Part- XVII [ZawGyi & Unicode]

9.4K 1K 45
                                    

ပဲခေါက်ဆွဲ ဆိုင်ထဲကနေ လက်ကို တရကြမ်းဆွဲခေါ်လာပြီး ညင်သာမှု မရှိစွာ ကားထဲ ပစ်ထည့်ခြင်းခံလိုက်ရသည်။
သူ့ကို ပစ်ထည့်၍ ကားတံခါးကို ဒုန်းခနဲ မြည်အောင် ပိတ် ၊driver seat နေရာမှာ ဝင်ထိုင်ပြီး ကားကိုလည်း ဒုန်းဆိုင်းမောင်းထွက်သည်။

နီရဲနေသော လက်ကောက်ဝတ်ကို ကျန်လက်တစ်ဖက်ဖြင့် နာကျင်မှုကို ဖြေဖျောက်လို့ ရလိုရညား ဆုပ်ကိုင်ထားလိုက်သည်။ ဥာဥ့်နက်နေပြီဆိုတော့ ကားလမ်းကြောင်းများရှင်းနေခြင်းကို အခွင့်ကောင်းယူ၍  Yoongi hyung သည် ကားဘီးများ ကျွပ်ထွက်မတတ် မောင်းနေသည်။

တစ်ခါမှ မစီးဖူးသော အရှိန်နူန်းကြောင့် အန္တရာယ် ဖြစ်မှာစိုး၍ ဟန့်တားမိသည်။

" hyung.... ဖြေးဖြေး... ''

"  ပါးစပ် ပိတ်ထား ''

" hyung ကျွန်တော် ရှင်းပြ.....''

" ဘာတစ်ခွန်းမှ မပြောနဲ့
မင်းကွာာ!  ''

hyung က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်
ကား စတီယာတိုင်ကို ' ဒုန်းခနဲ ' ထုသည်။
ဒေါသတကြီး ပိတ်ထုလိုက်တာကြောင့်
လူက တွန့်ခနဲ။  ကိုယ့်အပြစ်နဲ့ကို မို့ ဘာတစ်ခွန်းမှ ပြန်မပြောရဲ......










ကားလေးအတွင်းတိတ်ဆိတ်လျက်။
လမ်းမကြီး အတိုင်း ကားလေးရဲ့ အရှိန်ကလည်း အပြေးနှင်လျက်။



ကားလမ်းရဲ့ အကွေ့အကောက်လမ်းကြောင်းများအရ
သူ့အိမ်ကို မောင်းနေတာမဟုတ်ဘူးဆိုတာ သတိထားမိသည်။ ပြန်လည်း မပြောရဲတာကြောင့် ငြိမ်ငြိမ်လေးသာ လိုက်လာခဲ့ရသည်။

နောက်ဆုံး ကားထိုးရပ်လိုက်တာက သူ့အတွက်အရမ်း မစိမ်းနေသော အိမ်ကြီးရှေ့။ တစ်နည်းအားဖြင့်ပြောရရင်
Yoongi hyung မိဘတွေနဲ့ နေတဲ့အိမ်ကြီး။
ခြံတံခါး က Auto scan နဲ့မို့ ချက်ချင်း ပွင့်သွားပြီး
ကားလေးက အိမ်ကြီးရဲ့ စဉ်ဝင်အောက်တည့်တည့် မှာအရှိန်နဲ့ထိုးရပ်သွားသည်။

စကား စ မပြောရဲတာကြောင့် ငြိမ်ငြိမ်လေးထိုင်နေတုန်း
Yoongi hyung က ဆင်းသွားလေပြီ။
ချက်ချင်းဆိုသလို သူ့ဘက်က ကားတံခါးဟာ ပွင့်သွားပြီး

INFINITELY Where stories live. Discover now