Part-VI [ ZawGyi & Unicode]

11.6K 1.2K 38
                                    

အသွားတုန်းကသာ လမ်းကြောင်းက ရှင်းနေတာ
အပြန်ကျတော့ ကားလမ်းတွေ ပိတ်နေတာများ။
Taehyung ကိုကြည့်လိုက်တော့လည်း ပိတ်နေသော ကားလမ်းကြောကြီး ကိုစိတ်ပျက်လက်ပျက်ကြည့်လို့။

ထိုစဉ် 'ဂွီ' ဆိုတဲ့ အသံကြားလိုက်ရသည်။
Taehyung ဆီမှလား ဆိုပြီး သူ့ကို လှမ်းကြည့်တော့
သူ့ကလည်း ကိုယ့်ကို မလုံမလဲ လာကြည့်သည်။

"ဗိုက်ဆာနေတာလား'' လို့သူမေးလိုက်တော့

" Arnyiyo  '' လို့ပြောပြီး ထုံးစံအတိုင်း လာရီ ပြနေသည်။ သူလည်း ဘာမှပြန်မပြောတော့ဘဲ အရှေ့ကိုသာ ပြန်ကြည့်နေလိုက်သည်။ ကြာရင် အဲ့အပြုံး တွေကို တစ်ခုခု လုပ်မိတော့မယ် ။

ခဏနေတော့ နောက်ထပ်
' ဂွီ' ပြန်ကြားရပြန်သည်။လှည့်ကြည့်လိုက်တော့
ဟီးခနဲ ရယ်ပြ၍ အောက်ပြန်ငုံ သွားသည်။

' ဟာ! တကယ် ဘယ်လိုဟာလေးလဲ' စိတ်ထဲမှ အသဲယားလာပြီး ပိတ်နေသော ကားလမ်းကိုကြည့်၍ အတွေးတစ်ခုဝင်လာသည်။

လမ်းကြောင်းကို လွတ်နေတဲ့ ကြားထဲ ကားကိုလှည့်လိုက်ပြီး ကျောင်းတုန်းက  discussion တွေ လုပ်တုန်းက ထိုင်ခဲ့တဲ့ စားသောက်ဆိုင် ဒီနားမှာရှိသည်ကို သတိသွားရသည်။

ကားကိုပြန်လှည့်လိုက်တော့ သူ့ကိုကြောင်ပြီးလာကြည့်သည့် ဟိုကောင်လေး။

" ဒီနားမှာ စားကောင်းတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်
  ကားလမ်းတွေလည်း ပိတ်နေတာ တစ်ခုခု စားပြီးမှ ပြန်ကြတာပေါ့ အချိန် ရတယ်မလား''

  " Ah nae '' ကားကလည်း လမ်းကြောင်းပြောင်းပြီး ပြီမို့ သူလည်း ဘာမှမပြောဘဲ ဒီတိုင်းလက်ခံလိုက်သည်။

  ထို့နောက် ကားလေး က Bonchon ဆိုတဲ့ ဆိုင်ရှေ့ရောက်တော့ ရပ်သွားသည်။ ကားကိုပါကင်တွင် သေချာရပ်ပြီး နှစ်ယောက်သား ကားပေါ်မှ ဆင်းလာခဲ့သည်။

  ဆိုင်ထဲသို့ဝင်လာခဲ့ပြီး ကောင်တာမှာ စားစရာများမှာရသည်။

  " Kimbibap ကို တို့ဖူး နဲ့ နှစ်ပွဲပေးပါ ပြီးတော့ ကြက်ကြော် အစပ်နှစ်ပွဲ၊ ပြီးတော့ Fried potato ကို Cheese နဲ့ပေးပါ''

INFINITELY Where stories live. Discover now