Part-II [ ZawGyi & Unicode]

17.7K 1.4K 41
                                    

" ဟုတ်ကဲ့ ''

လို့ပြောပြီး အခန်းထဲမှ ခပ်တည်တည် ထွက်ခဲ့လိုက်သည်။ နောက်မှ အဖွဲ့ထဲက လူများလှမ်းခေါ်သံကြားရသည်။

" ဟေ့ကောင် Taehyung ငါတို့ကို စောင့်ပါဦးကွာ''

'' Jimin မှလှမ်းခေါ်နေခြင်း ဖြစ်သည်။ခြေလှမ်းများကို ရပ်တန့်လိုက်တော့ နောက်က ကောင်တွေ ပြေးလိုက်လာသည်။

စိတ်ကသိပ်မရှည်တော့
" ဟေ့ရောင် မြန်မြန်လာကွာ ငါ ဗိုက်ဆာနေပြီ''

" အေးပါကွာ''

" မင်းတို့ ဘယ်သွားမလို့လဲ '' ကြောင်တောင်တောင် နဲ့ Min Wooji ကမေးလာသည်။ Taehyung တကယ် စိတ်မရှည်တော့

" ဗိုက်ဆာ နေပါတယ်ဆိုမှ ဘယ်သွားရမှာလဲ မင်း ဖထွေးအိမ်သွား မလို့ဟေ''

ထိုသို့ပြောလိုက်တော့ Park Jimin က ခေါင်းကြီးလှန်ပြီး ရယ်နေသည်။

" ဖြည်းဖြည်းရယ် နောက်စိနဲ့ ကြမ်းပြင်နဲ့ ရိုက်မယ်''

သောက်မြင်ကပ်လို့ပြောဆိုပြီး ထွက်လာခဲ့သည်။ တကယ် ဘာကောင်တွေမှန်းမသိ☹

" အေးလေကွာ မင်းတို့ကလည်း Taehyung ဗိုက်တော်တော်ဆာနေပုံပဲ'' Soobin မှ ဝင်ပြောသည်။ သူတို့အဖွဲ့ထဲတွင် Soobin သည် ရင့်ကျက်သလိုရှိသည်။အရှက်လည်းကြီးသောသူဖြစ်သည်။( စာရေးသူ အပေါ်တွင် သာ ငဆိုးလေးဖြစ်သည်)

"Arrya Arrya သွားကြမယ် Let's Go'' Jimin ပြောလိုက်ပြီး သူတို့ ငါးယောက်လုံး ကန်တင်းသို့ ချီတတ်လာခဲ့သည်။

>>>>>>
At Canteen

ကန်တန်းမှာ အစားအသောက်များက ကိုယ်တိုင်ယူ စနစ်မို့ တန်းစီ နေရသည်။ ၁၅ မိနစ်လောက် တန်းစီပြီးနောက်မှာတော့ သူတို့ငါးယောက်လုံး စားပွဲခုံတစ်ခုတွင် ထိုင်စားရန်ပြင်လေတော့သည်။Taehyung တစ်ယောက် ဘယ်သူ့ကိုမှ စကားမပြော အစားကို သာ သဲကြီးမဲကြီး စားနေတော့သည်။

"ဒီကောင် တော်တော် ဗိုက်ဆာနေတာပဲ''

Jimin ရည်ရွတ်လိုက်ရင်း ထမင်းကို ခပ်စားလိုက်သည်။ထိုစဉ်
" Soobin Hyung''

အသံ သေးသေးလေးနဲ့ လှမ်းခေါ်သံကြောင့် ၅ယောက်လုံး လှမ်းကြည့်လိုက်သည်။လာနေသည် မှာ Engineering Major မှ 1st yr ကောင်လေး Huening Kai။ American - Korea ဖက်စပ် ကပြား ကောင်လေး ။

INFINITELY Where stories live. Discover now