Part 8 (Unicode)

18.5K 2.4K 142
                                    

လရောင်သည် သစ်ပင်၊ သစ်ရွက်များကြားမှ ဖြာကျနေသည်။ အမှောင်ရိပ်ကျနေသော အုတ်တံတိုင်း၏ သစ်ပင်အောက်မှာ ရပ်နေသော လူတစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကို ဝေ၀ါးစွာ မြင်နေရသည်။ ကျောခိုင်းရပ်နေသည့် ထိုသူကို မဝံ့ရဲစွာ ဖဲလ်လစ် ငေးကြည့်နေဖြစ်သည်။

အရှင်..

ဖဲလ်လစ်အတွက် ဒီအခေါ်အဝေါ်သည် ထိုသူအတွက်သာ သီးသန့်ဖြစ်သည်။ သူသည် မိမိရှေ့မှာ ရပ်နေသူ၏ ပိုင်ဆိုင်မှုတစ်ခု။

မွေးဖွားလာစဉ်ကတည်းက သူသည် လူသားတစ်ယောက် မဟုတ်ခဲ့။ အခြားသူတစ်ဦး၏ ပိုင်ဆိုင်မှုတစ်ခုသာ ဖြစ်ခဲ့သည်။ အစေခံ တစ်ယောက်ကို အရှင်သခင်သည် လုံးဝဥဿုံ ပိုင်ဆိုင်သည်။ အရှင်သခင်၏ ထားရာနေ၊ စေရာသွား။ အရှင်သခင်အတွက်ဆိုလျှင် မိမိအသက်ကိုပင် အချိန်မရွေး စွန့်လွှတ်နိုင်ရမည်။

မိမိကိုယ်ခန္ဓာကို မိမိ မပိုင်။ မိမိစိတ်ကို မိမိ မပိုင်။ ပျော်ခွင့်၊ ငိုခွင့်မရှိ။

ဒီလိုအစေခံ ကျွန်တစ်ယောက်အတွက် ဝမ်းနည်းခွင့်ရော ရှိပါဦးမည်လား။

"ငါ ပြောတာ နားလည်တယ်မဟုတ်လား ဖဲလ်လစ်။"

"ဟုတ်ကဲ့ပါ အရှင်။ ကျွန်တော် နားလည်ပါတယ်။"

တိုးတိတ်စွာ ဖြေဖြစ်သည်။ ရုန်းကြွလာနေသော ဝမ်းနည်းမှုတွေကို ပြန်လည်မြိုချဖြစ်သည်။ ငြင်းဆန်ဖို့ဆိုတာ ခွန်အားမရှိတာထက် ငြင်းဆန်နိုင်ခွင့် သူ့မှာ လုံးလုံးမရှိဟုပင် ယုံကြည်သည်။ အရှင်သခင်၏ စေခိုင်းချက်သည် သူ့အတွက် နတ်ဘုရား၏ အမိန့်ပင်။ သေဆိုသေ။ ရှင်ဆိုရှင်။ ဒါပေမဲ့ ခံစားချက်မှန်သမျှကို အသိတရားနှင့် အတင်းဖိနှိပ်ထားရသည်မှာ ပင်ပန်းလှသည်။

သူ အရှင့်နားမှာ ရှိနေချင်သေးသည်။ အရှင့်ကို ထားပြီး ဝေးရာသို့ မသွားချင်။ အရှင့်မျက်နှာကို မြင်ခွင့်၊ အရှင့်စကားသံကို ကြားခွင့်ရချင်သေးသည်။ အခံရအခက်ဆုံးက အရှင်မဟုတ်သည့် အခြားသူတစ်ယောက်ကို အရှင်ဟု သူ့နှုတ်ဖျားမှ မခေါ်ချင်။

မခေါ်ချင်..

မဖြစ်ချင်..

မလုပ်ချင်..

ထာ၀ရ ပုံပေWhere stories live. Discover now