကို ဒီလိုပဲ လက်လွှတ်စပယ်ပစ်ထားတော့မှာလား သား။ နောင်ခါမှ မင်းရဲ့သားက မင်းလိုမျိုးကြီးပြင်းလာရမယ်နော်။ "

နှင်းထန်သည် ဒယ်ဒီ့စကားကြောင့် မျက်နှာတည်ခနဲဖြစ်သွားသည်။ မိမိလို ဖခင်ကို အမုန်းတရားနှင့် ကြီးပြင်းလာမည် ဆိုပါလား။ နှင်းထန် ဒယ်ဒီပြောမှ သတိဝင်လာသည်။ သို့သော် အဖြစ်မှန်ကို ရှောင်လွှဲလို့မရတော့ပေ။ စိုက်ပျိုးမိသည့် အပင်ကို ရိတ်သိမ်းရုံပဲရှိတော့မည်။

"မတတ်နိုင်ဘူး ဒယ်ဒီ။ ၀တီက ရှေ့နောက်မစဉ်းစားပဲ သားအစားတောင်းခဲ့တယ်။ ၀တီ့ငွေကိုမက်လို့ ကျွန်တော်လည်း မိုးစက်ကို သစ္စာဖောက်ပြီး မောင်နှမချင်း ခွေးဇာတ်ခင်းခဲ့ပြီးလို့ သား တစ်ယောက်ထွက်ခဲ့ ပြီ။ အဲ့ကလေးလေးက အပြစ်မရှိပေမယ့် ကလေးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့် ချစ်သူကို ထပ်ပြီး ထိခိုက်အောင် မလုပ်နိုင်တော့ဘူး ဒယ်ဒီ။ ကျွန်တော်က ကိုယ်လုပ်တာကိုယ်ခံရဲပါတယ်။ အခုမှ သားကို ချစ်တဲ့ ဖခင်ကောင်းလိုလည်း ဟန်မဆောင်နိုင်ဘူး။ ကျွန်တော်က မကောင်းတဲ့လူပါ။ ဒါကို ကိုယ့်ကိုယ်ကိုယ် လက်ခံတယ်။ ဒါကြောင့် ဒယ်ဒီလည်း ကျွန်တော့်ဖြစ်တည်မှုကို လက်ခံပေးပါ။ ဒယ်ဒီ့သား နှင်းထန်က ကိုယ့်သွေးသားကို ပစ်ပယ်တဲ့ကောင်၊ ပြီးတော့ လိင်တူ ချစ်နေတဲ့ ကောင်ဆိုတာ လက်ခံလိုက်ပါတော့ ဒယ်ဒီ။"

ဦးမင်းထန်သည် သားဖြစ်သူပြောလိုက်သည့် စကားကြောင့် ရင်ဘတ်ကို လက်နှင့်ဖိလိုက်ရအောင်ကို အောင့်သွားတော့သည်။ ဒေါသထွက်ခြင်း၊ ၀မ်းနည်းခြင်းဖြင့် မျက်နှာက ဆယ်နှစ်စာခန့် အိုစာသွားတော့သည်။

"ဒယ်ဒီ့အပြစ်တွေပါ သား။ မင်းကို အစကတည်းက မိုးစက်နဲ့ ရအောင် မခွဲခဲ့လို့ အခုလိုတွေဖြစ်လာတာပါ။"

နှင်းထန်သည် ယခုထိအောင် ခေါင်းမာနေသော ဒယ်ဒီ့ကို စိုက်ကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။

"ဒယ်ဒီ ခွဲလည်း ကျွန်တော် ကွဲမှ ဖြစ်တာပါ။ တကယ်တော့ မိုးစက်ကို ကျွန်တော် အရင် ချစ်ခဲ့တာပါ ဒယ်ဒီ။ သူ အတင်းငြင်းတဲ့ကြားက သူ့ကို ကျွန်တော် အရယုခဲ့တာပါ။ ဒါကို ဒယ်ဒီသိပါတယ်။ ကျွန်တော်က ဒယ်ဒီ့သား ဖြစ်တာနဲ့ပဲ ကျွန်တော့်အြ့ပစ်တွေကို မိုးစက်အပေါ်ကို မပုံချလိုက်ပါနဲ့ ဒယ်ဒီ။ သူက ဒယ်ဒီ့အချစ်ဆုံး သူငယ်ချင်းရဲ့ သားလေးပါ။ ဒယ်ဒီ့သားလိုပါပဲ။ အပြစ်ရှိတာ ကျွန်တော်ပါ။ "

ဦးမင်းထန်သည် ဖခင်တစ်ယောက်၏ အတ္တဖြင့် ဇွတ်မှိတ်ကာ ပြောလိုက်သည်။

"မင်း ကို မရှောင်ပဲ ပြန်လိုက်ခဲ့တာ သူ့အမှားပဲ နှင်းထန်။ "

နှင်းထန်သည် ဒယ်ဒီ့ကို စကားဆက်မပြောချင်တော့သဖြင့် ထရပ်လိုက်တော့သည်။

"ကျွန်တော် အစည်းဝေးတက်လိုက်ဦးမယ် ဒယ်ဒီ။ ဒါရိုက်တာ အစည်းဝေးကို ခေါ်ထားတယ်။ ဆက်လုပ်ရမည့် လုပ်ငန်းတွေ အတွက် အားလုံးကို အစည်းဝေးခေါ်လိုက်တာပါ။ ဒယ်ဒီတက်ဦးမလား။ "

ဦးမင်းထန်သည် စကားစကိုဖြတ်ကာ အလုပ်အကြောင်း တန်းပြောနေသော သားကို ကြည့်ကာ သက်ပြင်းရှိုက်လိုက် သည်။ သားသည် ကိုယ်ဖြစ်ချင်တာကို ရအောင်လုပ်ဖို့ ဆုံးဖြတ်ထားပြီးလေပြီ။ အင်း....မိမိကဲ့သို့စိတ်ထားရှိသော သားပဲလေ။ ဒီလောက်တော့ စိတ်ပြင်းပြရမည်ပေါ့။ မိမိလည်း သားတို့မေမေကို ချစ်လို့ ရအောင်ကို ယူခဲ့တာ မဟုတ်လား။ သားတို့မေမေကို မိမိချစ်သည်။ အခက်ခဲများစွာကြားက ရအောင်ယူခဲ့သည်။ ဦးမင်းထန် သားကို နည်း နည်းတော့ ကိုယ်ချင်းစာစိတ် ၀င်သွားသည်။

ဦးမင်းထန်သည် သားကို ကြည့်ကာ ပြောလိုက်သည်။

"သားကို ဒယ်ဒီက စီးပွားရေး ကိစ္စအားလုံးကိုလွှဲထားပြီပဲ။ သား စိတ်တိုင်းကျသာ ဆောင်ရွက်ပါ။ ဒယ်ဒီကတော့ အိုမင်းတဲ့ ဘ၀နေ၀င်ချိန်မှာ မြေးလေးတွေနဲ့ ဆော့ကစားခွင့်ရဖို့ပဲ မျှော်လင့်တယ်။"

ဦးမင်းထန်က သားဖြစ်သူကို အနုနည်းနှင့် ချုပ်ရန်ကြိုးစားသည်။ နှင်းထန်သည် ဒယ်ဒီ့စကား ဘာကို ဆိုလိုသည်ကို သိတာပေါ့။ ထို့ကြောင့်ပြုံးကာပြောလိုက်သည်။

"ဒါဆို ဒယ်ဒီ ပြင်သစ်ကို လိုက်သွားပါလား။ ၀တီလည်း ဒယ်ဒီလာရင် ပျော်မှာ။ ပြီးတော့ သားလည်း သူ့ဖိုးဖိုးနဲ့ အတူနေရရင် ပျော်မှာပဲ။ ကဲ ဒယ်ဒီ။ ကျွန်တော် အစည်းဝေး သွားတက်ပြီနော်။"

နှင်းထန်ပြောကာ လှည့်ထွက်လာခဲ့သည်။ ဟုတ်သည်။ ဒယ်ဒီကို မိမိမတားပါ။ နေချင်လျှင် ပြင်သစ်မှာ လိုက်နေလို့ရသည်။ သူ့မြေးတွေကို ချစ်ပေးလို့ရသည်။ မိမိကတော့ ချစ်သော မိုးစက်ကို ပြန်လည် ဖြည့်ဆည်းပေး ချင်သေးသည်။

နှင်းထန်သည် ဒါရိုက်တာ အားလုံးနှင့် အစည်းဝေးလုပ်ရင်း ရှေ့ဆက်မည့် အစီစဉ်ကို ချမှတ်သည်။ စီးပွားရေး လုပ်ငန်းကိုမတိုးချဲ့လို့ မရတော့ပေ။ စနေ၏ လုပ်ငန်းလည်း ပြည်တွင်းကို ပြန်ဝင်လာပြီ မဟုတ်လား။ ကိုယ့်ချစ်သူကို ကာကွယ်ဖို့က ကိုယ်လည်း အင်အားကြီးဖို့လိုသည်။

မိုးစက်သည် အလုပ်များကို လက်စသတ်ပြီးနောက် ဖုန်းမြည်လာခဲ့သည်။

"ဟော... အကိုနှင်းထန် လာကြိုပြီ။ ငါရုံးဆင်းပြီ။ အတုလ မင်း မပြန်သေးဘူးလား။"

အတုလက မိုးစက်ကို မော့ကြည့်ကာပြောလိုက်သည်။

"အင်း... ဒါ ပြီးရင် ပြန်မယ်။ သွားတော့။ မင်း ဘိုးတော် စောင့်နေရမယ်။ "

မိုးစက်သည် ၀သုန်ကို ကြည့်လိုက်သေးသည်။ ၀သုန်က မိုးစက်ကို လှမ်းပြောလိုက်သည်။

"အတုလကို ငါကူပေးဦးမယ် မိုးစက်။ ပြန်နှင့်တော့။ "

မိုးစက်သည် သူငယ်ချင်းနှစ်ယောက်ကို နူတ်ဆက်ကာ ဆင်းလာခဲ့သည်။ ကားပါကင်တွင် အကိုနှင်းထန် က လုံခြုံရေးနှင့် စကားလှမ်းပြောနေရာမှ မိုးစက်က ဆင်းလာသည်ကိုတွေ့တော့ လက်ပြလိုက်သည်။ လုံခြုံရေးက ဦးညွတ်ကာ ထွက်သွားသည်။

နှင်းထန်သည် မိုးစက်အတွက် ကားတံခါးကိုဖွင့်ပေးလိုက်သည်။ မိုးစက် ကားထဲကိုလှမ်းဝင်တော့ သူက ပါးကို ဖြတ်ခနဲခိုးနမ်းလိုက်သည်။ မိုးစက်က အမ်းတမ်းတမ်းဖြစ်သွားပြီးပြောလိုက်သည်။

"အကိုကလည်းဗျာ။ ကားပါကင်မှာ။ လုံခြုံရေးတွေ တွေ့သွားမှာပေါ့။"

နှင်းထန်က ကားတံခါးကို ပိတ်ပေးရင်း ပြောသည်။

"တွေ့လည်း ဘာဖြစ်လဲ။ ချာတိတ်နဲ့ ကိုယ်က တိတ်တိတ်ပုန်းတွဲတဲ့သူတွေ မဟုတ်ဘူးလေ။ ပြီးတော့ ကိုယ်တို့က အိမ်ထောင်ရေးဖောက်ပြန်သူတွေ မဟုတ်ဘူး။ "

မိုးစက်သည် သူ့သဘောကို နားလည်လိုက်သည်။ မိမိရှက်သည်ကို အကို နှင်းထန် စိတ်မကောင်းဖြစ်နေခြင်း ဖြစ်သည်။ မိုးစက်သည် သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် အဲ့လို သဘောနဲ့ပြောတာ မဟုတ်ပါဘူး အကို။ ကဲ သွားကြစို့။အကို့ကို အေးအေးဆေးဆေး ပြောစရာရှိသေးတယ်။"

နှင်းထန် စိတ်ထင့်သွားသည်။ မိုးစက်၏ မျက်နှာက တစ်မျိုးဖြစ်နေသည်မဟုတ်လား။ နှင်းထန် စိတ်ပူစွာဖြင့် သက်ပြင်းကို ခိုးချကာ ကားမောင်းသူနေရာကို ၀င်ထိုင်ကာ မောင်းထွက်လာခဲ့သည်။ မိုးစက်က နံဘေးမှ ငြိမ်သက်စွာ လိုက်လာသည်။ ပြတင်းအပြင်မှ ရှုခင်းကို တိတ်ဆိတ်စွာ ငေးနေပုံကို ခိုးကြည့်ကာ နှင်းထန် မေးလိုက်သည်။

"ချာတိတ်လေး။ ဘာဖြစ်လို့လဲ။ "

"ဗျာ။ ဘာမှ မဖြစ်ပါဘူး အကို။ "

မိုးစက်သည် အကိုနှင်းထန်၏ အမေးကို ပြန်ဖြေပြီး အကို့လက်ကိုလှမ်းကိုင်ကာ ပြုံးပြီးပြောလိုက်သည်။ အကို မိမိကို ကြည့်ကာ စိုးရိမ်နေသည်ကို သိသည်။ အကို့ကို မစိုးရိမ်စေချင်ပါ. ထို့ကြောင့် အကို့အလုပ်ကို ပေါ့ပေါ့ပါးပါးလေး နှင့် မေးလိုက်သည်။

"အကိုတော့ အလုပ်တွေ ပိနေမှာပဲ။ တစ်လတောင် ပျက်ထားတာဆိုတော့။"

နှင်းထန်သည် မိုးစက်၏ မျက်နှာလေးကို မက်မက်မောမောကြည့်ကာ ပြုံးပြီးပြောလိုက်သည်။

"ဟင့်အင်း။ ကိုယ် မိုးစက်ဘေးမှာ ပြန်ရောက်နေပြီိလို့ တွေးလိုက်တာနဲ့ကို မောကို မမောတော့တာ. ယုံလား။"

မိုးစက် ပြုံးလိုက်သည်။ ယုံပါသည်။ အကိုနှင်းထန် တကယ်ပြောတာကို မိမိသိသည်။ မိမိကို အကိုနှင်းထန် မည်မျှ ချစ်သည်ကိုလည်း သိသည်။

"ယုံပါတယ် အကို။ ကျွန်တော့်ကို ချစ်ပေးလို့လည်း ကျွန်တော်က ကျေးဇူးတင်နေတာပါ။"

နှင်းထန်သည် မိုးစက်၏ လက်ကို ဆုပ်ကိုင်ကာပြောလိုက်သည်။

"ဒီစကားက ကိုယ်ပြောရမှာပါ။ ကိုယ့်လက်ကို သာ တွဲထားပေးပါ။ ကိုယ် မမောတမ်း ဘ၀ခရီးကို လျှောက်နိုင်ပါတယ် ချာတိတ်လေး။"

"အကိုရယ်.."

မိုးစက် ထိုစကားကလွဲပြီး ဘာမှ မပြောနိုင်တော့ပေ။ အကိုကြီးထံ သွားမည့်အကြောင်း အကိုနှင်းထန်နှင့် အတော့်ကို အခြေတင်ကို ပြောရအုံးမည် မဟုတ်လား။ အင်း... အကိုနားလည်ပေးနိုင်လျှင်တော့ ကောင်းမည်။ မိမိကတော့ အကိုတားလည်း အကိုကြီးထံကို ရအောင်သွားမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။

နှင်းထန်သည် မိုးစက်၏ အမူယာကနေတဆင့် တစ်စုံတစ်ခု ပြောစရာရှိသည်ကို သိလိုက်ပြီး စိတ်ထဲ ထင့်သွားခဲ့သည်။ မိုးစက်က ဆုံးဖြတ်ထားပြီးလျှင် တားမရမည်ကို သိနေသည်။ နှင်းထန် ရင်ထဲ လေးသွားခဲ့သည်။ စနေနှင့် မိုးစက်၏ ဆက်ဆံရေးက ဖြူစင်သော်လည်း နက်ရှိုင်းလွန်းသဖြင့် နှင်းထန် အမြဲစိုး၇ိမ်နေရသည်။

"အင်း..."

နှင်းထန် သက်ပြင်းသာရှိုက်လိုက်မိသည်။ မိုးစက်သည် အကိုနှင်းထန် ဘာမှမမေးပဲ သက်ပြင်းသာချလိုက်သည်ကို တွေ့သည်။ သို့သော် မိမိလည်း ဘာမှ မပြောပဲနေလိုက်သည်။ ခုချိန် အကိုကြီး၏ ကျန်းမာရေးကို စိုး၇ိမ်နေရသည်။ မိမိဘာကိုမှ မစဉ်းစားချင်သေးပါ။

"အိမ်ပဲ ပြန်ရအောင် အကို။ ကျွန်တော် ဒီနေ့အပြင်မှာ မစားချင်ဘူး။"

နှင်းထန် ခေါင်းငြိမ့်လိုက်သည်။ မိုးစက် ၏ သဘောအတိုင်း အိမ်ကိုပဲ ပြန်လာခဲ့သည်။ အိမ်သို့ရောက်သော် ဒေါ်လေးက အံ့သြနေသည်။ မောင်နှင်းထန်က ညနေ အပြင်သွားစားမည် ပြောလို့ ဘာမှ တောင် မချက်ထားဘူး မဟုတ်လား။

"ဟောတော်... မောင်နှင်းထန်က အိမ်မှာစားမှာလား။ "

"ဟုတ်ကဲ့ ဒေါ်လေး။ ရှိတာပဲလုပ်လိုက်။ ခါတိုင်းစားသလိုပဲ လုပ်ပါ။"

နှင်းထန် ဒေါ်လေးပိုကိုလှမ်းပြောကာ အိမ်ပေါ်ကို တက်လိုက်လာခဲ့သည်။ မိုးစက်က ရေချိုးရန် ပြင်ဆင်နေလေပြီ။ နှင်းထန်သည် မိုးစက်ကို အနောက်မှ သိုင်းဖက်ကာ ဂုတ်သားလေးကို နမ်းလိုက်သည်။ မိုးစက် တွန့်သွားပြီး သူ့ကို အသာ တွန်းဖယ်ကာ ပြောလိုက်သည်။

"အကို...ကျွန်တော် ... ရေအရင်ချိုးအုံးမယ်။ "

နှင်းထန်သည် မိုးစက်၏ မျက်နှာထားကြောင့် သက်ပြင်းရှိုက်လိုက်မိသည်.။ သို့သော် မိုးစက်ကို ပြုံးကာ ပြောလိုက်သည်။

"ကိုယ်လည်း အတူချိုးမယ်လေ။"'

မိုးစက်က သူ့ကို စိုက်ကြည့်ကာ ခပ်တည်တည်နှင့် ပြောလိုက်သည်။

"ဟင့်အင်း။ ကိုယ့်ဖာသာပဲ ချိုးမယ်။ အကိုအရင်ချိုးချင်လည်း ချိုးပါ။ ကျွန်တော် နောက်မှ ချိုးမယ်။"

နှင်းထန် နည်းနည်းတော့ အောင့်သွားသည်။ မိမိက တဏှာရူးကြီးကျလို့။ မိုးစက် မိမိကို ငြင်းပယ်ပုံက နှင်းထန်၏ ရင်ကို အောင့်သွားစေသည်။ မိမိ မိုးစက်ကို ချစ်တာမှန်သည်။ မနေ့က တညလုံး ချစ်တင်းနှောတာမှန်သည်။ ရေချိုးခန်းထဲ မိုးစက်ကို ချစ်တင်းနှောတာ မှန်သည်။

သို့သော် အချိန်တိုင်း နှာထန်နေသည် တော့ မဟုတ်ပါ။ ပြိးတော့ မိမိကို အထိတွေ့ကိုတပ်မက် လွန်းလို့ တဏှာကြီးလွန်းလို့ မိုးစက်ကို ဆက်ဆံနေသည် မဟုတ်ပါ။ ချစ်လွန်းလို့ သူ့ကို ချစ်တင်းနှောနေခြင်းဖြစ်သည်။ နှစ်ဦးသား သွေးသားဖလှယ်ကာ ချစ်ခြင်းအရသာကိုအတူဝေမျှ ခံစားချင်သောကြောင့်ဖြစ်သည်။ ယခုလို မိမိကို ငြင်းပယ်လိုက် သည်ကတော့ နှင်းထန် စိတ်မကောင်းလည်းဖြစ်သွားသည်။

"အကို ဆောရီး။ ကျွန်တော် နည်းနည်း စိတ်ပင်ပန်းနေလို့ပါ။ အကို့ကို အဲ့လို ဆိုလိုတာ မဟုတ်ပါဘူးနော်။ ကျွန်တော့်ကို နားလည်ပေးပါ။"

မိုးစက်က နှင်းထန် မျက်နှာပျက်သွားသဖြင့် သူ့အတွေးကို တန်းရိပ်မိကာ တောင်းပန်လိုက်သည်။ အကို့ကို မော့ ကြည့်ကာ တောင်းတောင်းပန်ပန်ပြောလိုက်မိသည်။

ထိုသို့ မိုးစက် တောင်းပန်သောအခါ နှင်းထန် စိတ်တို့ ပျော့သွားရပြန်သည်။

"အင်းပါကွာ။ ချာတိတ်ချိုးပါ။ ကိုယ် ပြီးမှ ချိုးမယ်နော်။"

နှင်းထန်သည် မိုးစက်၏ နဖူးလေးကိုနမ်းကာ ပြောလိုက်သည်။ မိုးစက်သည် အကိုနှင်းထန်၏ ပါးကိုဖွဖွ ခြေဖျားထောက်နမ်းကာ ရေချိုးခန်းထဲကို ၀င်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် အကိုနှင်းထန်။"

မိုးစက် ရေချိုးရင်း တိုးတိုးရေရွတ်နေမိသည်။ တကယ်လည်း ကျေးဇူးတင်ပါသည်။ အကိုနှင်းထန်က အချစ်ကြမ်းသည်က လွဲရင် မိမိကို တကယ့်ကို အလေးနက်ထားကာ ချစ်လွန်းသည်ကို သိပါသည်။ ထို့ကြောင့် မည်သည့် အခက်ခဲပဲ ကြုံပါစေ.။ မိုးစက် သူ့လက်ကို မလွတ်ဟု ဆုံးဖြတ်ထားသည်။

မိုးစက် ရေချိုးခန်းထဲမှ ထွက်လာတော့မှ နှင်းထန် ရေချိုးခန်းထဲ ၀င်သွားသည်။ ခေါင်းထဲမှ အတွေးအားလုံးကိုရှင်းထားသည်။ မိုးစက်ကို မိမိယုံသည်။ မိမိနှင့် မိုးစက်၏ အချစ်က နားလည်ပေါင်းများစွာနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။
အခက်ခဲများကြားမှ တည်ဆောက်ထားကြသည်။ ထိုသို့သောအချစ်ကို မိုးစက် လွယ်လွယ်နှင့် အပျက်စီးခံမည် မဟုတ်ဟု နှင်းထန်ယုံကြည်သည်။
ညနေစာကို နှစ်ယောက်သား တိတ်ဆိတ်စွာစားနေမိသည်။ ဒေါ်လေးပိုလည်း အခြေနေကို အကဲခတ်ကာ စိတ်ညစ်နေမိသည်။ ဒီ အတွဲ တစ်ယောက်ကို တစ်ယောက် မချစ်တာလည်းမဟုတ်။ မျက်စိအောက်က အပျောက်မခံအောင်ကို ချစ်ကြလျက်နဲ့ မောင်နှင်းထန်ကလည်း မိုးစက်လေး ဘာဖြစ်နေသည်ကို မမေးပဲ အရိပ်တကြည့်ကြည့်နှင့် ငြိမ်နေသည်ကို ဒေါ်လေး အူယားလာမိသည်။ မိုးစက်လေးကို ယောကျာ်းလေးမှန်းသိသည့်တိုင် မောင်နှင်းထန်ကို ချစ်ပေးသည့်အတွက် ဒေါ်ပို ကျေးဇူးတင် မဆုံးတော့ပါ။

"မိုးစက်လေး နေမကောင်းဘူးလား မျက်နှာလည်း မကောင်းဘူး။"

မိုးစက်သည် ဒေါ်လေးပို၏ စကားကြောင့်သတိဝင်လာသည်။ မိမိက အကိုကြီးကို စိုး၇ိမ်ကာ အတွေးထဲ နစ်နေမိသည် မဟုတ်လား။ မိုးစက် ပြုံးလိုက်ပြီး ဒေါ်လေးကို ပြန်ဖြေလိုက်သည်။

"ကောင်းပါတယ် ဒေါ်လေး။ အကိုတစ်ယောက်က အတော်ကြီးကို နေမကောင်းဖြစ်နေလို့ အဲ့ဒါ သူ့အတွက် စိုး၇ိမ်နေလို့ပါ။ အကို ဘာမှလည်း မစားဘူး။ ရော့...အကိုကြိုက်တဲ့ဟင်းလေး။"

မိုးစက်သည် အကိုနှင်းထန်ကိုလည်း အားနာသွားသည်။ အကိုကြီး ကို စိုး၇ိမ်တာက အကိုနှင်းထန်ကိုပါ စိတ်မသက်မသာ ဖြစ် အောင် မိမိမလုပ်သင့်ပေ။ သူ့ကိုခွင့်တောင်းပြီး သွားတာက သွားတာပေါ့။အခုလို အကိုနှင်းထန်နှင့်အတူရှိစဉ် မိမိကြောင့်အကိုနှင်းထန် ယခုလိုဖြစ်ရတာကို တော့မလိုလားပါ။

နှင်းထန်သည် မိုးစက်လေး မိမိကို ထိုသို့ အားနာဟန်လေးဖြင့် မေးမြန်းကာ ဟင်းထည့်ပေးသည်ကို တွေ့တော့လည်း နှင်းထန်၏ စိတ်တို့ ပြေသွားရပြန်သည်။ မိုးစက်၏ စကားအရ စနေထွဋ်ခေါင် နေမကောင်းဖြစ်သည်ကို သိလိုက်ရသည်။ မိုးစက် ထိုလူကြောင့် စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်နေသည်ကိုတွေ့တော့ မည်သူ့ကိုပဲ စိတ်တိုရမလိုပင်။

နှင်းထန်သည် စိတ်ကိုလျော့ကာ မိုးစက်ထဲကို သူကြိုက်တတ်သည်ကိုပြန်ခပ်ထည့်ပေးပြီး ပြောလိုက်သည်.။

"စား...မိုးစက်လေး။ မင်းလည်း ဘာမှ မစားဘူး။ စားချိန်မှာ ဘာမှမတွေးနဲ့။ သေချာ ၀င်အောင်စား။ ပြီးတော့မှ ကျန်တာကို ဆက်စဉ်းစားမယ်။"

မိုးစက်သည် အကိုနှင်းထန်ပြောသည်ကိုနားလည်သည်။ ထို့ကြောင့် အစားကို ၀င်အောင် အရင်စားလိုက်သည်။ နှစ်ဦးသား အစားစားပြီးနောက် ခြံထဲကို ဆင်းလာခဲ့သည်။ နှင်းထန်သည် မိုးစက်ကို ဘာမှမမေးပါ။ သူ့ဖာသာ ပြောပါစေဆိုပြီး လွတ်ထားလိုက်သည်.။ မိမိကြောင့် မိုးစက်ကို စိတ်မညစ်စေချင်ပါ။

"အကို....ကျွန်တော် အကိုကြီးဆီကို လိုက်သွားချင်တယ်..."

"သူနေမကောင်းဘူးလား ..."

နှင်းထန်သည် မိုးစက်ကို ကြည့်ကာ မေးလိုက်သည်။ သိပြီးသော်လည်း ထပ်မေးနေမိသည်။ ဘာရယ်မဟုတ် မိုးစက် သွားကို သွားမည်ကိုလည်းကြိုသိနေမိပြီး စိတ်ညစ်လာသည်။

မိုးစက်သည် အကိုနှင်းထန်ကို ငေးကြည့်ကာ ဖြေလိုက်သည်။

"အကိုကြီး တစ်ခုခုဖြစ်နေပြီ အကို။ သူ လာကတည်းက အ၇မ်းပိန်တယ်။ ပြီးတော့ ကျွန်တော့်ကို ဘာမှ မပြောပဲ ရုတ်တရက်တောင်ကြိီးကို တက်သွားတယ်။ "

"သူ အလုပ်ရှိလို့မဖြစ်နိုင်ဘူးလား...."

"မဟုတ်ဘူး အကို၊ အကိုကြီးအကြောင်းကို ကျွန်တော် သိတယ်။ သူက တစ်ခုခုမဖြစ်ပဲ ဒီလိုတွေ မလုပ်ဘူး။ ကျွန်တော် အကိုကြီးအတွက် အရမ်းကို စိတ်ပူနေမိတယ် အကို။ မနက် အကိုကြီးနဲ့ဖုန်းပြောတယ်။ အကိုကြီး တစ်ခုခုဖြစ်နတာ သေချာတယ် ၊ ကျွန်တော် မနက်ဖြန် အကိုကြီးဆီ လိုက်သွားချင်တယ် အကို။ "

နှင်းထန်သည် မိုးစက်၏ စကားကိုနားထောင်ပြီးနောက် ခြောက်ကပ်ကပ်ပြန်မေးလိုက်သည်။

"မင်း အသိပေးတာလား။ ခွင့်တောင်းတာလား မိုးစက်..."

မိုးစက်သည် အကိုနှင်းထန်၏ အမေးကြောင့် စိတ်မကောင်းဖြစ်သွားသည်။ တကယ်ဆို မိမိကို သူ ဒီလို ပြန်မမေးသင့်ဘူးဟု ထင်ပါသည်။ မိမိက သူ့ကိုခွင့်တောင်းနေတာကို သူဘာကြောင့် ဒီလိုမေးရက်တာလဲဟုတွေးကာ စိတ်မကောင်းဖြစ်လာမိသည်။ သို့သော် မနက်ဖြန် မိမိသွားမှဖြစ်မည်။

"ခွင့်တောင်းတာပါ အကို။ အကိုက ကျွန်တော့်ရဲ့ လက်တွဲဖော်ပါ။ အကို ခွင့်ပြုပေးပြီး စိတ်ချလက်ချ သွားတာကိုပဲ လိုချင်ပါတယ်။"

မိုးစက် အကို့ကို စိုက်ကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။ ဟုတ်သည်။အကို မကြည်ဖြူပဲ စိတ်တထင့်ထင့်နဲ့ မသွားချင်ပါ။
"ကိုယ် ခွင့်မပြုရင်ကော...ကလေး သွားမှာလား..."

မိုးစက် သူ့ကို မော့ကြည့်လိုက်သည်။ မျက်လုံးထဲ မျက်ရည်တို့ ရစ်ဝဲလာသည်။ အကိုနှင်းထန်၏ ပူပင်မှုကို နားလည်သည်။ ဒါပေမယ့် အကိုကြီးအတွက် စိုးရိမ်လွန်းသည့်စိတ်တို့ကြောင့် မိုးစက် ရင်တစ်ခုလုံး ပူလောင်လို့နေသည်။ မိမိကို စိတ်ဓါတ်ခွန်အားတွေ ပေးခဲ့သည့် အကိုကြီး တကယ့်ကို လိုအပ်နေချိန်တွင် အနားနေခွင့်မရလျှုင် ဆိုသည့် အတွေးက မိုးစက်ကို ရင်နာလာစေသည်။ အကိုနှင်းထန်ကို စိတ်ဆိုးတာ မဟုတ်။ မိမိဘ၀ကို စိတ်ဆိုးမိသည်။

နှင်းထန်သည် မိုးစက်၏ မျက်ဝန်းထဲ ဝေ့တက်လာသည့် မျက်ရည်များကိုတွေ့သော် ရင်ထဲ တစ်စစီကွဲကြေသွားသလို ခံစားလိုက်ရသည်။

"ဟင့်အင်း..မငိုပါနဲ့ မိုးစက်လေး။ အကိုကြောင့်တော့ မငိုပါနဲ့ကွာ။"

နှင်းထန်သည် မိုးစက်ကို ချက်ချင်း ရင်ခွင်ထဲ ဆွဲပွေ့ကာ ပြောလိုက်သည်။ မိုးစက်လေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
မိုးစက် ထိုအခါမှ အောင့်အီးထားသည့် မျက်ရည်တို့ တာတမန်ကျိုးကျလာသလို စီးကျလာခဲ့သည်။ အကိုနှင်းထန်ကို ပြန်ဖက်ထားပြီး ငိုရှိုက်ရင်းပြောလို်က်သည်။

"ကျွန်..ကျွန်တော်လေ...အကို့ကို တမင်စိတ်ဆင်းရဲအောင် လုပ်တာ မဟုတ်ပါဘူး။ အကိုကြီး...အတွက် စိုး၇ိမ်လို့ပါ။ သေရေးရှင်ရေးမို့ စိတ်ပူလွန်းလို့ပါ ..ဒါ ..ဒါကြောင့် လိုက်သွားကြည့်ချင်တာပါ...."

နှင်းထန်သည် ငိုနေသော မိုးစက်ကို ဖက်ထားရင်း ရင်အစုံကွဲအက်လာခဲ့သည်။ သူ့အကိုကြီးအတွက် စိုး၇ိမ်ပြီး မိမိချစ်သည့် မိုးစက်လေး မချိတင်ကဲ ငိုကြွေးနေသည်ကိုဖက်ကာ နှင်းထန် နှစ်သိမ့်ပေးလိုက်သည်။

"စနေဆိုတာ အင်မတန်ကို မာကြောတဲ့လူလေ မိုးစက်ရဲ့။ အရမ်းစိတ်မပူပါနဲ့။ ခုခေတ်က ဆေးဝါးတွေ အရမ်းတိုးတက်ပါတယ်။"
"ဒါပေမယ့် အကိုကြီးက မကုပဲနေမယ့်သူ မဟုတ်ဘူး။ သူ ကုလျက်နဲ့ ပိန်လာတာ တစ်ခုပဲရှိတော့တယ်။ ကုမရတော့လို့...ကျွန်တော် အကိုကြီးကို သွားခွင့်မပေးနိုင်သေးဘူး ..."

မိုးစက် သွေးရူးသွေးတန်း ငိုရင်းပြောသည်။ နှင်းထန်သည် မိုးစက်၏ မျက်နှာလေးကို ပင့်မော့ကာ နဖူးလေးကို နမ်းရင်းပြောလိုက်သည်။ ရင်ထဲမှာတော့ မချိပါ။ သို့သော် ချစ်သူစိတ်ချမ်းသာမည်ဆိုလျှင် ရင်နာလည်းနာပါစေတော့။

"သွားပါ..."

"ဟင်...တကယ်လား..အကို.."

မိုးစက်သူ့ကို အံ့အားသင့်စွာမော့ကြည့်လိုက်သညိ။အကိုနှင်းထန် တစ်ကယ်ပြောနေသည်ကိုသိတော့ ၀မ်းသာသွားသည်။

"အင်း...ချာတိတ်ကို အကိုယုံတယ်။ သွားပါ။ ချာတိတ်ရဲ့  အကိုဆိုရင် အကို့ရဲ့ အကိုပဲပေါ့။ ချာတိတ်ကို ချစ်တဲ့သူ့အချစ်ကို အကိုသံသယ မ၀င်ပါဘူး။ ချာတိတ်ကို ချစ်တဲ့သူကို အကို ချစ်ပေးရမှာပေါ့။"

မိုးစက် မျက်ရည်ကျလာပြန်သည်။ ဒီတစ်ခါ ကျတာက အကိုနှင်းထန်၏ နားလည်ပေးသည့်စိတ်ကို အားနာခြင်း ၊ လေးစားခြင်းကြောင့်ပါ။

"အကို့ကို ချစ်တယ်။အကို့အချစ်ကို ရတာ ကျွန်တော် အရမ်းကံကောင်းတယ် သိလား။"

မိုးစက် ပြောရင်း နှင်းထန်၏နူတ်ခမ်းကို ခြေဖျားထောက်ကာ နမ်းလိုက်သည်။ နှင်းထန်လည်း မိုးစက်ဘက်က အရင်နမ်းလာသည့် အနမ်းကို ပြန်တုန့်ပြန်ရင်း ရင်ထဲ နာကျင်မှုအနည်းငယ် သက်သာသွားခဲ့သည်။ မိုးစက်လေး မိမိအပေါ်ချစ်သည်ကို မိမိခံစားမိသည်။ သေချာသည်။ မိုးစက် မိမိအပေါ်ချစ်သည့် အချစ်များ မပြောင်းလဲသေးပါ။

ချစ်သူကို မယုံသင်္ကာဖြင့် မျက်စိဒေါက်ထောက်ကြည့်ကာ ချူပ်ချယ်နေမှ ချစ်ရာကျသည် မဟုတ်ပေ။ မိုးစက်လေးကို နားလည်ပေးပြီး သူရဲ့ဝမ်းသာခြင်းဝမ်းနည်းခြင်းကို လိုက်လံဝေမျှ ခံစားပေးခြင်းနဲ့ မိမိအချစ်ကို ဖော်ပြမည်ဟု နှင်းထန် ဆုံးဖြတ်လိုက်သည်။ ထိုအခါမှ စိတ်တို့ပေါ့သွားတော့သည်။

"ကဲ...မနက်ဖြန် ဘယ်သူနဲ့သွားမလဲ။ အကိုတော့ လိုက်မပို့ပေးနိုင်တာ ခွင့်လွှတ်ပါ။"

မိုးစက်သည် အကိုနှင်းထန်၏ စကားကြောင့် ခေါင်းခါပြီး ပြောလိုက်သည်။

"အကို့ကိုနားလည်တယ်၊ အလုပ်တွေလည်း တန်းစီစောင့်နေမှာလေ။ ကျွန်တော် အတုလနဲ့သွားမှာပါ။ အကို စိတ်ချပါ။ အကိုကြီးဆီက အကြောင်းစုံသိတာနဲ့ပြန်လာပါ့မယ်။"

နှင်းထန်ခေါင်းငြိမ့်လိုက်သည်။ မိုးစက်၏ မျက်ရည်ကို အသာသုတ်ပေးကာ ပြောလိုက်သည်။

"ကိုယ်တို့ချစ်ခြင်းဆိုတာ နေ့ချင်းညချင်းပေါ်ပေါက်လာတာမှ မဟုတ်တာကွယ်။ အကိုနားလည်ပါတယ်။ သွားပါ။ ချာတိတ်ကို စိတ်ချမ်းသာအောင် အကိုထားမယ် ဆိုတာကို လက်တွေ့အကောင်ထည်ဖော်ပြီး အကိုချစ်ပြပါ့မယ်။"

မိုးစက်သည် အကိုနှင်းထန်၏ စကားကြောင့် အကို့ရင်ခွင်ထဲ တိုးဝင်ဖက်ထားကာ အကို့ရင်ခွင်တွင် ပါးအပ်ထားကာ ပြောလိုက်သည်။

"အကို့အချစ်ကို ရတာ ကျွန်တော် ကံကောင်းလိုက်တာ အကိုရာ။"

"ချာတိတ်ရဲ့ အချစ်ကို ရတဲ့ အကိုက ပိုကံကောင်းတာပေါ့ကွာ။ ကဲ အ၀တ်တွေ သွားထည့်ရအောင်။ ကလေး သွားမယ့် ကားအတွက် ဒရိုင်ဗာ ထည့်ပေးလိုက်မယ်။ အေးအေးဆေးဆေး လိုက်သွားကြ.."

နှင်းထန် သည် မိုးစက်၏ ပုခုံးကို ဖက်ကာ အပေါ်ထပ်ကို တက်လာခဲ့သည်.။ မိုးစက်သည် အကိုနှင်းထန်၏ ခါးကို ဖက်ကာ ကြည်နူးသည့် ရင်အစုံနှင့် လိုက်ပါလာခဲ့သည်။ နားလည်မှုရှိသည့် ချစ်သူကြောင့် မိုးစက် ကျေးဇူးတင်မိသည်။ သူက ခွင့်မပြုရင် မိမိလည်းသွားနိုင်မည် မဟုတ်။ သွားလျှင်လည်းစိတ်ဖြောင့်မည် မဟုတ်ပေ။

စနေထွဋ်ခေါင်သည် အိပ်နေရင်း နှင်းကလေးကို မြင်ယောင်လာခဲ့သည်။ သူမလေးသည် အ၀ါရောင် နှင်းပန်များ စိုက်ထားသည့် ပန်းခင်းထဲတွင် ဂါဝန်အဖြူလေးကို ၀တ်ကာ သူမ၏ ဆံပင်များက လေထဲတွင် လွင့်မျောနေသည်။

"နှင်းကလေး..နှင်းကလေး..."

စနေ ခေါ်လိုက်တော့ နှင်းကလေး က လှည့်ကြည့်လာသည်။ အရင်လို အပြစ်ကင်းသည့် အလှဖြင့် မိမိကို ချစ်ခင်နွေးထွေးစွာ ကြည့်နေသည့် နှင်းကလေး၏ မျက်ဝန်းလေးကို တွေ့လိုက်စဉ် စနေ၏ ရင်ထဲ နွေးသွားသည်။

"အကိုကြီး...ဘာလို့လာခဲ့တာလဲ။ အကိုကြီး လာရမယ့် အချိန်မရောက်သေးဘူးလေ။ အကိုကြီးပြန်ပါ.."

နှင်းကလေးက လွမ်းဆွတ်စွာ၊ ချစ်ခင်စွာကြည့်သော်လည်း ညင်သာစွာဖြင့် မိမိကိုနှင်နေသည်။

"နှင်းကလေး ဘာကြောင့် တစ်ယောက်တည်း ဒီမှာရှိနေတာလဲ

အချစ်စစ်၏တည်နေရာ- Season (4)जहाँ कहानियाँ रहती हैं। अभी खोजें