Part- XIX

9.6K 1K 22
                                    

[ Zawgyi ]

TaeHyung pov:

ဖုန်းကို တစ်ချိန်လုံး ခေါ်နေသော်လည်း မကိုင်တာကြောင့် လူက ရင်ထဲတလှပ်လှပ်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေသည်။အကြောင်းအရာအားလုံးကို ဂဃနဏမသိသေးပေမယ့် ခုချိန် ကိုကိုနဲ့ တွေ့ပြီး စကားတွေအများကြီးပြောချင်တယ်။  ပါပါးလုပ်ခဲ့တာတွေကိုလည်း တောင်းပန်ချင်တယ်။ ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် မရရအောင် တောင်းပန်ပြီး ဖြေရှင်းပေးချင်ခဲ့တာ။
လတ်တလောအခြေအနေက ဖုန်းဆက်တာတောင်မကိုင်တော့ ဘယ်ကိုလိုက်ပြီး တောင်းပန်ရမလဲတောင်မသိတော့။

"မကိုင်မချင်း ခေါ်နေရမှာပဲ ''

" တီ....တီ...''
နှစ်ကြိမ်မြောက်ဝင်ပြတဲ့နောက်မှာ ဖုန်းကိုင်လိုက်သည်။
အံ့သြဝမ်းသာမှုနဲ့အတူ တစ်ဖက်က ဘာမှမပြောရသေးခင် လွှတ်အော်ခေါ်မိသည်။

" ကိုကို...ကိုကိုလား
ကျွန်....ကျွန်တော် ပြောစရာတွေရှိ....''

" ကောင်လေး....ဒီဖုန်းပိုင်ရှင်က ဒီမှာ မူးပြီး
မှောက်နေလို့ မင်း ဖုန်းခေါ်နေတာနဲ့ အာဂျီးမား ကိုင်လိုက်တာ ''

" အာ...ဟုတ်လား အဲ့ဆို လိပ်စာလေး တစ်ချက်ပြောပါလား ကျွန်တော်လာခေါ်ပါ့မယ် ''

" ............,  မြန်မြန်တော့လာပေးနော် ကောင်လေး
အာဂျီးမား တို့ ဆိုင်သိမ်းတော့မှာ ''

" ဟုတ်ကဲ့ ကျွန်တော် အခုထွက်လာပြီမို့  သူ့ကိုသေချာလေး ကြည့်ထားပေးပါနော် ''

Call ended

အခန်းထဲကနေ  Long Coatကောက်ဝတ်ပြီး  အလောတကြီး ထွက်လာသော သူ့ကို Yoongi hyung ရဲ့ Body Guards တွေက လှမ်းတားသည်။

ရုန်းရင်ဆန်ခတ်ဖြစ်နေတုန်း အနားကိုရောက်လာတဲ့ Yoongi hyung

" ဘယ်သွားမှာလဲ TaeHyung ''

" hyung....Sunbae ကိုသွားခေါ်ရမယ်
မူးပြီး မှောက်နေပြီ ဆိုဂျူဆိုင်မှာ ''

Yoongi က သူ့လူတွေကို လမ်းဖယ်ပေးလိုက်ဖို့ အမူအရာနဲ့ပြသည်။

" ကိုယ် လိုက်ခဲ့မယ် ''

" ဟင့်အင်း hyung
တစ်ယောက်တည်း သွားချင်တယ်
ကျွန်တော် ပြောစရာရှိတာပြောပြီးရင် ပြန်လာခဲ့မယ် ''

INFINITELY Where stories live. Discover now