Part- IV [ ZawGyi & Unicode]

12.4K 1.2K 6
                                    

" မား သားကို မထားခဲ့ပါနဲ့ အဟင့်

မားးးးးးး'' ''ဟင်း ဟင်း''

ရုတ်တရက် မျက်လုံးများဖွင့်လာခဲ့သည်။ အိပ်မက် မက်နေခြင်းဖြစ်သည်။ ပင်ပန်းလွန်းတာကြောင့် လူက နုံးချိနေသည်။ ချွေးတွေ စို နေသောကြောင့် အကျီလဲ ရန် ထ လိုက်သည်။

စားပွဲပေါ်မှနာရီ ကို လှမ်းကြည့်လိုက်တော့ မနက် ၅နာရီ ။ ချွေးနံ့တွေ ကြောင့် လူက စိတ်မသန့်တော့။ ရေပြန်ချိုးလိုက်တော့မယ် ဟု တွေးရင်း ရေချိုးခန်း ထဲ ဝင်ခဲ့လိုက်သည်။

မှန်ထဲတွင် ကိုယ့်မျက်နှာကို သေချာပြန်ကြည့်နေမိသည်။ ၆နှစ်အတွင်း ပြောင်းလဲသွားသော မျက်နှာခပ်ချောချော ငယ်ငယ်တုန်းကလို မျက်နှာလုံးလုံးလေးမဟုတ်တော့။ ၎င်းအစား ချွန်သွယ်သော မေးရိုးလေးဖြစ်လာသည်။ ငယ်ငယ်ကလို မျက်ခွံ တွေ အစ်နေသော ကလေးလေးမဟုတ်တော့။ သူ့နေရာတွင် ဝိုင်းစက်ညီညာနေသော မျက်ဝန်းတစ်စုံနဲ့ မျက်တောင်ခပ်စိတ်စိတ်များက နေရာယူလာခဲ့သည်။

ကလေးတုန်းကလို နှာတံ တိုတို လေးမဟုတ်ဘဲ ရှည်သွယ်သော ခပ်ချွန်ချွန် နှာတံလေး။ အဆုံးသတ် နှာခေါင်းထိပ်လေး၌ မှည့်နက် လေးတစ်ခု။ အားလုံး ချုံ ကြည့်လိုက်မယ်ဆို သူဟာ အလွန် ကြည့်ကောင်းနေပြီဖြစ်သော ယောကျာ်းပျို တစ်ယောက်ဖြစ်လာခဲ့ပြီ။

တစ်နည်းအားဖြင့်ပြောရရင် သူအရမ်းမုန်းသော သူအရမ်းနာကျည်းခဲ့ရသော သူမေတ္တာ ငတ်မွတ်ခဲ့ရသော အဖေ နှင့် လည်း တစ်ချက်တစ်ချက် ကြည့်လျှင် ခပ်ဆင်ဆင်တူနေသေးသည်။

ကိုယ့်မျက်နှာကို ကြည့်ပြီး စိတ်ရှုပ်စွာနဲ့ လက်နှစ်ဖက်ဖြင့်ခပ်ကြမ်းကြမ်းဆွဲပွတ်လိုက်သည်။ ဘေစင် ရှေ့က မှန်တွင် ခုချိန်ထိ ကိုယ့်ကိုကိုယ် ကြောင်ကြည့်နေဆဲ။ ခြေဖဝါး အောက်က အေးစက်သော အတွေ့ ရရှိမှ Bath tub ကို ရေဖွင့်ထားမှန်း သတိရသည်။ ရေဘားကို ပိတ်လိုက်ပြီး
Lavender အနံ့ နှင့် Shower cream ကို ရေကန်ထဲ လောင်းချလိုက်သည်။

ထို့နောက် Bathrobe ကိုချွတ်ချလိုက်ပြီး ရေကန်ထဲ ဝင်စိမ် နေလိုက်သည်။

"Wohhh လန်းသွားတာပဲ ''

အရမ်းပင်ပန်းနေချိန် bath tub ထဲ စိမ်နေရတာလောက် နေလို့ကောင်းတာမရှိ။ သူကြိုက်တဲ့ Lavender ပန်းအနံ့လေးကြောင့်လည်းပါမယ်ထင်သည်။ ၁၅ မိနစ်လောက် ရေစိမ်ပြီး မိနစ်၂၀လောက် အကြာတွင် ရေချိုးခြင်းလုပ်ငန်းပြီး၏။

INFINITELY Where stories live. Discover now