Part - XI [ZawGyi & Unicode]

10.6K 1.1K 27
                                    

Jeon Jung Kook point of views

ဒီနေ့က ကျောင်းသား တွေကို Pt ပြန် Check ပေးရမည့်နေ့။ အဖွဲ့တစ်ကနေစပြီး ယခု အဖွဲ့ ၄ အထိ တစ်ဖွဲ့မှ အဆင်ပြေတယ်ဆိုတာမရှိ။ ကျောင်းသားတွေက အလွယ်အရမ်း လုပ်လွန်းသည်။ Data တွေကို သေချာမစိစစ်ဘဲ
ပြီး ပြီးရော လုပ်ကြသဖြင့် နောက်ဆုံးထွက်လာသမျှ
Result က အမှားမှားအယွင်းယွင်း။

Computer software ထဲက Formula နဲ့ ရှင်းရမည့် နေရာမှာ Calculator တွေနဲ့ တွက်ပြီး ကိန်းဂဏန်း တွေကို ဖြည့်ထားသည်။ ဘာ Formula နဲ့ သုံးထားလဲ မေးတော့ တစ်ဖွဲ့လုံး အင်း အဲ နဲ့ အဆီအငေါ်မတည့်။
စိတ်ရှိလက်ရှိ အော်ထည့်လိုက်ရင် လည်း အကုန် မျက်ရည်နဲ့ မျက်ခွပ် ဖြစ်ကုန်တော့မယ်။

NamJoon ကတော့ အကုန်လုံးကို ဆလံ မြှောက်ပြီး
သွားတော့! မနက်ဖြန် Assignment လာတင် ဆိုပြီး
အကုန်လုံးကို မောင်းထုတ်နေသည်။ သူလည်း စိတ်တွေရှုပ်လာပြီမို့ မြန်မြန်သာပြီး သွားစေရန် နောက်ဆုံး တစ်ဖွဲ့ကို ခေါ်လိုက်သည်။

ကိုယ့်အာရုံနဲ့ကိုယ် စာရွက်တွေကို လှန်လှော စစ်နေတုန်း
" မင်္ဂလာပါ ခင်ဗျာ ဒီတစ်ခေါက် Presentation အတွက် Leader ကတော့ ကျွန်တော် Kim Tae Hyung ပါ။ '' ဆိုတဲ့ အသံလေး ကြားလိုက်ရတော့ အလျင်အမြန် ခေါင်းမော့ကြည့်လိုက်မိသည်။ Pt Check ပေးရတဲ့ ကျောင်းသားတွေက အရမ်းများတော့ ဒီနေ့ Taehyung တို့ အခန်း အလှည့်ကျတာကို သတိမထားမိလိုက်။

Taehyung က အနည်းငယ် ကြောက် နေတဲ့ပုံနဲ့ သူ့ကို
လှမ်းကြည့်ပေမယ့် အရင်လို ပြန်ပြုံးမပြဖြစ်။ ဒီနေရာမှာက
အဆင်မပြေဘူးလေ။ Tae သူငယ်ချင်းတွေလည်း ရှိသေးတာမို့ အရင်ပုံစံ အတိုင်း ခပ်တည်တည် သာနေလိုက်ရသည်။

NamJoon ရဲ့ သတိပေးသံ အဆုံး Taehyung တစ်ယောက် သူတို့ရဲ့ Topic ကို စတင် တင်ဆက်တော့သည်။ projector ဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ Excel ပေါ်က ဇယားကွက် တွေကို သူမြင်တော့ အံသြသွားသည်။

ဦးဏှောက် က ချက်ချင်း သတိရသွားတာက Taehyung ကို သူ့သူငယ်ချင်းတွေ ပြောတော့မှာ ကို
သိ လိုက်ပြီး ချက်ချင်းလှမ်းကြည့်လိုက်တော့ ထင်ထားသည့် အတိုင်း Kim Nam Joon တစ်ယောက်
Hoseok နား နားကို တစ်ခုခု ကပ်ပြောလိုက်ပြီး Taehyung ကို လှမ်းပြောဖို့လုပ်သည်။

INFINITELY Where stories live. Discover now