Part-XIII [ZawGyi & Unicode]

10.6K 1.1K 26
                                    

စီးပွားရေး မေဂျာ က ကျောင်းသား ကျောင်းသူများ အိမ်ထောင်စုစာရင်း ကောက်ရန်အတွက် လေ့လာရေးခရီး ထွက်ဖို့ နောက်ဆုံးကောက်ချက်ချလိုက်တာ ဒယ်ဂူ နဲ့ ဂျယ်ဂျူ။

အုပ်စုနှစ်ဖွဲ့ ခွဲထားပြီး တစ်ဖွဲ့က ဒယ်ဂူ ဆို နောက်တစ်ဖွဲ့ က
ဂျယ်ဂျူ သွားရ မည်ဖြစ်သည်။ ဒုတိယနှစ် ကျောင်းသားများ က Sections အလိုက် သွားရမှာဖြစ်သဖြင့် ကိစ္စ မရှိ။ မဟာတန်း ကျောင်းသားများကတော့ မဲနှိုက်ရမှာ ဖြစ်သည်။

JungKook တစ်ယောက် စိတ်လှုပ်ရှားနေပြီ။
ဒီခရီးလေးတော့ TaeHyung နဲ့အတူ သွားချင်သည်။
ပြီးတော့ ကိုယ်မပါတဲ့ အဖွဲ့ထဲ ကို ထည့်ရမှာလည်း စိတ်မချနိုင်။ သူက အစီအစဉ် ကို အစအဆုံး ရေးဆွဲသူမို့
နောက်ဆုံး decision အတွက်မဲမနှိုက်ရ။

မဲနှိုက်ရန် Hoseok က မနက်ထဲက Stats ပါမေက္ခ ရုံးခန်းထဲ သွားသည်မှာ အခုချိန်ထိ ပြန်မလာသေး။
JungKook တစ်ယောက် ဖုန်းကို တကြည့်ကြည့်နဲ့ စိတ်လှုပ်ရှားနေပြီ။ ခဏနေတော့ Ring Ring Ring ဆိုတဲ့ ဖုန်းမြည့်သံနဲ့အတူ
Hoseok ဆီမှ ဖုန်းဝင်လာသည်။ချက်ချင်းကောက်ကိုင်လိုက်ပြီး

" ဟျောင့် ဘယ်ကို ကျလဲ။ pali pali မြန်မြန်ပြော ''

" အေးပါကွာ ဖြည်းဖြည်းပြောစမ်းပါ
ဂျယ်ဂျူ ကျတယ် ''

" ဂျယ်ဂျူ? Tae...TaeHyung တို့ကရော? " ခုချိန် ဂျယ်ဂျူ ဖြစ်ဖြစ် ဒယ်ဂူ ဖြစ်ဖြစ် ဘာမှစိတ်မဝင်စား။ အဓိက သူသိချင်တာ ပဲမေးလိုက်သည်။

" ဒုတိယနှစ် တွေက sections နဲ့လေ။ မဲမနှိုက်ရဘူး ''

" ဟုတ်လား အေး အဲ့ဒါ ဆို ပြီးရော ငါဖုန်းချလိုက်တော့မယ်။ မင်းပြန်မလာနဲ့ဦး ငါ အဲ့ကိုလာခဲ့မယ် ''

ပြောပြီးချက်ချင်း ဖုန်းချသွားသော JungKook ကို Hoseok တစ်ယောက်ကြိမ်ဆဲလိုက်သည်။

" ခွေးကောင်! ပြောချင်ရာပြောပြီး ချသွားပြန်ပြီ
Master ပြီးခါနီးမှ နှာခေါင်းက အလုပ်လုပ်တော့တယ်
နူတ်ခမ်းပေါက်ထားတာတောင် မမှတ်သေးဘူးလား မသိ ''

Flashback <<<

နူတ်ခမ်းကွဲ ဒဏ်ရာ နဲ့ ကန်တင်း ကို ပြန်လာသော JungKook ကို Hoseok တစ်ယောက် စိုးရိမ်သွားသည်။

INFINITELY Where stories live. Discover now