Part - XVI [ ZawGyi & Unicode]

10.1K 1.1K 77
                                    

"အင့်... ''

အသက်ရှူ ကျပ်လို့ အတင်းရုန်းနေသော်လည်း မလွှတ်ပေးတဲ့ အပြင် အောက်နူတ်ခမ်းကို ကိုက်ဆွဲလိုက်
တာကြောင့်
အလန့်တကြား ပါးစပ်ဟမိလိုက်သည်။

ဟသွားတဲ့ နူတ်ခမ်းတွေကို အခွင့်ကောင်းယူ၍ မျက်နှာနှစ်ဖက်လုံးကို အတင်းဆွဲယူပြီး ဆက်လက် နမ်းရှုံ့နေတော့
လူက တကယ် မခံနိုင်တော့။ အသက်ရှူ ကျပ်လှပြီ။

အခု သူက ကိုကို့ရင်ခွင်ထဲက အရုပ်လေးတစ်ရုပ်သာသာ။
ပြုသမျှ နုနေရသော အခြေအနေတွင် ကယ်တင်ရှင်ပေါ်
လာသောကြောင့် ကျေးဇူးအထပ်ထပ်။

စားပွဲပေါ် တင်ထားသော ဖုန်းလေးရဲ့ တုန်ခါမှုကြောင့်
ကိုကို့ ရင်ခွင်ထဲ မှ အတင်းရုန်းမိသည်။
ပုခုံးမှဆွဲဖက်ထားသောလက်ကို အတင်းဖြုတ်ချသော်လည်းမရ၊ ခါးကိုဆွဲဖက်ကာ အတင်းကို နမ်းနေတော့သည်။

" အင့် ကိုကိုလွှတ်ဦး...ဖုန်းလာနေတယ်''
ပြောလည်းမရ။ သူပြောတာကို ကြားပုံတောင်မရ။
ကိုကို တော်တော်ဖြစ်နေသည်။ စိတ်တော်တော်ဆိုးလာပြီ။

ရှိသမျှ အားအကုန်သုံး၍ ရင်ဘက်ကို တဘုန်းဘုန်း ရိုက်တော့မှ အသိစိတ်ပြန်ဝင်လာပုံရသည်။

" ကလေးရာ ဘာဖြစ်ပြန်ပြီလဲ ''

" ဘာမှမဖြစ်ဘူး ကိုကို တော်တော်ဖြစ်နေလား
ဖုန်းလာနေတယ် လွှတ်ပေးလို့းးး ''

အော်ပြီး ပြောလိုက်တော့မှ ကြောင်တောင်တောင် နဲ့ လွှတ်ပေးသည်။
သူ့ကိုပြောနေတာနဲ့ ဖုန်းရဲ့ တုန်ခါမှုက ရပ်တန့်သွားပြီး
Missed Call ဖြစ်သွားသည်။

ဖုန်းကိုကောက်ကိုင်ပြီး ကြည့်လိုက်တော့

Yoongi hyung / 3missed call

အလန့်တကြားနဲ့ ဖုန်းပြန်ခေါ်ပြီး ဝရန်တာ ဘက်ကို ထွက်လာလိုက်သည်။

On Phone📞

" Hello Yoongi hyung ဘာကိစ္စ လဲ''

" Tae ဘာလုပ်နေတာလဲ ကိုယ်ဖုန်းခေါ်နေတာကြာပြီ
ဖုန်းလည်းမကိုင်ဘူး ''

" ... ကျွန်တော် ရေချိုးနေလို့ hyung ''

အသံ တုန်သွားမှာ ဆိုး၍ မနည်း ထိန်းပြောနေရသည်။

INFINITELY Where stories live. Discover now