Part - I [ ZawGyi & Unicode ]

28.4K 1.7K 21
                                    

Ring..Ring..Ring
ဖုန်းမြည်သံနဲ့အတူ Kim Tae Hyung တစ်ယောက်နိုးလာခဲ့သည်။ လိုက်ကာပိတ်ထားသော်လည်းနေရောင်ခြည်
ကိုကောင်းစွာမကာကွယ်နိုင်သော ပြတင်းပေါက် ကိုစိတ်ထဲမှ ကြိတ်ဆဲလိုက်သည်။ အိပ်ချင်မူးတူးနဲ့ထထိုင်ပြီး ဖုန်းကိုလိုက်ရှာရသည်။ ၂မိနစ်လောက်ရှာအပြီးမှာတော့ တွေ့ပါပြီ
ကုတင်ခြေရင်းအောက်ရောက်နေခြင်း။

ဖုန်းကိုကောက်ကိုင် ပြီးCaller ID ကို ကြည့်တော့ * Park Jimin *
မျက်မှောင်ကျုံ့လိုက်ပြီး Answer key နှိပ်ကာ ဖုန်းကိုင်
လိုက်သည်။ ဟယ်လိုတောင်မလုပ်ရသေး တစ်ဖက်မှ

"ရားးးး Kim Tae Hyung ဘယ်မှာသေနေလဲ
ဒီနေ့ Presentation ရှိတယ်နော် ဘာလုပ်နေလဲ
မြန်မြန်မလာသေးဘဲ''

"ဟို...'' သူလန့်သွားသည် ဒီနေ့ Presentation ဆိုတာ မေ့ပြီး မနေ့က Jimin တို့နဲ့ အသေကဲနေတာ

"ဟေ့ရောင် မင်းဘယ်မှာလဲ မြန်မြန် လာ
ခဏနေ စတော့မှာ''

"အေး ဟေ့ရောင် ငါလာနေပြီ Pt ဆရာ(Presentationဆရာ) ကို အချိန်ခဏ ဆွဲထားပေး။''

ပြောပြီးချက်ချင်း ဖုန်းကိုပိတ် ရေချိုးခန်း ထဲဝင်လိုက်သည်။ မာရသွန် လုပ်ပြီး Sneaker အဖြူ လေးကို ဖြစ်သလိုစီးပြီး ကားဂိတ်သို့ အမြန်ဆုံးနည်း နဲ့ ပန်းကန်လုံးစီးရတော့သည်။( Necktie လည်းကားပေါ်ရောက်မှ တတ်ပါတော့မယ်လေ။)
>>>>>

Seoul University ဆိုတဲ့ မုဒ်ဝ ကိုတွေ့တော့ bell တီးပြီး ကားပေါ်မှ ဆင်းကာ အမြန်ပြေးလာခဲ့သည်။
Department of Economic ဆိုတဲ့ အဆောက်အဦး ရှေ့ ရောက်တော့မှ ဖိနပ် ကြိုး သေချာပြန်ချည် ၊Necktie ကိုသေချာပြန်တင်းရင်း ကိုယ့် အခန်းထဲကို ဝင်ခဲ့လိုက်သည်။ အခန်းထဲရောက်တော့ ကျွန်တော်တို့အဖွဲ့လူတွေ ကလွဲ တစ်ယောက်မှမရှိ Jimin ကို တွေ့တော့

" ဟေ့ကောင် တခြားသူတွေရော''

" အကုန်သွားကုန်ပြီ မင်းကို ငါစောင့်နေတာ''

" ဟင် ဘယ်ကိုသွားတာလဲ ငါ့ရှင်းအောင်ပြောစမ်းပါကွာ''

" ခု Pt ကစပြီး ငါတို့ အရင်ဆရာ မလုပ်တော့ဘူးတဲ့
Master တတ်နေတဲ့ စီနီယာ တွေက လုပ်သွားမှာတဲ့''

" ဘာာာ အဲ့ဒါ ဘာအထာလဲ''

" ငါလည်းမသိဘူး ဟေ့ကောင် မြန်မြန် အရစ်ရှည်မနေနဲ့ သွားမယ်''

INFINITELY Where stories live. Discover now