Part- IX [Zawgyi & Unicode ]

10.8K 1.2K 17
                                    

ရင်ဘတ်ပေါ်ကို ပြင်းထန်စွာ ကျရောက်လာတဲ့ လက်သီးဆုပ်လေးတွေကြောင့်  Taehyung ကိုနမ်းနေရာမှ လွှတ်ပေးလိုက်သည်။ အလန့်တကြား Taehyung ကို
ကြည့်လိုက်တော့ မောလို့ထင်သည်။ သူ့ကိုတောင်ပြန်မကြည့်နိုင်သေး ခေါင်းငုံပြီး အသက်ကိုဝအောင်ရှူ နေသည်။

ရုတ်တရက် Taehyung က မော့ကြည့် လိုက်တော့
အယောင်ယောင် အမှားမှား နဲ့.......

" Tae...Taehyung ကိုယ်တောင်းပန်ပါတယ်
ကိုယ်သွားတော့မယ် '' ပြောပြီး ချက်ချင်း ထပြန်လာခဲ့သည်။ Taehyung ကတော့ sofa ပေါ်မှ ငြိမ်လျက် ကျန်ခဲ့သည်။

___________INFINITELY___________

အိပ်ယာထဲမှာ အတွေးပေါင်းစုံနဲ့ ခုထိအိပ်လို့မရသေး။
ဟိုလှည့် ဒီလှည့်နဲ့ အတွေးများက တောင်ရောက် မြောက်ရောက်။ မျက်လုံးများ မှိတ်ပြီး အိပ်ဖို့လုပ်တော့လည်း
ညတုန်းက အဖြစ်အပျက် က ခေါင်းထဲတိုးဝက်လာသည်။

" အာားးးးး ထွက်သွားစမ်းပါ ''Taehyung ကုန်းအော်လိုက်ပြီး အိပ်မရမဲ့တူတူတော့ နောက်နေ့ Presentation အတွက် Excel ထဲက စာရင်းအင်း တွေသာ ပြန်လုပ်လိုက်တာကောင်းမယ်ဟု တွေးရင်း အိပ်ခန်းထဲမှာ ထား ထားသောစားပွဲခုံ နား သာ ထလာခဲ့လိုက်သည်။

Laptop ဖွင့်ပြီး data များကို တစ်ချက်ခြင်း ပြန်စစ်နေလိုက်သည်။ Sample တစ်ခု ပြရမည်ဖြစ်သဖြင့် Google တွင် ရှာရန် လိုင်းဖွင့်လိုက်သည်။ ထိုစဉ်
Messenger မှ စာဝင်လာသည်။ မြင်လိုက်ရတဲ့
Chat head မှ Profile ကြောင့် ရင်ထဲ ဒိတ်ခနဲ ။

" Taehyung ခုနက ကိစ္စ ကိုယ်တကယ်ကို တောင်းပန်ပါတယ်။ '' ခုချိန်သူဘာပြန်ပြောရမလဲ။ သူတကယ် ဘာဆိုဘာမှ ပြောချင်စိတ်မရှိ။ ဘာပြောရမှန်းမသိတာဆို ပိုမှန်မည်။ ဒီတိုင်းသာ လိုင်းပိတ်ပြီး အိပ်ယာဝင်ခဲ့လိုက်တော့သည်။
>>>>>
တစ်ဖက်တွင်လည်း Seen ဖြစ်ပြီး Reply မလာသော
Acc လေးကို ကြည့်ပြီး ရင်ထဲပူလာသည်။ ထို့အပြင် 1 minute ago ပါဖြစ်သွားသောကြောင့် ပိုပြီး စိတ်ဓာတ်ကျသွားသည်။' ငါ မှားသွားပြီလား 'ဆိုတဲ့အတွေးများနဲ့
JungKook တစ်ယောက်လည်း ဘယ်လိုမှ အိပ်လို့မပျော်နိုင်ဖြစ်နေသည်။

____________INFINITELY_________

At Seoul University 🏛

TaeHyung တို့စာသင်ခန်းထဲတွင် ဆရာမ မလာသေးသဖြင့် ကျောင်းသားများဟိုတစ်စု ဒီတစ်စု စကားပြောနေကြသည်။ ကောင်မလေးတွေကလည်း သူတို့ကြိုက်တဲ့ မင်းသား အဆိုတော် တွေအကြောင်းပြောပြီး အော်ဟစ်နေကြသည်။ တစ်ချို့ကလည်း နူတ်ခမ်းနီ၊ ပါးနီ  စသဖြင့် cosmetic တွေအကြောင်းပြောရင်း ဆူညံနေသည်။

INFINITELY Where stories live. Discover now