Part- XV [ZawGyi & Unicode]

10.3K 1.1K 37
                                    

Sunbae နဲ့ ချစ်သူတွေဖြစ်ပြီးကတည်းက မတွေ့ဖြစ်တာ
ခုဆို တစ်ပတ်တောင်ရှိနေပြီ။ ညဘက်တွေ ဖုန်းပြောတိုင်း Sunbae က ' တွေ့ရအောင် Tae  ' လို့ ပြောပေမယ့်
အရှက်သည်းနေတာကြောင့်  ' နေမကောင်းသေးဘူး ' ဆိုပြီး အတင်းငြင်းနေရသည်။ အိမ်လာမယ် ဆိုပြန်တော့လည်း အကြောင်းအမျိုးမျိုး ပြ၍ မလာခိုင်းဘဲ အတင်းကို ငြင်းထားတာကြောင့် မတွေ့ဖြစ်။

ဒီနေ့က တော့ ကျောင်းမသွား မဖြစ်မို့သွားရမည်။ GM ဆရာမ ဆီမှာ Assignment လာတင်ရမှာမို့။ GM ဆရာမ က နည်းနည်း ရစ်သည်။ Deadline ကို တခြား ဆရာ ဆရာမတွေ လို သုံး လေးရက် မပေး။ သူပြောတဲ့ တစ်ရက်ထဲကို အပြီးလာတင်ရသည်။ ဒါတောင် ညက Jimin ဖုန်းဆက်ပြီး ပြောလို့ ဒီနေ့တင်ရမယ်ဆိုတာ
သိပြီး ချက်ချင်းထလုပ်ရသည်။

စိတ်ဆိုးနေတဲ့ ဘဲကြီးကိုလည်း ချော့ရသေးသည်။
ဒီနေ့ ကျောင်းလာမယ်ဆိုပြီး ပြောလိုက်တော့ ' လာကြိုမယ်'တဲ့ လေ။ ကျောင်းရောက်မှ တွေ့မယ်လို့ ပြောတော့
နှာမှုတ်သံ ကြီးနဲ့ '' အင်းပါ အင်းပါ '' ဆိုပြီး ဖုန်းချသွားသည်။

INFINITELY

Assignment တင်ပြီးတာတောင် ဆရာမက ရက်စက် သည်။ နောက် CH တွေ ထပ်သင်နေလေသည်။ အတန်းချိန်ပြီးမှ ဆင်းပေးမယ်ဆိုသဖြင့် ကျောင်းသားများ စိတ်ပျက်လက်ပျက် နဲ့ စာသင်နေရသည်။ ထိုစဉ် အိတ်ကပ်ထဲ ထည့်ထား သော ဖုန်းက Message ဝင်သံလေးကြားလိုက်ရသည်။ဖုန်းလေး ခိုးထုတ်ပြီး ဆရာမ သတိမထားမိအောင် ထုတ်ကြည့်လိုက်တော့

#Tae! ကိုယ် Tae တို့ အဆောင်အောက် မှာ စောင့်နေတယ်နော်#

ရင်ထဲဒိန်းခနဲ ခုန်သွားပြီး ဖုန်းကို အလျင်အမြန် ပိတ်လိုက်ပြီး စာသင်တာကို အာရုံစိုက်နေလိုက်သည်။
အုပ်စုလိုက် အဖွဲ့တွေခွဲ၍ discussion တွေ လုပ် ပြီးတော့ အတန်းဆင်းလေသည်။

လူတွေ အလျှိုလျှို ထွက်သွားပြီး သူလည်း သူငယ်ချင်းတွေ နဲ့အတူတူ ထွက်လာခဲ့လိုက်သည်။ သူတို့အဆောင်က ဒုတိယ အထပ်မှာမို့ လှေကားအတိုင်းသာ ဆင်းလာခဲ့လိုက်သည်။

အောက်ဆုံး မြေညီထပ် ကိုလည်းရောက်ရော
ကျောင်းသား များ ခဏတဖြုတ် ထိုင်ရန် လုပ်ထားပေးသော
ခုံတန်းရှည် ပေါ်မှာ ခြေထောက်တစ်ဖက်ကို ချိတ်လျက် ဖုန်းထိုင်သုံးနေသော JungKook sunbae ။

INFINITELY Where stories live. Discover now